Main menu

Background

နည်းပညာအတားအဆီး

Wed, 02/25/2015 - 19:09 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

မောင်ဖြူ    ။    မင်္ဂလာပါ၊ အန်တီချို နေကောင်းလား။
အန်တီချို    ။    အော် ..အေး ..မောင်ဖြူလား၊ ဘာကိစ္စရှိလဲ၊ ဘာလုပ်ပေးရမလဲ။
မောင်ဖြူ    ။    ဟုတ်ကဲ့၊ ကျွန်တော် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ အလုပ်ရုံဆွေးနွေးပွဲကိုသွားဖို့ အရွေးခံထားရပါ တယ်၊ စာမေးချင်လို့ပါခင်ဗျာ။
အန်တီချို    ။    ကောင်းပါပြီ၊ ဟနွိုင်းမြို့သွားရင် ဆွေးနွေးရမယ့် ခေါင်းစဉ်ကဘာလဲ၊  Power Point  ရော ပြင်ဆင် ထားပြီးပြီလား။
မောင်ဖြူ    ။    ဆွေးနွေးရမဲ့ ခေါင်းစဉ်ကတော့ ''နည်းပညာအတား အဆီး''လို့သိရပါတယ်။ အန်တီချိုအချိန်ရရင် ပြောပြပေးပါ။ အခုမအားလည်း နောက်ရက်တွေ မှာ လေယာဉ်ပျံမထွက်မီအချိန်အတွင်း ရှင်းပြ ပေးပါခင်ဗျာ။
အန်တီချို    ။    အင်း ...အေးပါကွယ်၊ အခုပဲချက်ချင်းမြန်မြန် လေးဆွေေးနွးပေးပါ့မယ်။ မသိတာ၊ မရှင်းတာရှိ ရင် ချက်ချင်းဖြတ်မေးနော်၊ ဟိုကျတော့ ကိုယ့်ကို သူများနိုင်ငံက ကိုယ်စားလှယ်တွေမေးရင် ကိုယ် က ဂဃနဏ ဖြေနိုင်ရမယ် မဟုတ်လား။
မောင်ဖြူ    ။    ကျွန်တော်စုဆောင်းရေးထားတဲ့စာတမ်းကလေးလည်းကြည့်ပေးပါနော်။ ဘာမေးနိုင်လည်းဆိုတာ လည်းသင်ပြပေးပါ။
အန်တီချို    ။    ဒဗလျူတီအိုက ဘာသာရပ်တွေအများကြီးရှိတဲ့အနက် အဖွဲ့ဝင်နိုင်ငံများက သဘောတူညီချက်တွေ လက်မှတ် ထိုးတဲ့အခါ ''နည်းပညာအတားအဆီး သဘောတူ ညီချက်'' က တစ်ခုပါဝင်တယ်။ သမိုင်းကြောင်းနဲ့ ချီပြီး လေ့လာဖို့ကတော့ နိုင်ငံခြားကပြန်လာမှ အသေးစိတ်လေ့လာပေါ့။     လက်စွဲစာအုပ်တွေ၊ အစီရင်ခံစာ တွေအများကြီး စာကြည့်တိုက်မှာရှိ တယ်။ နည်းပညာအတားအဆီးနဲ့ ပတ်သက်တဲ့ အငြင်းပွားမှု ဖြေရှင်းချက်တွေ အမှုတွဲတွေ ဘယ် လိုဆုံးဖြတ်ချက်ချတယ်  ဆိုတာတွေလေ့လာဖို့ စာအုပ်ထူကြီး တစ်အုပ်လည်းရှိသေးတယ်။
မောင်ဖြူ    ။    ဘာသာရပ်တစ်ခုကိုလေ့လာဖို့၊ ကျွမ်းကျင်ဖို့ ကျွန်တော်ကြိုးစားပါ့မယ်။
အန်တီချို    ။    တကယ်တော့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ဖြေ လျော့မှုတွေလုပ်တာသိမှာပေါ့။ ဥပမာ-အကောက် ခွန်တွေဖြေလျော့ပြီး ကုန်သွယ်မှုလွယ်ကူချောမွေ့အောင်လုပ်တယ်ဆိုပေမဲ့ တစ်ဖက်ကလည်း မိမိ နိုင်ငံအတွက် သွင်းကုန်များအပေါ် စံချိန်စံညွှန်း ဆိုတဲ့ (နည်းပညာအတားအဆီး) တွေနဲ့ ဟန့်တားမှု တွေ ပြုလုပ်ကြတယ်။
မောင်ဖြူ    ။    ဥပမာ လေးတစ်ခုလောက် ရှင်းပြပေးပါလားခင်ဗျာ။
အန်တီချို    ။    ဒါဆိုရင် အီးယူနဲ့  ပီးရူးနိုင်ငံ အမှုတစ်ခုအကြောင်း ကိုပြောပြမယ်။ အမှုကိစ္စက ''ပီးရူးနိုင်ငံက တင်သွင်း တဲ့ ဆဒိုင်းငါးသေတ္တာတွေကို အီးယူက ငြင်းပယ်ခဲ့လို့ ပီးရူး နိုင်ငံက ဒဗလျူတီအိုကို တိုင်ချက် ဖွင့်တယ်''အဲဒီမှာသိထားဖို့က ဒဗလျူတီအိုမှာ အငြင်းပွားမှု တွေကို တူညီဆန္ဒ (Consensus)  နဲ့ မဲခွဲဆုံးဖြတ်ကြပေ မယ့်၊ နည်းပညာအတားအဆီးရဲ့ဆုံးဖြတ်ချက်ကတော့ သိပ္ပံနည်းကျ ရေးဆွဲချမှတ်ထားတဲ့ စည်းမျဉ်း အပေါ် စံထားပြီး ဆုံးဖြတ်ကြတယ်။ ဒီအမှုမှာ FAO ရဲ့ Codex ဥပဒေ အပိုဒ် ၂၀.၁ အရ ဆုံးဖြတ် ပေးခဲ့တယ်။ အီးယူ လိုချင်တဲ့ ဆဒိုင်းငါးက ပထဝီ အနေအထားအရ မြေထဲပင်လယ်ပိုင်းကငါးတွေကို ရည်ညွှန်းထားတယ်။ ဒါပေမဲ့ ပီရူးနိုင်ငံရဲ့ ဆဒိုင်း ငါးတွေက အာဖရိကတောင်ပိုင်းပင်လယ်ကငါး တွေဖြစ်နေတယ်။ ဒါကြောင့် ငါးအမျိုးအစားကို သိပ္ပံနည်းကျ အသေးစိတ်သတ်မှတ်ထားလို့ ဆဒိုင်း ငါးချင်းတူပေမဲ့ ပထဝီအညွှန်းအရ ငါးမျိုးရင်းတူ ပေမဲ့ မျိုးစိတ်မတူလို့ ပီရူးနိုင်ငံက အမှုရှုံးခဲ့ရတယ်။
မောင်ဖြူ    ။    ဟုတ်ကဲ့၊ စံချိန်စံညွှန်းကို ကုန်သွယ်မှုပြုရာမှာ အလေးထားရတာကို သဘောပေါက်ပါပြီ။ မြန်မာ နိုင်ငံရော၊ ဒီလိုအမှုမျိုးရှိလား။
အန်တီချို    ။    မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းကုန်သွယ်မှုနဲ့ပတ်သက် ပြီး တိုင်ချက်ဖွင့်တာတော့မရှိပါဘူး။ စီးပွား/ ကူးသန်းဝန်ကြီးဌာနကတော့ Focal ဌာနအဖြစ် ဘာသာရပ်အားလုံးကို လက်ခံဆွေးနွေးထားပေမဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို လွှဲအပ်လိုက်ပြီး၊ ဆက်လက်ဆောင်ရွက်သွားဖို့ဖြစ်တဲ့အတွက် (Technical Barriers to Trade)နဲ့ ပတ်သက်ပြီး သိပ္ပံ နဲ့နည်းပညာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် ပါလိမ့်မယ်။ အဲဒီမှာTBT National Body တွေဖွဲ့ စည်းမယ်။Website မှာ Enquiry Point  ဖွင့်လှစ် ပြီး     မေးမြန်းသူများအတွက် အဖြေပေးရမယ်။
မောင်ဖြူ    ။    ဟုတ်ကဲ့၊ အန်တီချိုပြောတာလေးတွေ လိုက်ရေး ထားတယ်။ ပြီးရင်အင်္ဂလိပ်ဘာသာနဲ့ Speaking             style ပြန်ရေးမယ်။ ကြည့်ပြီးပြင်ပေးအုံးနော်။
အန်တီချို    ။    အေး ..အေး။ အောင်မြင်ပါစေကွယ်..။
                     
တင်ချိုဦး