Main menu

Background

မြေသြဇာဈေးကွက်အခြေအနေ

Wed, 10/28/2020 - 14:29 -- journal_editor

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်၊ တောင်ကြီး၊ မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်း သိရသည်။

မော်လမြိုင်ဈေးကွက်၌ ယခုတစ်ပတ်သီတင်းကျွတ်ပိတ်ရက် အမှီ အဝယ်ရှိနေ သောကြောင့် အရောင်းပုံမှန်ရှိသော်လည်း ဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ပုလဲ-အကြီး (အမ်စီ) ကျပ် ၂၅၀ဝ၀၊ ပုလဲ-မြန်မာ (နဂါး-တရုတ်)ကျပ်၂၆၅၀ဝ၊ ပုလဲ-မြန်မာ (စုစံ)ကျပ် ၂၄၅၀ဝ၊ ကွန်ပေါင်း(အစိမ်း) (၁၅း၁၅း၁၅)(အမ်စီ)ကျပ် ၄၀ဝ၀ဝ၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ကျပ် ၂၃၀ဝ၀၊ ကွန်ပေါင်း (တရုတ်) (၁၀း၁၀း၅)(မြှားနီ)ကျပ်၂၀ဝ၀ဝ၊ တီစူပါ(၂၀%) (မြှားကမ္ဘာ-တရုတ်)ကျပ် ၂၂၅၀ဝ၊ ပိုတက်(မာကိုတာ)ကျပ်၂၇၀ဝ၀၊ ပိုတက်(အမ်စီ)(နွားခေါင်း)ကျပ် ၂၈၀ဝ၀၊ ကွန်ပေါင်း(ထိုင်း) (Grow How)ကျပ် ၃၇၀ဝ၀ ဖြင့်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရှိရ သည်။

မန္တလေးဈေးကွက်၌ အရောင်းအေးပြီးစျေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်) ကျပ်၂၃၄၀ဝ၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ် ၂၄၀ဝ၀၊ တီစူပါ(၄၆%-တရုတ်)ကျပ် ၂၁၂၀ဝ၊ မြှားသီးစုံကျပ် ၁၇၆၀ဝ၊ ပန်းသီးစုံ ကျပ်၁၇၆၀ဝ၊ အာမို (၁၀း၁၀း၅)ကျပ် ၁၈၅၀ဝ၊ အာမို(၁၅:၁၅:၁၅) ကျပ် ၃၈၅၀ဝ၊ ပိုတက် ကျပ် ၂၅၅၀ဝ၊ မြှားကမ္ဘာ ကျပ် ၁၇၆၀ဝ၊ မြှား(၁၅:၉:၈) ကျပ် ၂၁၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။

မကွေးဈေးကွက်၌ သီတင်းကျွတ်ပိတ်ရက်များ ရှိသော်လည်း အရောင်းအဝယ် အေးနေကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ မြှားကမ္ဘာ-တရုတ် (၁၂:၁၃)ကျပ် ၁၇၅၀ဝ၊ ဆင်(၁၀:၁၀:၅)ကျပ် ၁၇၈၀ဝ၊ သီးစုံ(ဝါစိမ်းပြာ)ကျပ် ၁၈၀ဝ၀၊ အာမို(၁၅:၁၅:၁၅)ကျပ် ၃၈၆၀ဝ၊ အာမို(၁၆:၁၆:၈)ကျပ် ၃၆၃၀ဝ၊ အာမို(၁၀း၁၀း၅)ကျပ် ၁၉၃၀ဝ၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ကျပ်၂၄၇၀ဝ၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)ကျပ် ၂၄၇၀ဝ၊ မြှားကမ္ဘာ(၁၅:၇:၈) ကျပ် ၂၁၅၀ဝ၊ တောင်သူမ ကျပ် ၁၈၀ဝ၀၊ တီစူပါကျပ် ၂၂၇၀ဝ၊ ဇာမနီကျပ်၁၉၀ဝ၀၊ တက်တိုး ကျပ်၂၂၀ဝ၀ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။

တောင်ကြီးဈေးကွက်၌ အရောင်းအဝယ်အေးပြီးဈေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၄၆၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၅၆၀ဝ၊ ပိုးသတ်ဆေးကျပ် ၂၂၀ဝ၊ တီစူပါ (၁၅)ပတ်လည်(တရုတ်)ကျပ် ၃၉၅၀ဝ၊ တီစူပါ (၁၀:၁၀:၅)(တရုတ်)ကျပ် ၁၈၀ဝ၀၊ ဓာတ်ဆား(တရုတ်)ကျပ် ၁၄၅၀ဝ၊ ပိုတက်(တရုတ်) ကျပ်၂၇၀ဝ၀၊ ယူရီးယား(ယူအေအီး) ကျပ် ၂၅၀ဝ၀၊ မြှားကမ္ဘာ ကျပ်၁၈၅၀ဝ၊ ရွက်ဖျန်းကျပ် ၃၀ဝ၀၊ ဆိုင်ကလုန်း ကျပ် ၃၀ဝ၀၊ ဆိုက်ပါကျပ် ၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်း မှစုံစမ်း သိရှိရသည်။

သီတာဝင်း(MOC)