Main menu

Background

ယခုတစ်ပတ်နို့ဆီတန်ချိန် ၆၀၀ ကျော်၊နို့မှုန့်တန်ချိန် ၅၀၀ နီးပါးတင်သွင်း

Wed, 11/11/2020 - 14:58 -- journal_editor

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၃၆၅၀ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၆၂၀ ဒသမ ၁၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ ၃၇၂ ဒသမ ၀၉၆ တန်နှင့်မလေးရှားနိုင်ငံမှ ၂၄၈ ဒသမ ၀၄ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၄၀၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ တင်သွင်းခဲ့သည့်တံဆိပ်များမှာ မာရီးဂိုး၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။

          အမေရိကန်ဒေါ်လာ ၁၃၅၇၀၅၅ တန်ဖိုးရှိနို့မှုန့် ၄၈၇ ဒသမ ၁၂ တန်ကို တင်သွင်းခဲ့သည်။ ယခုတစ်ပတ် အိုင်ယာလန်နိုင်ငံမှ တန်ချိန် ၂၁၀၊ ဂျာမနီနိုင်ငံမှ ၁၆ ဒသမ ၃၀ တန်နှင့် နယူးဇီလန်နိုင်ငံမှ ၂၆၀ ဒသမ ၃၂ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နို့မှုန့် ၂၅ ဒသမ ၂၀ တန်သာတင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၆၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် နို့ဆီနှင့်နို့မှုန့်အ၀င်ပိုခဲ့သည်။

   သီတာဝင်း(DOT)