Main menu

Background

ကြက်သွန်ဖြူသည် သွေးတိုးဖြစ်ပွားမှုအား ထိန်းချုပ်ပေးနိုင်

Thu, 02/19/2015 - 18:54 -- journal_editor

အတွဲ(၁၅)အမှန်(၇)

    ကြက်သွန်ဖြူစားသုံးခြင်းဟာ နှလုံးရောဂါနဲ့ ကျန်းမာရေးအတွက် သက်လုံကောင်းစေတယ်ဆိုတာ တော် တော်များများ စာစောင်တွေမှာ ထုတ် ဝေထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ ွှ့The First Affiliated Hospital  of Soochow University နဲ့ အဖွဲ့ဟာ ကြက်သွန်ဖြူအမှုန့်၊ နှစ်ချို့ ကြက်သွန် ဖြူအနှစ်၊ ကြက်သွန်ဖြူအဆီတို့ကို   တိုက်ကျွေးပြီး သွေးတိုးထိန်းချုပ်နိုင်မှုကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။ လေ့ လာသူများက ကြက်သွန်ဖြူဖြည့်စွက် စာများကို အသုံးပြုပြီး စမ်းသပ်လေ့လာ မှုပြုရာမှာ ကြက်သွန်ဖြူဖြည့်စွက်စာ တစ်ရက်ကို ၃၀၀ မှ ၉၀၀ မီလီဂရမ်နှုန်း နဲ့ သွေးတိုးရောဂါဝေဒနာခံစားနေသူ များကို  တိုက်ကျွေးပေးခြင်းဖြင့်Systolic သွေးတိုးကို  ၃ ဒသမ ၇၅mmHgထိလည်းကောင်း၊ iastolic သွေးတိုးကို  ၃ ဒသမ ၃၉mmHg ထိ လည်းကောင်း လျှော့ချနိုင်ခဲ့ပါတယ်။ သုတေသီများကတော့ ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်ဖြူဖြည့်စွက်စာ များကို မှန်မှန်စားသုံးပေးခြင်းအားဖြင့် သွေးတိုးဝေဒနာသည်များရဲ့ သွေးတိုးမှု များကို ထိန်းကျောင်းပေးနိုင်တဲ့ အတွက် ပုံမှန်စားသုံးပေးသင့်တဲ့ ဖြည့် စွက်စာဖြစ်ကြောင်း ထောက်ခံပြောဆို ကြပါတယ်။                         
 ရှင်ပါဂူ