Main menu

Background

မတ်ပဲ ဈေးနှုန်းများ ဈေးပြန်မြင့်တက်လာ

Thu, 04/28/2022 - 15:50 -- journal_editor

ပြည်ပဲမျိုးစုံဈေးကွက်၌ မတ်ပဲသီးနှံဈေးများ သင်္ကြန်ကာလမတိုင်မီ ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ဗဟိုဘဏ် ၏ ဒေါ်လာငွေအပေါ် မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှု များဖြစ်ပေါ်ခဲ့ကာ အခိုက်အတန့် ဈေးနှုန်းများ ကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများဈေးမြင့်တက်ခဲ့သည်။ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ကျပ် ၄၉၀ဝ၀ ဖြင့် လိုင်းသမား ပုံမှန် အဝယ်ရှိ၍ အိတ် ၂၀ဝ ကျော် နေ့စဉ် ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။ လှောင်ပဲလက်ကျန်များရှိခဲ့သော်လည်း လှောင်သမားများနှင့် ပဲစိုက်တောင်သူ အချို့အနေဖြင့် ထုတ်ရောင်းချမှုမရှိသေးဘဲ ဆက်လက်သိုလှောင် ထားရှိနေ ကြကြောင်း သိရသည်။ ယမန်နှစ်က မတ်ပဲသီးနှံဈေးမှာ ယခုလိုကာလ သင်္ကြန်ပြီးချိန်မှာ တစ်တင်း ကျပ်သုံးသောင်းအောက်သာ ရရှိခဲ့ပြီး မေလ နောက်ဆုံးပတ်မှစ၍ ပဲဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ကာ စက် တင်ဘာနှင့် အောက်တိုဘာလများတွင် ပဲတစ်တင်း ကျပ်ငါးသောင်းကျော်၊ ခြောက်သောင်း ကျပ်ထိ ဈေးမြင့်လာကြောင်း ယခုနှစ်တွင် ပဲသစ်ပေါ်ချိန် ကာလအတွင်း မတ်ပဲသစ်ဈေးများ ဈေးကောင်းရခဲ့ကာ တစ်တင်း ကျပ် လေးသောင်းကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။ ခင်ဆွေဝင်း (ပြည်)