Main menu

Background

မိခင်နို့တိုက်ကျွေးခြင်း၊ ဖြည့်စွက်စာကျွေးခြင်း

Tue, 02/24/2015 - 19:40 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

    ကလေးကျန်းမာရေးကနေ၊ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးချင်ပါတယ်။
ကလေးကို မိခင်နို့လှန်တိုက်တာ လောက် ကရိကထနည်းတာ မရှိ ပါဘူး။ အကောင်းဆုံးအစားအစာဖြစ်တယ်။ ကလေးဘဝအတွက် မရှိ မဖြစ်လိုအပ်တယ်။ ကလေးဘဝကြီးထွားဖွံ့ဖြိုးရာမှာ လိုအပ်တဲ့ ကစီ ဓာတ်၊ အဆီနှင့်အသားဓာတ်တွေ နို့မှနေရတယ်။ ကလေးရဲ့ ခုခံမှုစနစ် အားကောင်းအောင် မိခင်နို့က စွမ်းဆောင်ပေးနိုင်တယ်။ ရောဂါအချို့ ကာကွယ်ပေးနိုင်တယ်။ ဝမ်းလျှော၊ ဝမ်းပျက်၊ အဆုတ်ရောဂါ မဖြစ်နိုင် ဘူး။ မိခင်ဖြစ်သူ အာဟာရပြည့်ဝစွာစားရင်၊ ကလေးဖြစ်သူ အခြားအား ဆေးမလိုဘူး။
အခြားဖြည့်စွက်စာများကို အသက် ၆လကျော်ရင် ပြောင်းလဲ ကျွေးနိုင်ပါတယ်။ ကလေးကို မိခင်နို့ တိုက်ကျွေးခြင်းဖြင့် ''သားဆက်ခြား'' ခြင်းလည်း ဖြစ်စေကာ ၊ မိခင်နဲ့ကလေး သံယောဇဉ်ပိုပြီး ဖြစ်စေပါတယ်။ မိခင်နို့ တိုက်ကျွေးခြင်းဖြင့် မိခင်မှာမလိုအပ်ဘဲ၊ အဆီစုဆောင်းခြင်း ကင်းဝေးပြီး၊ ကျန်းမာစေပါတယ်။
နို့တိုက်ကျွေးခြင်းမပြုမီ ကိုယ်ဝန်ဆောင်ကတည်းက မိခင်ဟာ နို့သီးခေါင်းသန့်ရှင်းရေး၊ ကလေးနို့တိုက်နိုင်ဖို့ အသင့်လုပ်ထားရမယ်။ မွေးပြီးပြီးချင်း နာရီဝက်မှာ နို့ဦးရည် Clostrum ထွက်တယ်။ နို့ဦးရည်ဟာ ကလေးဘဝရောဂါတွေ ကာကွယ်ပေး နိုင်လို့၊ ရသလောက် စောနိုင်သမျှ စောစောတိုက်ကျွေးရမယ်။ ငိုတိုင်းတိုက် ၊ ဆာတိုင်းတိုက်၊ အချိန်အား တိုင်းတိုက်ရမယ်။ မိခင်နို့တိုက်ကျွေးတဲ့ကလေးဟာ ''အဝလွန်ခြင်း'' မဖြစ် ဘူး။ ဘဝကို ပို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိတယ်လို့ ဆိုတယ်။ ဒီထက် မက အကျိုးကျေးဇူး ရှိပါတယ်။
မိခင်နို့တိုက်ကျွေးရာမှာ မအောင်မြင်ရတဲ့ အကြောင်းများကတော့
(၁)         မိခင်ကိုယ်တိုင်နို့တိုက်လိုစိတ်မရှိ ခြင်း (သို့) စိတ်ဝင်စားမှုမရှိခြင်း၊
(၂)         လွန်ကဲစွာ ပူပင်ကြောင့်ကြခြင်း
(၃)         နို့သီးခေါင်းမထွက်ခြင်း၊ နို့တင်းလွန်း ခြင်း၊
(၄)         နို့ခန်းစေတတ်တဲ့ ဆေးများ တိုက်ကျွေးခြင်း၊ ထိုးထားခြင်း၊
(၅)         ရောဂါရှိခြင်း တို့ဖြစ်တယ်။
မိခင်နို့အောင်မြင်စွာ တိုက် ကျွေးဖို့မှာ မိခင်ရဲ့စိတ်ပေါ်မှာပဲ မူ တည်တယ်။ နို့တိုက်ဖို့ စိတ်ဝင်စားမှု မရှိခြင်း၊ လွန်ကဲစွာပူပင်ခြင်း၊ သော ကရောက်ခြင်းက မိခင်ဦးနှောက်တွင်းရှိ ပစ်ကျူထရီဂလင်း(Pituitary Gland)  ကိုလှုံ့ဆော်မှု အဟန့်အတားပြုတယ်။ နာကျင်ရင်လည်းပြုတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး မိခင်ရဲ့နို့သီးခေါင်း ပြုပြင်ထားမှုမရှိလို့၊ ကလေးကနို့ရည် ပန်းမထွက်တဲ့အခါ ငိုတယ်။ နို့ဘူးတိုက် ကျွေးမိရင်၊ မိခင် နို့ ပြန်တိုက်လို့မရတော့ဘူး။ မိခင်ရဲ့ပူပင်မှု၊ စိတ်ဖိစီးမှုက နို့မထွက်ဘဲ၊ အချိန်မသင့်ခင် နို့ပြတ်သွားစေတယ်။ (သို့) ကိုယ်ဝန်တားဆေးကြောင့် နို့ခမ်းသွားတတ်ပါတယ်။
ကလေးနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရင် ကလေးသွားဖုံးက နို့သီးခေါင်း အရင်းမရောက်တဲ့အခါ ထိပ်ဖျားကို ကြိတ်ဝါးနေရလို့၊ နို့သီးခေါင်းကွဲကာ၊ ပိုးဝင်ခြင်း၊နာကျင်ခြင်း၊ နို့ချောင်းပိတ် ခြင်း၊ အကျိတ်ထွက်ခြင်း ဖြစ်တယ်။ အပြင်ကိုမထွက်ရတဲ့နို့ရည်မှာ နို့အုံကိုတင်းစေပြီး၊ နဂိုကကောင်းစွာ မထွက်တဲ့ နို့သီးခေါင်းက ပိုမိုတင်းသွားတယ်။
မိခင်ဟာ မိခင်စိတ်နဲ့ နို့သီး ခေါင်း ပြုပြင်သွားရမယ်။ ကိုယ်ဝန်ရှိစဉ် ကပင် ဂရုစိုက်ပြုပြင်ပေးရမယ်။ နို့တိုက် မိခင်သည်သာ ကျက်သရေနဲ့ ပြည့်စုံတဲ့ မိခင်ကောင်းပီသပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်နိုင်ရင်လည်း ကလေးငယ်ဝမ်းလျှော၊ ဝမ်းပျက်မဖြစ်ရအောင်၊ နွေးနွေးထွေးထွေးနဲ့ သန့်သန့် ရှင်းရှင်းဖြစ်ဖို့ ဂရုစိုက်သင့်တယ်။ နို့ဗူးကို စင်ကြယ်အောင် ဆေးထားဖု့ိလိုသလို နို့ဗူးထဲမထည့်ခင် ရေနွေးနဲ့ကျင်း ပေးရ မယ်။ နို့သီးခေါင်းအသစ် လဲလှယ်ပေး သင့်ပါတယ်။