Main menu

Background

ရှမ်းချင်းဈေးကွက် ပြည်တွင်းသုံးနဲ့ လက်လီအတွက်သာ အရောင်းရှိ

Wed, 02/18/2015 - 21:14 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

           ဟိုပုံးချင်း (စို) တွေလည်း ဈေးကွက်မှာ အတော်အသင့်ဝင်ရောက်လာပါပြီ။ ဟိုပုံးချင်းက အရည်အသွေး ကောင်းပေမယ့် အစိုက်နည်းလို့ အထွက်လည်းနည်းပါ တယ်။  ဒီတစ်နှစ်၊ နှစ်နှစ်မှာ ပြည်ပဝယ်လိုအားနည်းပြီး ပြည်တွင်းသုံးသာရှိလို့ အရောင်းအဝယ်ကလည်း ပုံမှန်သာဖြစ်နေပါတယ်။ ပြည်ပဝယ်လက်မရှိတော့ ဈေး ကလည်း ထင်သလောက် မကောင်းတာကြောင့် ခြံရှင်တွေအတော်များများကလည်း မဖော်ကြသေးပါဘူး။
           ဟိုပုံးချင်းကလည်း ပြည်တွင်းသုံးနဲ့  လက်လီဈေးကွက်အတွက်သာ ရောင်းရ တယ်လို့လည်းသိရပါတယ်။ ဈေးမကောင်းဘူးလို့ဆိုပေမယ့် ဒီဈေးနဲ့လည်း ချင်း ခြောက်ကို မလုပ်နိုင်ကြဘူးလို့  ဆိုပါတယ်။ ဟိုပုံးချင်းဈေးကွက်မှာ ပယ်ချင်းတောင် တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပါတယ်။  ဒီနှစ်က ရှမ်းပြည်နယ်မှာ  ဒီဇင်ဘာလလောက် ထိ မိုးရွာခဲ့တာကြောင့် သီးနှံတွေအတော်များများလည်း  ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ချင်းတက်တွေလည်း အခက်ကြီးလှတွေ  အထွက်နည်းပြီး (စက) လို့ခေါ်တဲ့ ချင်း (လတ်စ)တွေသာ အထွက်များပါတယ်။
          ဟိုပုံးချင်းဈေးကွက်မှာတော့   ပယ်ချင်းက  တစ်ပိဿာ ၄၀၀ ကျပ်၊ စက (လတ်စ) က ၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။ အထွက်နည်းတဲ့ အခက်ကြီး^လှတွေက တစ်ပိဿာကို ၇၀၀ ကျပ်၊ ၈၀၀ ကျပ်ဈေးရှိ ပါတယ်။
       ချင်းခြောက်ကတော့ လက်ကျန် လုံးဝမရှိတော့ဘူးလို့ ဟိုပုံးချင်းဈေးကွက်က သိရပါတယ်။  အောင်ပန်းဈေးကွက်မှာလည်း ချင်း (စို) တစ်ပိဿာ ၃၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေးရှိပြီး အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ ချင်း ခြောက်ကတော့ တစ်ပိဿာကို ၁၅၀၀ကျပ်မှ ၁၉၀၀ကျပ်ဈေးပေါက်နေပါတယ်။
ဧဧခိုင်-တောင်ကြီး