Main menu

Background

ဘိလပ်မြေဈေးကွက် အခြေအနေ

Wed, 10/28/2020 - 14:30 -- journal_editor

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းပုံမှန်ရှိကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

          မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအေးပြီးစျေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အေသုံးလုံး ကျပ် ၄၀ဝ၀၊ အယ်လ်ဖာကျပ် ၃၉၀ဝ၊ ခရောင်း (၅၂၅) ကျပ် ၄၄၀ဝ၊ ခရောင်း(၄၂၅)ကျပ် ၄၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          မော်လမြိုင်ဘိလပ်မြေဈေးကွက်၌ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ် ကိုင်လာသောကြောင့် အရောင်းပုံမှန်ရှိလာကြောင်း သိရသည်။ အရောင်းပုံမှန်ရှိသော် လည်း စျေးငြိမ်နေကြောင်းသိရသည်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ဆင်မြန်မာ ကျပ် ၅၆၀ဝ၊ ကြံ့တစ်ကောင် (ပြာ) ၅၀၂၅ကျပ်၊ ကြံ့နှစ်ကောင်(နီ) ၅၁၁၅ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မကွေးဘိလပ်မြေဈေးကွက်၌      ယခုတစ်ပတ်မှာလည်းအရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အပါချီ ကျပ်၄၅၀ဝ၊ ကြံ့ကျပ်၄၇၀ဝ၊ ကမ္ဘောဇကျပ် ၅၅၀ဝ၊ ဘလူးဒိုင်းမွန်း ကျပ် ၅၂၀ဝ၊ အယ်လ်ဖာကျပ် ၄၃၀ဝနှင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

သီတာဝင်း(MOC)