Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Thu, 07/31/2014 - 08:18 -- ydnar

 

အာရှဒေသရဲ့ စီးပွားရေးကိန်း ဂဏန်းတွေအရဒေသတွင်းစီးပွားရေးဖွံ့ ဖြိုးမှုအခြေအနေ မြင့်တက်လာမှာကို ပြသနေပါတယ်။ ဒါကြောင့် ယခုရက် သတ္တပတ်အတွင်းမှာ အာရှဒေသရှိငွေ ကြေးအများစုရဲ့ ရက်သတ္တပတ်အလိုက် တန်ဖိုးတွေမြင့်တက် လာ ပါတယ်။ယခုတစ်ကြိမ်မြင့်တက်ရာမှာရှစ်လအတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့တဲ့ဘတ်ငွေတန်ဖိုးက

ဦးဆောင်မြင့်တက်ခဲ့ တာဖစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ကုန်ချောထုတ် ပ်မှုလုပ်ငန်းတွေရဲ့ ပဏာမကိန်းဂဏန်းအခြေအနေတွေက၂၀၁၃ခုနှစ် ဇန်နဝါရီေ နာက်ပိုင်းမှာ အမြင့်ဆုံးအခြေအနေကိုေ ရာက်ရှိခဲ့ပါတယ်။ယခင်ရက် သတ္တပတ်ကထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းစာရင်း ဇယားေ တွအရတရုတ် နိုင်ငံရဲ့ဒုတိယသုံးလပတ်ဖွံ့ဖြိုးတိုးတက်မှုက မူလခန့်မှန်းထားတာထက် ကျော်လွန်ခဲ့ပါတယ်။တရုတ် (တိုင်ပေ)  ရဲ့ ဇွန်လ ပို့ကုန်အမှာစာတွေက လည်း ၁၇လအတွင်းမှာ အမြင့်မားဆုံး အခြေ အနေကို ရောက်ရှိခဲ့ပါတယ်။
ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ တွေက အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင် ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့က စတော့ ရှယ်ယာေ တွနဲ့ ဘွန်းစာချုပ်တွေကို ယခု ရက်သတ္တပတ်အတွင်း ထုတ်ရောင်း ထားတာထက် ပြန်လည် ဝယ်ယူခဲ့တဲ့ ပမာဏက ဒေါ်လာ ၃ ဒသမ ၄၆ ဘီလီယံဖိုး ပိုမိုခဲ့ပါတယ်။ရုရှားနိုင်ငံနဲ့ ယူကရိန်းတို့ အငြင်း ပွားမှုအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ဂယက်က ယူရိုငွေကြေး တန်ဖိုးအပေါ် မှာ ရိုက်ခတ်မှုရှိလာတဲ့အတွက် ယခု ရက်သတ္တပတ်မှာ ယူရိုငွေကြေးတန်ဖိုး ကျဆင်းခဲ့ပါတယ်။
တရုတ်ယွမ်

 

တရုတ်နိုင်ငံ နိုင်ငံခြားငွေ ရောင်း ဝယ်ရေးဌာနမှာတရုတ်ယွမ်ငွေကြေးရဲ့ ဒေါ်လာနဲ့ ဖလှယ်နှုန်းကို သုညဒသမ ၁၈ရာ ခိုင်နှုန်းတန်ဖိုးချပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၅၉၄ ယွမ်နှုန်းအဖြစ် ဗဟိုဘဏ်က သတ်မှတ်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံ ရဲ့ နိုင်ငံခြားငွေဖလှယ်ရေးလက်ငင်းဈေးကွက်မှာတော့ ငွေကြေးဖလှယ်နှုန်းကိုနှစ်ရာခိုင်နှုန်းအတက် အကျထားပြီးဖလှယ်ခွင့်ေ ပး ထားပါ တယ်။
အိန္ဒိယရူပီး
ပြည်တွင်းရှယ်ယာဈေးကွက်အတွင်း ရှယ်ယာဈေးတွေ ကျဆင်းနေချိန်မှာ ပင်လယ်ရပ်ခြား မှာ  ဒေါ်လာ တန်ဖိုး တွေမြင့် တက်ေ နတဲ့အတွက် ဘဏ် အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေး ဈေးကွက်မှာ ဇူလိုင် ၂၅ရက်က ရူပီးငွေ ကြေးတန်ဖိုးက သုညဒသမ ၀၅ရူပီးနှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၆၀ ဒသမ ၁၇ ရူပီးနှုန်းရှိခဲ့ပါတယ်။ ရူပီးတန်ဖိုးကျ ဆင်းတာက သွင်းကုန် လုပ်ငန်း ရှင်တွေ ရဲ့ ဒေါ်လာဝယ်လိုအားကြောင့်လည်း ဖြစ်ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။
ဂျပန်ယန်း
အမေရိကန်ဒေါ်လာငွေကြေးက ဇူလိုင် ၂၅ရက်မှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၅ယန်းနှုန်းအထက်မှာ ရှိနေပါ တယ်။
နယူးယောက်မှာရှိတဲ့ ယခင်ရက် ကနှုန်းနဲ့ နှိုင်းယှဉ်ရင် အပြောင်းအလဲ မရှိသလောက်ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၂၄ရက် ညနေ ၅နာရီက ဖလှယ်နှုန်းမှာ တစ်ဒေါ်လာကို နယူး ယောက်မှာ ၁၀၁ ဒသမ ၇၆ ယန်းနဲ့ တိုကျိုမှာ ၁၀၁ ဒသမ ၄၅ ယန်းဝန်း ကျင်ရှိရာမှ ဇူလိုင် ၂ရက် နံနက် ၉နာရီ မှာ ၁၀၁ ဒသမ ၇၆ ယန်းနှုန်းရှိခဲ့ပါ တယ်။
ယူရိုငွေကြေးတန်ဖိုးက တစ်ယူရို ကို နယူးယောက်မှာ ၁ဒသမ ၃၄၆၀ ဒေါ်လာနှင့် ၁၃၇ ဒသမ ၀၃ ယန်းသို့ လည်းကောင်း၊ တိုကျိုမှာ ၁ ဒသမ ၃၄၇၃ ဒေါ်လာနှင့် ၁၃၆ ဒသမ ၆၉ ယန်းသို့လည်းကောင်းရောက်ရှိခဲ့ပါ တယ်။ ဇူလိုင် ၂၅ရက်တွင်မူ တစ်ယူရိုကို ၁ ဒသမ ၃၄၆၅ဒေါ်လာနှင့် ၁၃၇ ဒသမ ၀၂ ယန်းနှုန်း အသီးသီး ရှိခဲ့ပါ တယ်။
မလေးရှားရင်းဂစ်
အမြတ်နဲ့ ထုတ်ရောင်းတဲ့ ပမာဏ များလာတဲ့အတွက် ဇူလိုင် ၂၅ရက်ဈေး အဖွင့်မှာ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့တယ် လို့
ဝယ်ရောင်းသမားတစ်ဦးကပြောပါ တယ်။ မနက် ၉နာရီ ၃၀မိနစ်မှာ ရင်း ဂစ်နဲ့ ဒေါ်လာဖလှယ်နှုန်းက တစ်ဒေါ် လာကို ၃ဒသမ ၁၇၆၀ ရင်းဂစ်နှုန်းရှိခဲ့ ပါတယ်။ ကြာသပတေးနေ့ကရှိခဲ့တဲ့ တစ်ဒေါ်လာ ၃ ဒသမ ၁၇၃၅ ရင်းဂစ် ကနေ တန်ဖိုးကျခဲ့ တာ ဖြစ် ပါတယ်။ ဒါပေမဲ့ တခြားအဓိက ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။
တောင်ကိုရီးယားဝမ်
ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တွေက အာရှစတော့ ရှယ်ယာတွေနဲ့ ဘွန်းစာချုပ်တွေကို အရောင်းထက် အဝယ်က များခဲ့ တဲ့အထဲမှာ တောင်ကိုရီးယား ရှယ်ယာဈေးကွက်တွေလည်း ပါဝင်ခဲ့ပါတယ်။ တောင်ကိုရီးယားဝမ် တန်ဖိုးကဇူလိုင် ၂၅ရက် မှာ သုညဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာ ကို ၁၀၂၉ ဒသမ ၂၄၀မ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ်
ထိုင်းနိုင်ငံမှာ လပေါင်းများစွာရှည် ကြာခဲ့တဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေက မေလမှာစစ်တပ်ကအာဏာသိမ်းပြီး နောက် ငြိမ်သက်သွားကာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးလာခဲ့ ပါတယ်။ နိုင်ငံခြားငွေတွေစီးဝင်လာတာ ကလည်း ဘတ်ငွေတန်ဖိုးကိုအထောက်အကူဖြစ်စေခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုး ယခုရက်သတ္တပတ်အတွင်း သုညဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။ ဘန် ကောက်မှာ မနက် ၁၀နာရီခွဲက ဘတ် ငွေတန်ဖိုးဟာတစ်ဒေါ်လာကို ၃၁ ဒသမ ၈၆၅ဘတ်နှုန်းရှိပြီး သုညဒသမ ၉ ရာခိုင်နှုန်းတိုးမြင့်ကာ ငါးရက်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။