Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲခွဲစက်များက ကုလားပဲဖြူလုံးကြီးကို ဈေးပေးအဝယ်ရှိလို့ ဈေးမာလာ၊ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပြန်လိုက်လာ

Thu, 03/12/2015 - 19:49 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီး(သစ်)တွေ ဈေးကွက်သို့ စတင်ဝင်ရောက်နေသလို   မြို့ခံပဲခွဲစက်နဲ့ မိတ္ထီလာ၊ စစ်ကိုင်းဘက်မှ   ပဲခွဲစက်တွေကလည်း ပဲရဲ့ အရည် အသွေးပေါ်မူတည်ပြီး ဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၈၈၉ ကျပ် (တစ် တန်ကို ၅၄၄၄၁၄ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လိုအားပြန်သွက် လာလို့ ဈေးမြင့်လာပြီး  တစ်ပိဿာ ၁၄၅၀ ကျပ်(တစ်တန်ကို ၈၈၇၉၆၅ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။