Main menu

Background

နေ့စဉ် ၁၀မိနစ်ခန့် ပီကေဝါးပေးခြင်းဖြင့် ပါးစပ်အတွင်းရှိ ပိုးမွှားများကို သေစေနိုင်

Thu, 02/26/2015 - 19:30 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

နေ့စဉ် ၁၀မိနစ်ခန့် ပီကေဝါးပေး ခြင်းဖြင့် ပါးစပ်အတွင်းရှိ ရောဂါပိုးမွှား များကိုသေစေနိုင်ကြောင်းနယ်သာလန်  နိုင်ငံ Groningen တက္ကသိုလ်မှ သုတေ သီများက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါသုတေသီများသည် ပီကေဝါးခြင်းဖြင့် ပါးစပ်အတွင်းရှိ ရောဂါပိုးပေါင်း သန်း ၁၀၀ ခန့်ကို ဖယ် ရှားပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့ သည်။
ပီကေစတင်ဝါးသည့်အချိန်မှ စက္ကန့် သုံးဆယ်အတွင်းတွင် ရောဂါပိုး များသေစေနိုင်သည်ကို စတင်တွေ့ရှိရ ကြောင်း၊ ပါးစပ်အတွင်းရှိ ရောဂါပိုးများ သည် ပီကေနှင့်ကပ်ပါလာသည်ကို တွေ့ရှိရကြောင်းဖြင့်  Plos One ဂျာနယ် တွင် ဖော်ပြရေးသားခဲ့သည်။
အခြားစမ်းသပ်ချက်တစ်ခုမှာ လက်မှတစ်ဆင့် ပါးစပ်အတွင်းသို့ ရော ဂါပိုးမွှားများ ဝင်ရောက်လျက်ရှိရာ ပီကေ ကို ဝါးပေးခြင်းဖြင့် အဆိုပါရောဂါပိုး များ ဝင်ရောက်ခြင်းကိုဟန့်တားထား နိုင်ကြောင်းဖြင့် သုတေသီများက ရေး သားခဲ့ကြသည်။ "ကျွန်တော်တို့အဖွဲ့အနေနဲ့ အီ လက်ထရွန်မိုက်ခရိုစကုပ်ကိုအသုံးပြု ပြီး  လူတွေဝါးထားတဲ့ပီကေကို ကြည့်ရှု ရာ မှာ အဲဒီပီကေမှာ ရောဂါပိုးမွှားတွေ ကပ်ပါနေတာကို တွေ့ရပါတယ်"ဟု ၎င်းင်းတို့၏ရေးသားဖော်ပြချက်တွင် ထည့်သွင်းရေးသားထားခဲ့သည်။
သို့သော် ၎င်းင်းတို့စမ်းသပ်ခဲ့သည့် ပီကေ၏အမှတ်တံဆိပ်အမည်ကိုမူ ထုတ်ဖော်ရေးသားခြင်းမပြုခဲ့ပေ။
အဆိုပါအဖွဲ့အနေဖြင့် ကျန်းမာ ရေးကို အလေးဂရုပြုသူတိုင်း လက်မှ တစ်ဆင့် ပါးစပ်တွင်းသို့ ရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် နှိုးဆော် လျက်ရှိသကဲ့သို့ ပီကေများ ဝါးတတ် သည့်အလေ့အထ ပိုမိုဖွံ့ဖြိုးလာစေရန် လည်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။