Main menu

Background

ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ ကျပ် ၆၇ သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန်နဲ့ ငါးဖမ်းပိုက်များရှာဖွေတွေ့ရှိ

Tue, 09/02/2014 - 08:47 -- ydnar

 

သြဂုတ်လ ၁၄ရက် ၀၆ း၀၀ ချိန်မှာထားဝယ်မှရန်ကုန်သို့ ထွက်ခွာလာတဲ့ဝင်းရတနာခရီးသည်တင်မှန်လုံ ယာဉ် 5E/xxxx နဲ့မြဝတီမှပဲနွယ်ကုန်း ပြေးဆွဲတဲ့ တက်သစ်စမှန်လုံယာဉ်  3C/xxxx  ပေါ်မှ ထိုင်းနိုင်ငံထုတ်Beer Chang ၊အကောက်ခွန်မဲ့စားသောက်ကုန် များ၊ပုလင်းဖုံးများနဲ့ ငါးဖမ်းပိုက်ကွန်များ ကျပ် ၆၇ ဒသမ ၀၃၀သိန်းဖိုးကို Mobile Team -၂ အဖွဲ့က သြဂုတ် လ ၁၄ ရက်နေ့က စစ်ဆေးတွေ့ရှိ သိမ်း ဆည်းခဲ့တယ်လို့သတင်းရရှိပါတယ်။

သိမ်းဆည်းရမိတဲ့ စားသောက် ကုန်များ ကတော့M-150 အချိုရည်၊ ပဲနို့၊ ပုစွန်ငံပြာရည်၊ ခရုဆီ၊ ကျောက် ကျောမှုန့်၊ ငါးသေတ္တာ၊ နို့မှုန့်၊ ကော်ဖီမစ်၊ ဝိုင်တို့ဖြစ်ပြီး ခန့်မှန်းတန်ဖိုး အားဖြင့် ကျပ် ၄၁ သိန်း ကျော်ဖိုးဖြစ် ပါတယ်။ သိမ်းဆည်းရ မိငါးဖမ်းပိုက်များရဲ့ ခန့်မှန်းတန်ဖိုးကတော့ကျပ်၂၅ သိန်းကျော်ဖြစ်ပြီး ပုလင်းဖုံးများ ကတော့ကျပ် ၇၂၀၀၀တန်ဖိုးရှိပါတယ်။ လိုင်စင်IDမပါတဲ့ အကောက်ခွန်မဲ့စားသောက်ကုန်များထိုင်းနိုင်ငံထုတ်ငါးဖမ်းပိုက်ကွန်များ၊ ပုလင်းအဖုံးခွံများ နဲ့တင် သွင်းရန်ကန့်သတ်ထားတဲ့ ဝိုင်၊ ဘီယာချမ်းများကိုအကောက်ခွန်အမှုတွဲများ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။