Main menu

Background

စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ထိုင်းနိုင်ငံThailand Convention & Exhibition Bureau တို့ကြားနားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုး

Tue, 09/02/2014 - 08:55 -- ydnar

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ထိုင်း နိုင်ငံ Thailand Convention & Exhibition Bureau တို့ကြား နားလည် မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို
သြဂုတ်လ ၁၉ရက်နေ့က မင်းရဲကျော် စွာလမ်းရှိ့UMFCCIရုံးချုပ်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး Mr. Pisanu Suvanajata ၊ ထိုင်းနိုင်ငံ
TCEB(Thailand Convention & Exhibition Bureau) မှ ဥက္ကဋ္ဌ မစ္စတာ နိုပါရတ်မေသာဝီကူချိုင်နှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာနမှ တာဝန်ရှိသူများ၊ဖိတ် ကြားထားသော ဧည့်သည်ေ တာ်များ တက်ရောက်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက  မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့်ကုန်သွယ် ရာ တွင် ဒုတိယမြောက်အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ ယခု ထိုင်းနိုင်ငံ၏ TCEBနှင့် နားလည်မှု
စာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့်နှစ်နိုင်ငံစလုံးတွင် စီးပွားရေးဆိုင်ရာခရီး သွားလာခြင်းလုပ်ငန်းများတိုး တက်လာ မည်ဟုယူ ဆပါကြောင်းဖြင့်ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံ မှ TCEBြ ဥက္ကဋ္ဌ မစ္စတာနိုပါရက်မေသာဝီကူချိုင်က ထိုင်း နိုင်ငံ၏TCEB ကိုတည်ထောင်ခဲ့သည်မှာ ၁၁နှစ်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ထို့ကြောင့်ဆောင်ရွက်လျက်ရှိ သည့်MICE(Meeting, Incentives, Conventions and Exhibitions)လုပ်ငန်းများ
သည်လည်း ၁၁နှစ်ကြာ ဆောင်ရွက်ခဲ့သဖြင့် ယင်းအတွေ့ အကြုံ ကောင်း များကိုမြန်မာနိုင်ငံသို့မျှဝေပေး နိုင်ပါကြောင်း၊MICE Industry သည် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းကို အထောက် အကူပေးနေသည့်လုပ်ငန်း တစ်ခုပင်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ယင်းလုပ်ငန်းကို တိုးတက်အောင်လုပ် ဖို့ တိုက်တွန်း လိုပါကြောင်းဖြင့် ပြော ကြားခဲ့သည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့်MICE လုပ်ငန်းများသည် နိုင်ငံ၏စီးပွားရေးကိုတိုးတက်စေသည်ဟုယုံကြည်သဖြင့် အဆိုပါ MICE(Meeting, Incentives. Conferencing, Exhibitions) လုပ်ငန်းကိုTCEBနှင့် ချိတ်ဆက်၍ ဆောင် ရွက် ခဲ့ကြောင်း သိ ရသည်။
TCEB ၏ ဆောင်ရွက်မှုကြောင့်၂၀၁၃ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းသို့စီးပွားရေးလုပ်ငန်းများဖြင့်ဝင်ရောက် လာ သည့်နိုင်ငံခြားသားခရီးသွားဧည့်သည်အရေအတွက်မှာ၁၀သန်းကျော်ခဲ့ပြီးအဆိုပါနိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင် ခရီးသွားဧည့်သည်များဝင် ရောက်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း TCEB ၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ယခု ၂၀၁၄ခုနှစ်တွင် လည်း ွှTCEBအနေဖြင့် ခရီးသွားလုပ် ငန်းရှင်ဧည့်သည်ပေါင်း ကိုးသိန်းနီးပါး အထိ ဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်း ထားပြီး ယင်းကဲ့သို့ ဝင်ရောက်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၀ ဘီလီယံ ရှိလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
ထိုင်းနိုင်င်TCEB နှင့် မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ကြားနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး ခဲ့မှုကြောင့် ထိုင်းနိုင်ငံအနေဖြင့် ၎င်းင်းတို့ ၏ ၁၁နှစ်ကြာမြင့်ခဲ့သည့်ြှုဃန နှင့် ပတ်သက် သည့်အတွေ့အကြုံကောင်းများ ကိုမျှဝေပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါTCEBကို ဆောင်ရွက်ရွက်ရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်လျှင် ပိုမိုကောင်းမွန်မည်ဖြစ်သဖြင့် ယခုကဲ့ သို့နှစ်နိုင်ငံအကြားနားလည်မှု စာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများ၊ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ကာလတိုသင်တန်းများကိုလည်းဖလှယ်  ပေးနိုင်မည်ဖြစ်သည့်အပြင် Business Trade Mission  များကိုလည်း အပြန် အလှန်စေလွှတ်၍အတွေ့အကြုံကောင်း များကို ရယူနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်TCEB၏ အထူးပရိုမိုးရှင်း များဖြင့် ခရီးသွားအေဂျင်စီများကို Incentive များ ပေးသည့်အစီအစဉ်များကိုလည်း ထည့် သွင်းကာလုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။