Main menu

Background

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသည်နှင့် ပြည်တွင်းသို့ ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်

Fri, 06/10/2022 - 14:07 -- journal_editor

ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းသည်နှင့် ပြည်တွင်းသို့ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်ကဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေတင်သွင်းဖို့ အတွက် ကမ္ဘာ့ဈေးအကျကိုစောင့်နေကြတယ်။ကမ္ဘာ့ဈေးလည်းကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝအောက်လောက်ရောက်တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု၎င်းကပြောသည်။YGEA  အနေ ဖြင့် ဇွန်လအပါဝင်လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေကုန်ကြမ်းလုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်းသွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။"ဈေးကွက်ထဲမှာကလည်းရွှေကလုံလောက်သွားတဲ့သဘောမှာရှိတယ်။ အရင်လိုနယ်စပ်ဖြတ်ကျော်တွေမရှိတော့ဘူး၊လမ်းဘေးပလက်ဖောင်းပေါ်မှာဈေးကစားတဲ့သူတွေမရှိတော့ဘူး၊ ပုံမှန်ဖြစ်သွားတဲ့အခါကျတော့ ဈေး ကွက်ထဲပစ္စည်းက အဲလောက်မလိုတော့ဘူး။ကမ္ဘာ့ဈေးအကျကိုပဲစောင့်ပြီး ရွှေတင်သွင်းမယ့်သူတွေက တင်သွင်းသွားမှာပါ။ရွှေတင်သွင်းမယ့်သူတွေက အသင်းမှာလည်းအရောင်းအဝယ်လုပ်သလို ဆိုင်တွေကုမ္ပဏီတွေလည်း ရှိရ မှာ ပါ"ဟု၎င်းကပြောသည်။လက်ရှိ ပြည်တွင်းရွှေဈေးကွက်မှာ ဈေးအမြင့်ပိုင်းတွင်သာရှိ‌နေပြီး ယခုကာလသည် ကျောင်းအပ်နှံချိန်ဖြစ်သည့်အတွက် ဈေးကွက်အေးနေကာ ဝယ်လို အားနည်း၍ ရောင်းလိုအား အနည်းငယ်များသည့် အ‌ခြေ အနေမျိုးဖြစ်ကြောင်းသိရသည်။"ဒီတစ်ပတ်အတွင်းကတော့ ရွှေဈေးကသိန်းနှစ်ဆယ်လေးသောင်း၊ ငါးသောင်းဝန်းကျင်မှာပဲ ဆက်ရှိနိုင်ပါတယ်။ အခု ဈေးကွက်ထဲမှာ ဈေးကစားမှု၊ မှောင်ခိုလုပ် တာတွေထိန်းနိုင်ဖို့ လိုင်စင်တွေ လုပ်ခိုင်း ထားတာလည်းရှိတော့ အခုဆိုရင် လုပ်ငန်းရှင်၅၀ လောက်ကလာရောက်လျှောက်ထားတာတွေရှိနေပါပြီ"ဟု ဦးမျိုးမြင့်ကဆက်လက်ပြောဆိုသည်။အဆိုပါYGEA  အနေဖြင့် မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ် ပြုလုပ်သူ များအား လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေ ၁၈ ရက်ကအသိပေးပြောကြား ထားပြီး လိုင်စင်မရှိသည့်ရွှေဆိုင်များကိုလည်း ရွှေအရောင်းအဝယ်လိုင်စင် ပြုလုပ်ကြရန် ထုတ်ပြန်ကြေညာထားသည်။                                                       

  ပန်းဆု