Main menu

Background

ကျောက်ကပ်အားနည်းရောဂါ

Thu, 03/19/2015 - 21:08 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၁)

ကျောက်ကပ်ဟာ ခန္ဓာကိုယ် အင်္ဂါထဲမှာ အညစ်အကြေးစွန့်တဲ့အင်္ဂါ အဖွဲ့ထဲပါဝင်ပြီး၊ ပဲခြမ်းပုံ သဏ္ဍာန်နှင့် လူတိုင်းမှာနှစ်ခုစီပါရှိတယ်။ ကျောက်ကပ်ရဲ့လုပ်ငန်းမှာ ခန္ဓာကိုယ်မှ စွန့်ထုတ်တဲ့ အဆိပ် အတောက်များကို ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ထုတ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါရပ်ဖြစ်တယ်။ အကြောင်း အမျိုးမျိုးကြောင့် ကျောက်ကပ်မကောင်းရင် ဇီဝကမ္မလုပ်ငန်းများ မလုပ်နိုင်လို့ ခန္ဓာကိုယ်အဆိပ် အတောက်များဟာ၊ သွေးလှည့်ပတ်မှုနောက်ဆက်တွဲ ဆိုးကျိုးများနဲ့ ရင်ဆိုင်ရတာ အသက်အန္တရာယ် နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။
ကျောက်ကပ်ပျက်စီးရခြင်းများ။ ကျောက် ကပ်မှာသာမန်အားဖြင့်   ပျက်စီးဖို့မလွယ်ပါ၊ ဆီးချို၊ သွေးချိုရှိရင် နာတာရှည် ကျောက်ကပ်ကို ထိခိုက်ပြီး၊ ဆေးကုသမှုကောင်းစွာမခံယူရင်၊ ကျောက်ကပ်ပျက်စီးခြင်း ကြုံရတယ်။
ဆီးချို၊ သွေးချိုမဖြစ်အောင် အချိုဓာတ် လွန်ကဲတဲ့ အစားအစာများစွာ လျှော့စားဖို့လို တယ်။ ငါးပိ၊ ငန်ပြာရည်၊ အငန်၊ အချိုမှုန့်ကို လျှော့စားရမယ်။ ဒညင်းသီးဟာ အဆိုးရွားဆုံး ဖြစ်လို့ ကြိုက်လို့စားတာရှောင်ရမယ်။ သင့်တင့် လျောက်ပတ်တဲ့ အစားအစာကိုသာစား ရမယ်။
ကျောက်ကပ်ကို ပျက်စီးစေတဲ့ အစာထဲ မှာ အန္တရာယ်အများဆုံးဖြစ်တဲ့ ဒညင်းသီးကြောင့်၊ ဒညင်းသီး တောက်ပြီး၊ အဆိပ်အဖြစ်ကြုံတွေ့ရ တယ်။ ကလေးနဲ့ငယ်ရွယ်သူအတွက် ကျောက် ကပ်ပျက်စီးတာတွေ့ရတယ်။ မျှစ်၊ မှိုစတဲ့ အစား အစာများကလည်း ကျောက်ကပ်ကို ပျက်စီးစေ တယ်။
အစားအသောက်တွေမှာ ဆိုးဆေးတွေ သုံးတာ၊ မှိုတွေပါနေတာဟာ ကျောက်ကပ်ကို ပျက်စီးစေတယ်။    လက်ဖက်၊ ဂျင်း၊ ငါးပိ၊ စိမ်းစားငါးပိ၊ အချိုရည်ဗူးထဲမှာ ဆိုးဆေးနဲ့ အချို များနေတယ်။ တာရှည်သောက်သုံးစားသုံးရင် ကျောက်ကပ်ပျက်စီးတယ်။
ခဲဓာတ်ပါတဲ့ ငါးခြောက်၊ ပုစွန် ခြောက် တွေဟာ ကျောက်ကပ်ပျက်စီးနိုင်သလို၊ အီကို လိုင်း ဗက်တီးရီးယားက   ဝမ်းလျှောစေပြီး၊ ကျောက်ကပ်ပျက်စီးစေတယ်။
ေ>မဆိုးကိုက်ခံရတဲ့သူဟာ  ခွဲစိတ်ကုသမှု အပြီး၊ ကျောက်ကပ်ပျက်စီးလို့ သေဆုံးတယ်။ အချိန်တိုအတွင်းသွေးခဲ ကာသေဆုံးစေတယ်။ ေ>မဆိပ်မပျံ့မီ ဆေးကုသမှုထိရောက်စွာ ရှိဖို့လို တယ်။  အချို့ေ>မကိုက်ခံရတဲ့လူနာဟာ ခွဲစိတ် ကုသမှုခံယူပြီး အသက်ရှင်ပေမယ့် အချို့ ကျောက်ကပ်ပျက်စီးတယ်။
ဆေးဝါး။ ဆေးဝါးကြောင့် ကျောက်ကပ် ပျက်စီးတယ်။ ကြာရှည် သောက်သုံးရင်ထိခိုက် တယ်။  ကယ်လ်ဆီယမ်ပါတဲ့ ဆေးဝါးကို စွဲမြဲစွာ သောက်ရင် ကျောက်ကပ်ပျက်စီးတယ်။
ကျောက်ကပ်ဆေးဖို့။ ကျောက်ကပ်ဟာ ဆီးထွက်ခြင်းမရှိတော့တဲ့အခါ ဆီးဆေးများ ထိုး၍ မတုံ့ပြန်တဲ့အခါ   သွေးထဲက ရီတင်နင် (အိုင်ရွန်းဓာတ်)များ   ကမောက်ကမဖြစ်ပြီး ကျောက်ကပ် ဆေးဖို့လိုလာတယ်။
ကျောက်ကပ်ဆေးခြင်းဆိုတာ ကျောက် ကပ်ပျက်စီးသွားတဲ့အတွက် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက် များ မဖယ်ရှားနိုင်လို့၊ သွေး ထဲမှာ အဆိပ်အတောက်များက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ရောက်အောင် စက်မှတစ်ဆင့်ထုတ် ပစ်ခြင်းကိုခေါ်တယ်။
အဆိပ်အတောက်များမှာ   သွေးထဲမှာ ကြာရှည်ရှိရင် လူနာအတွက် အသက်အန္တရာယ် ရှိလို့၊ ကျောက်ကပ်ဆေးလိုက်ရင် တစ်ခါတည်း အဖောလျော့သွားတယ်။ မကြာခဏဆေးပေး ရတယ်။ ငွေကြေးအသင့်အတင့်ကုန်ကျတာ တစ်ကြောင်း အချိန်သုံးနာရီမှ ကိုးနာရီအတွင်း ကြာမြင့်တာကြောင့် တစ်ကြောင်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် ဆေးကြောပေးရတာတွေ ကြောင့် ဝင်ငွေနိမ့်ပါးတဲ့ လူတန်းစား အတွက် အခက်အခဲများရှိတယ်။ သည်လိုဆေးကြောတာ နဲ့၊ ကျောက်ကပ်လဲလှယ်ခြင်းတို့ ယှဉ်ကြည့်ပြီး ကိုယ်နဲ့သင့်တော်တဲ့နည်းလမ်းကို ရှာပြီးသုံးကြရ တယ်။ အချို့လည်း ကျောက်ကပ်ဆေးရင်း၊ ပြန် လည်ကောင်းမွန်လာတာရှိ သလို၊ သေဆုံးသွား တာလည်းရှိတယ်။
ကျောက်ကပ်ဆေးတဲ့ လူတစ်ယောက် ဟာ စားချင်တာ မစားရသလို၊  အနေအထိုင် ဆင်ခြင်ရတယ်။ ကျောက်ကပ်ဆေးနေစဉ် ဆီး ဆေးအလွန်သောက် ခြင်း၊ အသီးအနှံလွန်ကဲစွာ စားခြင်း မလုပ်သင့်ဘူး။
ကျောက်ကပ်ရောဂါရှင်များရှောင်ရန်။ ပိုတက်စီယမ်ပါတဲ့ သစ်သီးဖျော်ရည်၊ ကော်ဖီ ခါးခါး၊ ဇောင်းလျားသီး၊ စပျစ်သီး၊ မက်မွန်သီး၊ မာလကာသီး၊     ထောပတ်သီး၊   ငှက်ပျောသီး၊ သရက်သီး၊ စွန်ပလွန်သီး၊ အုန်းသီးများ အခြေခံ စားတဲ့ သီးနှံများဖြစ်တဲ့ မျှစ်၊ မှို၊ ဒညင်းသီး အမျိုး မျိုး ခရမ်းချဉ်သီး၊ ပြောင်းဖူး၊ ဟင်းနုနွယ်၊ ပဲပင် ပေါက်အလုံး၊ ဆီဖြင့် ကပ်ကြော်ထားတဲ့ အစား အစာများ၊ ဖုတ်၊ ကင်ထားတဲ့အစားအစာ များ၊ အချိုမှုန့်အသုံးပြုထားတဲ့ အစားအစာများပါဝင် တယ်။
အသင့်တင့်စားနိုင်တဲ့  အစားအစာ။ လက်ဖက်ရည်၊ ပန်းသီး၊ သစ်တော်သီး၊ အစိမ်း ရောင်ဟင်းသီးဟင်းရွက်၊ မုန်လာဥ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ဆလတ်ရွက်များ၊ ပျားရည်၊ ဆန်၊ ဂျုံ၊ ပြောင်း၊ ခေါက်ဆွဲအစားအစာ များ၊ ခေါက်ဆွဲနှင့်ပေါင်မုန့်အကြမ်း၊ ကြက်သား၊ ငါးအမျိုးမျိုးဖြစ်တယ်။
လူသားရဲ့   ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းအမျိုးမျိုးရှိသလို၊  ၎င်းင်းတို့ရဲ့   လုပ်ငန်း ဆောင်ရွက်ပုံမတူကြဘူး။ ခန္ဓာကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများရှိရာကို အဆိပ်အတောက် ရောက်ရှိစု ပုံလာနိုင်တယ်။ ယင်းအဆိပ်အတောက် များက ဆီးနဲ့အတူခန္ဓာကိုယ်ပြင်ပစွန့် ထုတ်ပစ်ရ တယ်။
ခန္ဓာကိုယ်ကျန်းမာတဲ့ လူတစ်ယောက်ဟာ ကျောက်ကပ်မှတစ်ဆင့် အညစ်အကြေးစွန့်ထုတ် ပစ်တယ်။ အစားအသောက်အနေအထိုင် မဆင် ခြင်မှုကနေ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ ကြောင့် ကျောက်ကပ်ပျက်စီးတယ်။ ယင်းအခြေ အနေရောက်ရှိရင် ကျောက်ကပ် မကြာခဏ ဆေးပြီး၊ ကျောက်ကပ် လဲလှယ်တဲ့အဆင့် ရောက် ရှိကာ ငွေကုန်ကြေးကျများလွန်းတယ်။ ကိုယ် စိတ်ပင်ပန်းပြီး၊ အသက်တိုတောင်းစေတယ်။
ကြိုတင်ကာကွယ်ခြင်း။ ကျောက်ကပ် အတွင်း အားနည်းပျက်စီးခြင်းကြောင့် အသက် အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ရောဂါမျိုး ကမ္ဘာမှာ ကျောက်ကပ်တစ်မျိုးပဲရှိတယ်။ ကမ္ဘာ့သုတေ သနအရ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကျောက် ကပ်ရောဂါဖြစ်နေတယ်ဆိုတယ်။
ကျောက်ကပ်ရောဂါမဖြစ် အောင် ဆီးချို၊ သွေးချို၊ သွေးတိုးမဖြစ်ရအောင် ဂရုစိုက်စားသုံး ရမယ်။
ငယ်ရွယ်တုန်းကျောက်ကပ်ရောဂါ မဖြစ် အောင် ရှောင်သင့်တဲ့အစာ   ရှောင်ပြီး အဆိပ် အတောက်များကင်းစင်မှ    သက်တမ်းစေ့ ကျန်းမာပျော်ရွှင် စွာနေနိုင်မယ်။ ကျောက်ကပ်နဲ့ ပတ်သက်ပြီး   တစ်စုံတစ်ရာ   သံသယရှိရင်၊ အစောဆုံးကုသမှု   ခံယူရမယ်။ ကျောက်ကပ် ဆေးခြင်း   မဖြစ်ရအောင် ငန်လွန်း၊ ချိုလွန်း၊ အဆိပ်အတောက် ဖြစ်စေတဲ့ အစားအစာတွေ ရှောင်ရမယ်။ အညစ်အကြေးပုံမှန်စွန့်ရမယ်။

ဒေါက်တာလွင်သန့်