Main menu

Background

ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးခြင်းဖြင့် အဆီကျစေနိုင်

Thu, 02/26/2015 - 19:24 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

ခန္ဓာကိုယ်မှာ  အဆီများ များပြားနေခြင်းကြောင့် အဝလွန်ခြင်းကိုဖြစ်စေပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကို ပင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီများကို ကျစေနိုင်ပါတယ်။ လိုင်ကိုပင်းဟာ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးထွက်ပစ္စည်းများ မှာ များစွာပါဝင်လျက်ရှိပါတယ်။ လိုင်ကိုပင်းဟာ ခန္ဓာကိုယ် ထဲမှာရှိတဲ့ အဆီများကို လောင်ကျွမ်းစေနိုင်စွမ်းရှိပါတယ်။  တရုတ်(တိုင်ပေ) China Medical Universtiy မှ Pei-Min-Chao  နဲ့အဖွဲ့ဟာ အသက် ၂၀ မှ ၃၀ နှစ်ကြားရှိ  BMI (Body Mass Index) ၂၀ နဲ့အထက်ရှိသူ အမျိုးသမီး ၃၀ ကို လေ့လာမှုမှာ အသုံးပြုခဲ့ကြပါတယ်။ အမျိုးသမီး ၃၀ ကို အစားအစာကို စားမြဲတိုင်း စားသောက်စေပြီး လေ့ကျင့်ခန်းကို လည်း  လုပ်နေကျအတိုင်း လုပ်စေခဲ့ပါတယ်။ ထူးခြားချက်က တော့ လိုင်ကိုပင်း  ၃၂ ဒသမ ၅ မီလီဂရမ်ပါရှိတဲ့ ခရမ်းချဉ်သီး ဖျော်ရည် ၂၈၀ မီလီမီတာကို နေ့စဉ် နှစ်လကြာသောက်သုံးစေ ခဲ့ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးစေခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ Monocyte  Chemoattractant Protein (MCP-1) ကို  ၂၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အင်ဆူလင်ကို ထိန်းနိုင်တဲ့ Adiponectin  ကို ၂၅ ရာခိုင်နှုန်း ထိ တိုးစေပါတယ်။ လေ့လာမှုများအရ ခရမ်းချဉ် သီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် အဆီကျ စေတဲ့အပြင် ကိုလက်စထရောများကိုလည်း လျှော့ချပေးနိုင် စွမ်းရှိရာ အမျိုးသမီးငယ်များအနေနဲ့ မလိုလားအပ်တဲ့ ခန္ဓာ ကိုယ်မှ အဆီပိုများလျှော့ချပေးနိုင်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ရာ နေ့စဉ်ခရမ်းချဉ်သီးဖျော်ရည် သောက်သုံးကြဖို့ နှိုးဆော်
လိုက်ရပါတယ်။                                                        ရှင်ပါဂူ