Main menu

Background

မာလကာသီးရဲ့ အံ့သြဖွယ် ကျန်းမာရေးအထောက်အကူပြုမှုများ

Thu, 03/19/2015 - 21:16 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၁)

Myrtle မျိုးရင်းဝင်မာလကာသီး(Guava) ဟာ အပူပိုင်းဒေသ သီးနှံတစ်ခုဖြစ်ပါတယ်။ သူရဲ့ မူရင်းဒေသဟာ အမေရိကန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်၊ တောင်အမေရိကတိုက်ရဲ့ မြောက်ပိုင်းဒေသ ဖြစ်သော်လည်း ယခုအခါ စူပါမားကက်များမှာ အများအပြားရရှိနိုင် ပြီဖြစ်ပါတယ်။
မာလကာသီးမှာ ဗိုက်တာမင်စီ အရင်းအမြစ်အများဆုံးပါရှိပါ တယ်။ တစ်နေ့ကို မာလကာသီး တစ်လုံးစားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီ ၃ ဆခန့်ထိ ဖြည့် ဆည်းပေး နိုင်ပါတယ်။ သစ်သီးမှာတင်အာဟာရဓါတ်များပါရှိနေရုံ မကဘဲ အရွက်နဲ့ အခေါက်များမှာ လည်းကျန်းမာရေးအတွက် အကျိုး ရှိစေတဲ့ အာနိသင်များပါရှိနေပါတယ်။

ခံနိုင်ရည်အားမြင့်မား
မာလကာသီးမှာ ဗိုက်တာမင်စီ ပါဝင်မှုဟာ လိမ္မော်သီးမှာပါဝင် တာထက်ပိုပါတယ်။မာလကာသီးတစ်လုံးမှာ ဗိုက်တာမင် စီ ၂၂၈ မီလီဂရမ်ပါရှိပြီး   ထိုပမာဏဟာ  ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီ  ပမာဏရဲ့ ၃၃၈ ရာခိုင်နှုန်းဝန်းကျင်ကို ဖြည့်ဆည်း ပေးနိုင်ပါတယ်။  ဗိုက်တာမင်စီဟာ အာဂန္တုရောဂါ၊ အထွေထွေရောဂါ များဖြစ်တဲ့ အအေးမိခြင်း၊ ဖျားနာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။  ဒါ့အပြင် နာတာရှည်ရောဂါဖြစ်တဲ့ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းတို့ကို လည်း တားဆီးပေးနိုင်ပါတယ်။

ကင်ဆာဖြစ်ပွားနိုင်မှုအား တားမြစ်နိုင်
မာလကာသီးမှာ ကင်ဆာမဖြစ်ပွားစေနိုင်သော ဒြပ်ပေါင်းများ ဖြစ်တLycopene, Phytonutrients, Flavonoid များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းများဟာ ကင်ဆာဖြစ်ပွားမှုကို ဖယ်ရှားနိုင်တဲ့အပြင် ခန္ဓာ ကိုယ်မှာ ရှိတဲ့ အဖုအကြိတ်များ (Tumors)  ကို ကျုံ့စေနိုင်စွမ်းလည်းရှိပါ တယ်။
ဗိုက်တာမင် စီ အပြင် မာလကာသီးမှာ ပိုတက်စီယမ်ဓါတ်လည်း ပေါကြွယ်ဝတယ်လို့ သိရပါတယ်။
မာလကာသီးမှာ ဗိုက်တာမင်B 6 ၊ E  နဲ့Kတို့မြင့်မားစွာပါရှိတယ် လို့သိရပါတယ်။ သတ္တုဓါတ်များဖြစ်တဲ့ Folate , Niacin, Copper, Manganese eနဲ့ Pantothenic အက်စစ်များလည်း ပြည့်ဝလျက်ရှိပါ တယ်။ ဒီသတ္တုဓါတ်တွေဟာ ခန္ဓာကိုယ်အတွင်း သွေးဖွဲ့စည်းမှု၊ ခန္ဓာ ကိုယ်အတွက် သံဓါတ်ကို စုတ်ယူနိုင်စွမ်းတွေပေးပါတယ်။ သံဓါတ် ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးနီဥ အသစ်များပွားများရန် အထောက်အကူပြုပါတယ်။ သွေးနီဥများဟာ ခန္ဓာကိုယ်အစိတ် အပိုင်းများက လိုအပ်တဲ့အောက်ဆီဂျင်များ ကို သယ်ဆောင်ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ သွေးနီဥများလေ ခန္ဓာကိုယ်အတွက်ကောင်း လေဖြစ်ပါတယ်။ သံဓါတ်ဟာ သွေးအားနည်းခြင်း  (Anemia) ကို ကာကွယ်ပေးပြီး သွေးနဲ့ ဆက်နွယ်တဲ့ အခြားရောဂါများ ဖြစ်ပွားမှုကို လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်လျှော့ချပေး
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သကြားပမာဏပဲရှိစေဖို့ သင် စားတဲ့အစားအစာတွေကို သတိထား စားသုံးသင့်ပါတယ်။ မာလကာ သီးကို သွားရေစာအဖြစ်စားသုံးသင့်ပါတယ်။ မာလကာသီးမှာ အမျှင် ဓါတ် (fiber) များစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းတယ်လို့ သိရပါ တယ်။ မာလကာသီးဟာ ဘယ်လောက်ပဲ ချိုနေပါစေ ခန္ဓာကိုယ် အလေးချိန်ကိုလျှော့ချပေးတဲ့အပြင် သွေးထဲမှာ ကိုလက်စထရောများ စိမ့်ဝင်မှုကိုလည်း တားဆီးပေးနိုင်တယ်။
ရှင်ပါဂူ