Main menu

Background

ကင်ဆာရောဂါကြောင့်သေဆုံးမုှများအမေရိကန်မှာလျော့ကျ

Thu, 02/19/2015 - 18:58 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ကင်ဆာရောဂါကြောင့် သေဆုံး မှုများ ၂၂ ရာခိုင်နှုန်းထိ လျော့ကျလာ ပြီဖြစ်ကြောင်း အမေရိကန်ကင်ဆာ အသင်းရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ဆယ်စု နှစ် နှစ်ခုကျော်က ကင်ဆာကြောင့် သေ ဆုံးသူဦးရေ ၁ ဒသမ ၅ သန်းကျော်ရှိခဲ့ ပြီး သေဆုံးမှုဦးရေအမြင့်ဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုလိုကင်ဆာကြောင့် သေဆုံးမှုဦးရေ ကျဆင်းလာခြင်းဟာ အမေရိကန်မှာ ဆေးလိပ်သောက်သုံးမှု အနည်း ငယ် လျော့ကျလာတဲ့အပြင် ကင်ဆာ ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ဆေးစစ် မှုများ ကုသမှုများကို လုပ်ပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာ ကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။ ဃညေခနမ ၤခေအျ ရ ၤငါကမနျ ၂၀၁၅ ဆောင်ပုဒ်ကလည်း လူတွေကို သတိပြု စေရာ ရောက်နေကြောင်း၊ ယခုနှစ်မှာ ကင်ဆာရောဂါကြောင့်  အမေရိကန်မှာ သေဆုံးသူဦးရေ ၅၈၉၄၃၀ ဦးခန့်ရှိ နေပြီး တစ်ရက်ကို ၁၆၀၀ ဦးနှုန်းသေ ဆုံးနေတယ်လို့ ကင်ဆာအသင်းနှစ်ပတ် လည် အစီရင်ခံစာအရ သိရပါတယ်။ အများဆုံး သေဆုံးရမှုတွေကတော့ အမျိုးသားတွေမှာ အဆုတ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့  အူမကြီးကင်ဆာတို့ ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ အဆုတ်၊ ရင်သားနဲ့ အူမကြီးကင်ဆာတို့ကြောင့် ဖြစ်ပါတယ်။
ကင်ဆာရောဂါကြောင့် သေဆုံး မှုထက် ဝက်နီးပါးဟာ ဒီလေးမျိုးကြောင့် ဖြစ်ပွားပြီး အဆုတ်ကင်ဆာကြောင့် သေဆုံးမှုဟာ ၂၇ ရာခိုင်နှုန်းရှိပါတယ်။ ဆီးကြိတ်၊ အဆုတ်နဲ့ အူမကြီးကင်ဆာ ကြောင့် အမျိုးသားများ သေဆုံးမှုက သေဆုံးမှုစုစုပေါင်းရဲ့ ထက်ဝက်ရှိပြီး
ဆီးကြိတ်ကင်ဆာတစ်မျိုးတည်းကြောင့် သေဆုံးမှုဟာ လေးပုံတစ်ပုံခန့်ရှိပါ တယ်။ ၂၀၁၄ ခုနှစ်အတွင်း အမျိုးသမီး များမှာ အဖြစ်များတဲ့ ရင်သား၊ အဆုတ် နဲ့ အူမကြီးကြောင့် သေဆုံးမှုဟာ ထက် ဝက်ကျော်ရှိပြီး ရင်သားကင်ဆာတစ်မျိုး တည်းကြောင့် သေဆုံးမှုဟာ ၂၉ ရာခိုင် နှုန်းရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြ ချက်အရ သိရှိရပါတယ်။
ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသ မှုများပြုလုပ်ပေးခြင်းဖြင့် ယခုနှစ်မှာ တော့ ကင်ဆာကြောင့် သေဆုံးမှုများ လျော့နည်းကျဆင်းလျက်ရှိကြောင်း သိရှိရပါတယ်။                                     
ရှင်ပါဂူ