Main menu

Background

အရေပြား ပြည်တည်နာ

Thu, 03/12/2015 - 18:47 -- journal_editor

အတွဲ(၁၅)၊ အမှတ် (၁၀)

လက္ခဏာများ။  နေရာကွက်ပြီး ဖြစ်တဲ့ အရေပြားတွင်းရောဂါပိုးဝင်ပြီး ဖြစ်တယ်။ နီရဲ နာကျင်တတ်တဲ့ နေရာလေးအဖြစ် စတင်လေ့ရှိ တယ်။ အချိန်နဲ့အမျှ ယင်းနေရာတင်းမာလာပြီး ပိုနာ လာတတ်တယ်။ တဖြည်းဖြည်း ပြည်တည် နာရဲ့အလယ်ဟာပျော့ပြီး ရောဂါပိုးတိုက်ထုတ်ဖို့၊ သွေးကြောကတစ်ဆင့် ရောက်လာတဲ့ သွေးဖြူဥ  တွေနဲ့ ပြည့်လာတယ်။ သွေးဖြူဥများ ဗက်တီးရီး  ယားပိုးနဲ့ ပရိုတိန်းများ စုပေါင်းမိကာ ပြည်ဖြစ် လာတယ်။ နောက်ဆုံးမှာ ပြည်ခေါင်းဖြစ်လာပြီး၊ သူ့အလိုလိုပေါက်ထွက် (သို့) ခွဲစိတ်ဖယ် ရှားရတဲ့ အခြေအနေရောက်လာတယ်။
မွေးကျွတ်နာ (Furuncle (or) Follicul-itis) / Streptococcis  ကြောင့် အရေပြားပြည် တည်နာဖြစ် လာတယ်။ အပေါက်တစ်ပေါက်(သို့) တစ်ပေါက်ထက်ပိုရှိနိုင်ပြီး ဖျားနာခြင်း၊ ချမ်းတုန် ခြင်း ဖြစ်နိုင်တယ်။
အရည်အိတ်ဝက်ခြံ (Cystic acne) ။ အရေပြားရှိ အဆီဂလင်းများ ပိတ်လို့ ပိုးဝင်တဲ့ အခါဖြစ်တတ်တယ်။ ရိုးရိုးဝက်ခြံထက် ပိုနက် တတ်တယ်။ အပျိုစင်တို့ရဲ့မျက်နှာမှာ အဖြစ်များ တယ်။
ချိုင်း(သို့) ပေါင်ခြံအရေပြားပြည်တည် နာ။ ချွေးဂလင်းများ ရောင်ရမ်းမှုနှင့် အကျိတ် အဖုကြီးလာတတ်တယ်။ ပဋိဇီဝဆေးသောက် ခြင်းသက်သက်နဲ့ ပျောက်ကင်းနိုင်ပြီး၊ မပျောက် ရင် ခွဲစိတ်ဖို့လိုတတ်တယ်။
အရည်အိတ် Pilonidal များ။ အရည် အိတ်Piloniderl  ဟာ မြီးညောင်းရိုးတစ်ဝိုက် ဖြစ်တတ်ပြီး အရည်အိတ်ရောဂါစုလို့ ရည်ညွှန်း တတ်တယ်။ ရောဂါပိုးဝင်ခြင်းမရှိရင်၊ တစ်ခု တည်းရှိတဲ့သေးငယ်သော အရည်အိတ်အဖြစ် တည်ရှိတယ်။ ပိုးဝင်ရင် ပြည်ဖုများဖြစ်ပြီး၊ အရည်အိတ် Pilonidal   ပြည်တည်နာဖြစ် တတ်တယ်။ ဆိုးရွားတဲ့အခြေအနေမှာ ပိုးဝင်မှု ဟာ ပြန့်သွားပြီး ပြည်တည်နာများလာတယ်။ ပြည်တည်နာမှာ နာကျင်မှုနဲ့ နီရဲနေခြင်းရှိပြီး အဖျားလည်း   တက်နိုင်တယ်။ မြီးညောင်းရိုး တစ်ဝိုက် မွေးညင်းများ အရည်ပြားအတွင်းပြန် ဝင်ပြီး၊   အရည်အိတ်များခွဲထုတ်ရင် အတွင်း မွေးညင်းများကို တွေ့ရလေ့ရှိတယ်။ အမြစ်များ တွေ့ရလေ့မရှိလို့ မွေးညင်းများ၊ အရည်အိတ် ရဲ့ပြင်ပမှ လာတတ်တယ်။ မြီးညောင်းရိုးတစ်ဝိုက် ပွတ် တိုက်ထိတွေ့မှုများက အရည်အိတ် Pilonidal  ရောဂါများ ဖြစ်နိုင်တယ်။    
ဖြစ်စေတဲ့အကြောင်းရင်း။ မွေးညင်းများ အရေပြားထဲ  ပြန်ဝင်လို့ဖြစ်တတ်တယ်။ ပြင်ပ ပစ္စည်းများ အရေပြားထဲ ဝင်ရောက်ခြင်းဖြစ်နိုင် တယ်။ အရေပြား ဂလင်းများပိတ်ပြီး ပိုးဝင်လို့ အရေပြား ပြည်တည်နာဖြစ်စေတယ်။
အရေပြားဟာခန္ဓာကိုယ်တွင်းသို့ ပြင်ပ ပစ္စည်းများနဲ့ ရောဂါပိုးများ မဝင်ရောက်နိုင်ဖို့ တားဆီးတဲ့ခန္ဓာကိုယ်ခုခံ အားစနစ်မှာ မပါမဖြစ် အစိတ်အပိုင်း ဖြစ်တယ်။ ရှခြင်း၊ ခြစ်ခြင်း၊ စူးဝင် ခြင်း တို့ဖြစ်ပွားလို့ အရေပြားပြတ်တောက်တဲ့ အခါ ဗက်တီးရီးယားပိုး အလွယ်ဝင် ရောက်နိုင် ပြီး ပြည်တည်နာများဖြစ်ပေါ် လာတယ်။
အရေပြားပြည်တည်နာအဖြစ်များသူ များ။ သောက်သုံးနေတဲ့ ဆေးတစ်မျိုး မျိုးကြောင့် ကိုယ်ခန္ဓာခုခံမှုစနစ်ကျဆင်း နေသူများမှာ ပိုဖြစ် နိုင်တယ်။ ကိုယ်ခန္ဓာ ခုခံအားစနစ်ကျဆင်းစေတဲ့ ရောဂါများ သွေးချို၊ ဆီးချို၊ ကျောက်ကပ်အလုပ် မလုပ်ခြင်းတို့ပါဝင်တယ်။ ကိုယ်ခန္ဓာခုခံအား စနစ်ကျဆင်းတဲ့ဆေးတွေမှာ ကင်ဆာနှင့်စတီး ရွိုက်ပါဝင်တယ်။
ကုသမှု။ အရေပြားပြည်တည်နာ  အများ စုမှာ၊ အလွယ်တကူကုသလို့ရတယ်။ စောစော သိလို့ ကုသခြင်းက နောက်ဆက်တွဲရောဂါများ တားဆီးပေးနိုင်လို့၊ အရေပြားပြည်တည်နာကို သိသိ ခြင်းကုသဖို့လိုတယ်။ အပူကပ်ပေးရမယ်။ ရေနွေးအိတ်ကပ်ပေးခြင်းဟာ သွေးလည်ပတ်မှု တိုးစေပြီး၊ ရောဂါပိုးများ တိုက်ထုတ်ဖို့ သွေးဖြူဥ နဲ့ ပဋိဇီဝပစ္စည်းများ အနာရှိရာကို ပိုမိုရောက်စေ တယ်။
အရေပြားပြည်တည်နာဟာသေးပြီး၊ မာ သေးရင်လက်နဲ့ အတင်းမညှစ်သင့်ဘူး၊ ပြည် တည်နာများ    ပြည်ဖောက်ပေးဖို့   အရေပြား အပေါက်ပေးပြီး ညှစ်ထုတ်ပေးနိုင်တယ်။ သတိ ရှိဖို့မှာ မိမိလက်ဟာသန့်ရှင်းဖို့ လိုအပ်ပါ တယ်။ ပြည်ထုတ်ပြီးရင်လည်း   ပြန်လည်  မဖြစ်ပွား အောင် ပိုးသတ်ဆေး  Amoxicllin 500mg နဲ့ အကိုက်အခဲပျောက်ဆေး တစ်နေ့နှစ်ကြိမ်နှင့် လေးရက်မှ  ခုနစ်ရက် သောက်နိုင်ပါတယ်။ ဝက်ခြံသမားတိုင်း ပဋိဇီဝဆေးသောက်ဖို့တော့ မလိုဘူး။
ဆရာဝန်နှင့်ပြ။ သွေးချို၊ ဆီးချိုရောဂါ ရှိ ရင် ကိုယ်ခန္ဓာခုခံအားစနစ်ကျဆင်းလို့၊ ဆရာဝန် နဲ့ပြသသင့်ပါတယ်။ ကိုယ်ခန္ဓာ ခုခံအားစနစ်ကျ ဆင်းတဲ့ ဆေးများ (ဥပမာကင်ဆာဆေး၊ စတီးရွိုက် ဆေးများ) သောက်သုံးနေရရင် အရေပြား ပြည် တည်နာများဖြစ်ကာ နောက်ဆက်တွဲပြဿနာ များပိုများတတ်လို့ ဆရာဝန် နဲ့ပြသသင့်တယ်။
အရေပြားပြည်တည်နာဖြစ်ပြီး၊ ဖျားရင်၊ အရေပြားအနာပြန့်လာရင်၊ အရေအတွက်များ ရင် အရေပြား ပြည်တည်နာများ ခပ်မြန်မြန်သက် သာမှုမရှိရင် မိသားစုဆရာဝန်နဲ့ ပြသသင့် တယ်။ အရည်အိတ်ပြည်တည်နာ Pilonidal ဖြစ် ရင် ဆေးကုသမှုခံယူဖို့ လိုပါတယ်။
ကြိုတင်ကာကွယ်။ အရေပြား ပြည်တည်  နာ လုံးဝမဖြစ်ဖို့ မတားဆီးနိုင်ပေမယ့် ဖြစ်ပွားမှု လျော့အောင်လုပ် နိုင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင် ရွက်ရမယ်။
လူတိုင်းနေ့စဉ်နာရီဝက်  အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ပေးသင့် ပါတယ်။ အဝလွန်ခြင်း၊ အဆီများခြင်းမဖြစ်စေဖို့ ပုံမှန်ကိုယ်ခန္ဓာအချိုးအစား  ဘီအမ်အိုင် (၁၈ ဒသမ ၉) မှ (၂၄ ဒသမ ၉) အတွင်းရှိသင့်တယ်။ ဘီအမ်အိုင်ဆိုတာ ကိုယ်အလေးချိန် (ကီလို ဂရမ်) ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်းနှင့် စားလို့ရတဲ့ရလဒ်ဖြစ်လို့၊ ပုံမှန် အလေးချိန်ထိန်း ထားသင့်တယ်။
တင်ပါးတစ်ဝိုက်  မွေးညင်းရောင်ရမ်းရင် ကြာရှည်ဖိထားမိခြင်း၊   အလွန်အကျွံကုတ်ခြင်း က ရှောင်ကြဉ်ရမယ်။     တိကျထိရောက်တဲ့ ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးကြရမယ်။ နေပူမိခြင်း၊ အပူလောင် ခြင်းတို့က ရောဂါကိုပိုဆိုးစေလို့၊ အအုပ်၊ အဆောင်းနဲ့သွားသင့်တယ်။ အတွင်းခံ အဝတ်  အစားများ နေ့စဉ်ဆပ်ပြာနဲ့ လျှော်ဖွပ်ဆေးကြော ပြီး၊ မီးပူတိုက်သင့်ပါတယ်။