မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၂၃၈၁၂ တန်ဖိုးရှိတဲ့မျှစ်စို ၁၇၈ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ၂၀၁၃ ခုနှစ် သြဂုတ်လ မှာ တော့၃၄တန်ခွဲတင်ပို့ခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးနဲ့ ပြင်ဦးလွင်ဒေသအနီး တစ်ဝိုက်ဟာ မျှစ်လှိုင်လှိုင်ထွက်တဲ့ ဒေသတွေ ဖြစ်ပါတယ်။ မျှစ် လှိုင်လှိုင်ပေါတဲ့ အချိန်မှာရောင်းအား ကောင်းပေမဲ့ ဈေးကောင်း ရလေ့ မရှိပါ။ စက်တင်ဘာနဲ့အောက်တိုဘာလများဟာ မျှစ်လှိုင်လှိုင်ပေါတဲ့အချိန်လို့သိရပါ တယ်။
Background