Main menu

Background

မြစိမ်းရောင် ရေကြည်စခန်းက ပီတိရွှေရောင်လွှမ်းသည့် စကားသံများမှသည် ---

Wed, 09/10/2014 - 14:04 -- ydnar

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်သည် ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်မြို့များနှင့် ပေါင်း စပ်ဖွဲ့စည်းထားပြီး ရပ်ကွက်ကျေး ရွာအုပ်စု ၉၉ အုပ်စုရှိသော မြို့နယ် တစ်မြို့နယ်ဖြစ်သည်။ အဓိကစီးပွားရေး လုပ် ငန်း မှာလယ်ယာလုပ်ငန်းဖြစ်ပြီး အင်းအိုင် ချောင်းမြောင်းပေါသဖြင့် အင်းလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ကြိမ်ချော ထည်လုပ်ငန်းများ အပါအဝင်လက်မှုလုပ်ငန်းများ ကာယ၊ ဉာဏလုပ် သားများနှင့်အတူ အနည်းငယ်ေ သာ ရောင်း ဝယ်ဖောက် ကားမှုများရှိသော မြို့နယ်တစ်မြို့နယ်ဖြစ်သည်။ ကျေး လက်နေ ပြည်သူများပြီး လယ်လုပ်ငန်း နှင့် လယ် ယာ လုပ်သားများမှာပို၍ များ ပြားသည်။ သီးနှံဈေး မကောင်းခြင်း မြို့နယ်တွင်းလုပ်ခကြေးငွေ နည်းပါးခြ ၊ ရေကြီး နစ်မြုပ် မှု များခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့်

ကျေးရွာများတွင် ဆင်းရဲနွမ်း ပါးမှုများ မြင်ေ တွ့ ရသည်။ယင်းကဲ့သိ့ုပင် နိုင်ငံတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုအားနည်းပြီး ဆင်းရဲနွမ်းပါး မှုနှုန်းလျှော့ချရန်လိုအပ်သော ကျေးလက်များရှိနေကြောင်း စာရင်းများအရ သိရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ပြည် နယ်တိုင်း ၁၄ ခု၊ ခရိုင် ၆၀၊ မြို့နယ် ၃၃၀ တွင် ကျေးရွာပေါင်း ၆၄၉၁၇ ရွာ ရှိပြီး၊ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်း ခန့် ကျေးလက်ဒေသများတွင် နေထိုင် သည်ဟု သိရှိရပါသည်။ ထိုကျေးလက် နေပြည်သူ ၃၀ ရာခိုင်နှုန်း ခန့်သည် ဆင်းရဲသူများဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်၏ ပြည်ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များနှင့် အညီ ဆင်းရဲနွမ်းပါးမှုနှုန်းအား ၂၀၁၅ ခုနှစ် တွင် ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ရန်အတွက် ကျေးလက်နေပြည်သူများ ၏ လူမှုရေး၊ စီးပွားရေးနှင့်အတူ လူမှု ဘဝများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် မြို့ပြကျေးလက်ကွာဟချက်ကျဉ်းမြောင်း လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အတွက် ဘက်ပေါင်းစုံ မှ ဆောင်ရွက်နေရာတွင် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်းပါဝင်သည်။
ဤစီမံကိန်းသည် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အဓိကရည်မှန်းချက်များမှာ စီမံကိန်းကျေးရွာများရှိ ပြည်သူများ အ တွက် (က) အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေ တိုးပွားလာစြေ ခင်း ဖြင့် ကျေးလက်ဒေသဆင်းရဲ မှုနှုန်း ကို လျှော့ချရန်(ခ)တစ်ပိုင်တစ်နိုင်မွေးမြူ ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာ ရ ပြည့်ဝစေရန် (ဂ) ကျေးလက်အခြေခံ အဆောက်အအုံများ တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ေ ပးခြင်းြ ဖင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး စေရန် (ဃ) ကျေးလက်လူထု၏ စွမ်း ဆောင်ရည်တိုးတက် လာစေ သည်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်ဆောင် ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဤစီမံ ကိန်းကို ဆင်းရဲသား အရေအတွက် များ ပြားသည့် ခရိုင် ၃၈ ခရိုင်ရှိ မြို့နယ် ၁၄၃ မြို့နယ်တွင် စီမံကိန်းလုပ်ငန်းများ အား ဦးစားပေးဆောင်ရွက်ရန် ဖော်ပြ ထားကြောင်း သိရှိရသည်။ ထိုအရေ အတွက်ထဲမှ မြို့နယ် ၁၂၅ မြို့နယ်ရှိ ကျေးရွာများကို ရွေးချယ်ဆောင်ရွက် လျက်ရှိရာ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း၁၁၅၀ ဆောင်ရွက် ရန်ဖြစ်ကြောင်းလေ့လာတွေ့ရှိရ ပါသည်။
စီမံကိန်းဝင် မြို့နယ်များတွင် ရေကြည်မြို့နယ် တစ်မြို့နယ်အပါအဝင် ဖြစ်ပြီးမြို့နယ်တွင်းကျေးရွာ ၂၁ ရွာတွင် စတင်ဆောင်ရွက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ နေပြည်သူများဘဝတိုးတက်ရေးအတွက်   ချေးငွေများထုတ်ပေးကာ မွေးမြူရေး လုပ်ငန်း၊ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊မီးလင်းရေးေ ကျးရွာကုန်ထုတ်လုပ် ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ဆော င် ရွက် ခွင့် ရကြပြီဖြစ်သည်။
ထို့ကြောင့် ရေကြည်မြို့နှင့် (၃)မိုင် အကွာ ရေကြည်-ကျုံပျော်လမ်းပေါ်ရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျား ချောင်ရွာသို့ ရောက်ရှိလေ့လာဖြစ် သည်။ ရွာအဝင်ကျောက်ခင်းလမ်းနှင့် အတူ ဘေးဝဲယာ တွင် တွေ့ရှိနေရေ သာသစ်လွင်တောက်ပနေသော၊ အစိုးရ မူလတန်းကျောင်း၊ ထို့အတူဆေးေ ပးခန်း နှင့်တွဲလျက်ဘ၀ အလင်းရောင် စာကြည့်တိုက်ကိုတွေ့ရှိရပြီးစာကြည့်တိုက် တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဟန်ရှိန်၊ ကျေးရွာ မြစိမ်းရောင် စီမံကိန်းကြီး ကြပ်မှုဥက္ကဋ္ဌဦးတင်နွယ်နှင့်အဖွဲ့ဝင်များစာကြည့်တိုက်မှူးဦးမြဝင်းတို့အားအသင့်တွေ့ရှိရပြီးသိလိုသည်များကို မေးမြန်း ခွင့် ရရှိခဲ့သည်။
''ကျွန်တော်တို့ကျားချောင်အုပ်စု ကျားချောင်ရွာဟာအိမ်ခြေ ၁၅၃ အိမ် ရှိပြီး အိမ်ထောင်စုပေါင်း ၁၅၃ စုရှိပါ တယ်လယ်မြေဧကတစ်အုပ်စုလုံး၁၅၀၀ ဧကရှိပြီး ကျားချောင်ရွာအနေနဲ့ ဧက ၆၀၀ ဝန်းကျင်ရှိပါတယ် တောင်သူ ဦး ရေ ၅၄ ဦးရှိပါတယ်။ လယ်ယာလုပ် ငန်းနဲ့ ဆက်စပ်နေကြသူများပါတယ်။ အဲ့ဒီအထဲမှာ လယ်လုပ်သား၊ အိမ် တွင်း လက်မှု လုပ်ငန်းဖြစ်တဲ့ ကြိမ်ခြင်းလုပ် ငန်း၊ ဈေးရောင်း၊ အနှေးယာဉ်လုပ်သား များစသည်ဖြင့်ပါဝင်နေ ထိုင်ကြ တဲ့ကျေး ရွာတစ်ရွာဖြစ်ပါတယ် ''ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြောပြသ လို မြစိမ်း ရောင်ကျေးရွာစီမံ ကိန်းကြီးကြပ်မှု ဥက္ကဋ္ဌ ဦးတင်နွယ်မှ ''ဒီလိုလူတန်းစား အသီး သီးရှိတဲ့ ကျွန်တော်တို့ရွာကို သြဂုတ်လ ၃၀ ရက်နေ့က ရေကြည်မြို့နယ်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအဖွဲ့မှ ရေကြည် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက် ရေး ဦးစီးမှူး ဦးဝဏ္ဏထွန်း၊ ကြီးကြပ်မှု ကော်မတီဝင် ဦးဇော်ဝင်းတို့ပါတဲ့ အဖွဲ့ ကအရင်းမပျောက် မတည်ရင်းနှီးငွေ သိန်း ၃၀၀ ကျပ်ကိုပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကစနစ်တကျနဲ့ကျေးရွာသူ ကျေးရွာသားများကို ထုတ်ချေးခဲ့ပြီး အတိုးနှုန်း(၁ိ/-)နှုန်း သတ်မှတ်ထားပါ တယ် ဒီချေးငွေကို ၂၀၁၄ ယခုနှစ်မှာဆို ရင် ၇ လတာအတိုးအရင်းဆပ်ကြပြီး ရရှိလာမဲ့အတိုးငွေများကိုလည်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးချခွင့်ရှိတယ်လို့သိရပါတယ်။ ဒါကြောင့်ကျေး ရွာသူကျေးရွာသားတွေကိုစနစ်တကျရင်း နှီး၊စုဆောင်း၊ ပေးဆပ်နိုင်ဖို့ စည်းကမ်းအတိုင်း စေတနာပါပါနဲ့ ကျွန်တော် တို့ အဖွဲ့ကကြီးကြပ်ဆောင်ရွက်နေပါတယ်'' ဟုပြောပါတယ်။
ထို့ပြင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းမှ ချေးငွေဖြင့် အိမ်တွင်းလက်မှု လုပ်ငန်းတစ်ခုဖြစ်သော ကြိမ်ခြင်းရုံတစ် ခုရှိရာအိမ်သို့သွားရောက်ခဲ့သည်။''ကျွန် တော်နာမည်ကကိုရန်အောင်ထွန်းပါ။ မြစိမ်းရောင်စီမံကိန်းက၂ သိန်း ချေးေ ငွ ရပြီး အဲ့ဒီငွေနဲ့ အခုမြင်ရတဲ့ ခြင်းထိုး  လုပ်ငန်းကို ဖြည့်ဆည်းဆောင်ရွက်နေပါ တယ်။ အရင်က ကုန်သည်ဆီက ကြိမ်ကုန်ကြမ်းကိုသူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ယူရပါတယ်။ အခုတော့ကိုယ် စိတ်ကြိုက် ကြိုက်ဈေးနဲ့ရွေးချယ် ဝယ်ယူ ပြီးလုပ်ရတဲ့အတွက်အကျိုးပိုပြီးရှိပါတယ်။ ကျွန်တော်အဆင်ပြေတဲ့အတွက် ခြင်း လုပ်သားတွေလည်း အလုပ်မပြတ်ပါဘူး ကျွန်တော်ခြင်းရုံမှာ ဘဝတူလုပ်သား ၉ ဦးရှိပါတယ်။ ကျွန်တော်ခြင်းရုံမှာ ကြိမ် ဒေါင့်ဗန်းတွေ ထိုးပါတယ်။ ဒီလိုချေးငွေ ရတဲ့အတွက် ဝမ်းသာပါတယ်''ဟု ကြိမ် ခြင်းလုပ်ငန်းငယ် ဆောင်ရွက်နေသူ ကိုရန်အောင် ထွန်းမှ  အားရဝမ်းသာ ကြောင်း ပြောပါသည်။
''ကျွန်တော်က လယ် ၇ဒသမ ၄၅ ဧကလုပ်ပါတယ်။ အခုအချိန်မှာ ချေး ငွေ သုံးသိန်းရတဲ့အတွက် လယ်ယာမြေ အရင်းအနှီး  ဖြစ်တဲ့  မြေသြဇာဖိုး၊  ကောက်ရိတ်သမားအတွက် ကြိုတင် ပြင်ဆင်ခွင့်ရခဲ့ပြီး လယ်လုပ်ခွင်အတွက် အကျိုးသက်ရောက်မှုရှိလို့ ဝမ်းသာပါ တယ်။ စီမံကိန်းအောင်မြင်ဖို့ ကျွန်တော် တို့ရွာသားတွေ အပေါ်မှာ မူတည်နေ ပြီးအရှည်ရပ်တည်နိုင်ဖို့ အားလုံးကတာဝန် ကျေပွန်ရမှာပါ''ဟု လယ်သမား ကြီး ဦးတင်သန်းက ပြောသလို ကျားချောင် ရွာလယ် ဘုန်းတော်ကြီး ကျောင်းအနီးတွင် တွေ့ရသော အနှေး ယာဉ်လုပ်သားကြီး ဦးတင်ထွန်းမှလည်း ''ကျွန်တော် အသက် ၅၄ နှစ် ရှိပါပြီ။အရင်က ကိုယ်ပိုင်ဆိုက်ကား မရှိပါဘူး တစ်နေ့ကို ၆၀၀ ကျပ်နဲ့သူများ  ဆိုက် ကားငှားပြီး ဆိုက်ကား နင်းရပါတယ် မိသားစု ၄ ဦး၊ ၁၀ တန်းကျောင်းသား တစ်ဦးလည်းရှိနေတော့ စားဝတ်နေရေး ရုန်းကန်ရတာက်ခဲလွန်းပါတယ်။ အခု ချေးငွေ တစ်သိန်းခွဲရပြီး ဒီဆိုက္ကားကို  တစ်သိန်းလေးသောင်းနဲ့ ဝယ်ပြီးနင်းေ တာ့တစ်နေ့၃၀၀၀ ကျော်လောက်ရတော့ အဆင်ပြေပါတယ်။ဒါကြောင့်ငွေချေးပြီး သက်မွေးဝမ်းကျောင်းမှာ အထောက်အကူရတဲ့အတွက် နိုင်ငံတော်နဲ့ တာဝန် ရှိသူတွေကို ကျေးဇူးတင်ပါတယ်''ဟု အနှေးယာဉ်လုပ် သားကြီး ဦးတင်ထွန်းမှတုန်ရီလှိုက်လှဲစွာ ပြောပြသည်။''ကျွန်မ က ကျားချောင်ရွာနဲ့အနီး ဝန်းကျင်ကို ဒီလိုစက်ဘီးနဲ့ ကုန်စုံရောင်းပါ တယ်။ အခုချေးငွေသုံးသိန်းရပါတယ်။ အရင်း အနှီးလုံလုံလောက်လောက်ရတဲ့အတွက် မိသားစု ၃ ဦးအတွက်ဝမ်းသာပါတယ်။ကျွန်မတို့ မြစိမ်းရောင် ချေးငွေရလို့တစ်ရွာလုံးဝမ်းသာနေကြတယ်။တချို့ လည်းလယ် လုပ်ခွင်အတွက်နွားကလေး ဝယ် တချို့လည်း ကြက်၊ဝက်ဝယ်ပြီး မွေးမြူရေး လုပ်ကြတာ သိရတယ်။ ရွာမှာ မီးလင်းရေးအတွက်လည်း ကြိုးစားနေတယ်လို့ကြားရတယ်။ကျွန်မက အိမ်ပေါက်စေ့ရောက်တော့ ကြားနေ ရပါတယ်ရှင်''ဟု စက်ဘီးကလေးနှင့် ဈေးရောင်းသူ ဒေါ်တင်တင်လှမှလည်း ပြောပြပါတယ်။
ဒီစီမံကိန်းပါတဲ့ ရွာတွေအတွက် တော့ အလွန်အကျိုးရှိတာ သိရတော့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ရွာက တော့မပါသေးပါဘူး။ ဘယ်လိုစံနှုန်းနဲ့ ဦးစားပေးရွေးချယ်တယ်ဆိုတာ သိချင် တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလို ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် အကျိုးပြု နိုင်မဲ့စီမံကိန်းတစ်ခုခုနဲ့ ကျန်တဲ့မြို့ နယ် တွေ၊ ကျေးရွာတွေ ကို  နိုင်ငံေ တာ် က တတ်သိပညာရှင်တွေ အကြံဉာဏ်နဲ့ ပေါင်းစပ်ဆောင်ရွက်ပေးရင်ရည်မှန်း ချက်အတိုင်း လျင်လျင်မြန်မြန်နဲ့ ထိ ရောက်မှာပါ။ကျွန်တော်တို့ ကျေးလက် ဒေသလူတန်းစားတွေကတော့ မျှော် လင့်နေကြပါတယ်''ဟု ရေကြည်မြို့ နယ် ကြို့ကုန်းကျေးရွာမှ ကျေးလက် ဖွံဖြိုး တိုးတက်ရေး အထောက်အကူပြု ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ဇေယျာလွင်မှ သုံးသပ် ပြောကြားပါသည်။အမှန်တကယ်လည်း မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူ များ အတွက်အထူးလိုအပ်နေသလို နိုင်ငံတော် ထောက်ပံ့မှုဖြင့် ကျေးလက် နေ ပြည်သူများ၏ဘဝတိုးတက်ရေး အထောက်အပံ့ဖြစ်လာသည်မှာအမှန်ပင်။ထို့အတူကျေးရွာအတွင်းမွေးမြူရေး၊ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မီးလ င်း ရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ  စသည်တို့တွင်တိုး တက်ဖြည့်ဆည်း အရင်းအနှီးရကြ၍ ကျေးလက်နေ ပြည်သူအားလုံးအတွက် သားရွှေအိုးထမ်း စီမံ ကိန်းကြီး ပင်ဖြစ်ကြောင်း ပြည်သူ ကြားကစကားသံများကသက်သေပြလျက ပင်။ထို့ကြောင့်ထိုစီမံကိန်းကြီးအရှည်တည်တံ့ခိုင်မြဲ၍ ပို၍ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေရန်ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်ခရို င်၊ ရေကြည်မြို့ နယ်မှ မြစိမ်းရောင်ေ ကျးရွာစီမံကိန်း ရွာသာယာရွာစခန်းစီကဘဝအနာဂတ်အတွက်ပီတိလွှမ်းသောစကားသံများကိုမှတ်တမ်း ပြု၍ ကြိုဆို ပါကြောင်း ရေး သား အပ်ပါသည်။