Main menu

Background

မန္တလေး၀ယ်လက်များကြောင့် ပြည်မြေပဲဆန်စျေးပြန်မြင့်တက်လာ

Wed, 10/28/2020 - 15:19 -- journal_editor

ယခုအပတ် ပြည်စျေးကွက်တွင် မြေပဲဆန်စျေးများမှာ ဆီကြိတ်ဆန်နှင့် လုံးဆန်အဖြူမှာ စျေးမြင့်လာပြီး လုံးဆန်အနီမှာ  ယခင်အပတ်ကအတိုင်းစျေးငြိမ်နေတာတွေ့ရပါတယ်။  ပြည်-အောင်လံကြား​ကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ ရက်ခြား၀င်ရောက်မှုရှိလို့ တစ်ပတ်လျှင် မြေပဲဆန်အိတ် (၁၃၀၀ မှ ၁၄၀၀) ကြား၀င်ရောက်မှုရှိတာတွေ့ရပါတယ်။ လုံးဆန်အဖြူကို မန္တလေး၀ယ်လက်များကအ၀ယ်ရှိပြီး လုံးဆန် အနီကို မြို့တွင်းပဲလှော်ဖိုသမားများကအ၀ယ်ရှိသလို ဆီဆန်ကို မကွေးဆီစက်များနှင့် မြို့တွင်းဆီစက်သမား များက အ၀ယ်ရှိတယ်လို့ သိရပါတယ်။  ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ လုံးဆန် အဖြူ တစ်ပိဿာလျှင် ၂၆၀၀ ကျပ် နှင့် လုံးဆန် အနီ တစ်ပိဿာလျှင် ၂၈၀၀ ကျပ်ဖြင့် ၀င်ရောက်မှုရှိ သလောက် အရောင်းအ၀ယ်ဖြစ်လျှက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)