Main menu

Background

ပြည်မြေပဲဆန် အရောင်းအ၀ယ်ဖြစ်ပေမယ့် စျေးငြိမ်နေ

Wed, 10/21/2020 - 15:17 -- journal_editor

ပြည်စျေးကွက်တွင် မြေပဲဆန်စျေးများယခင်အပတ်ကအတိုင်းစျေးငြိမ်နေပြီး ၀င်ရောက်မှုမှာလည်း နေ့စဉ် အိတ် (၄၀၀-၅၀၀) ခန့်သာအ၀င်ရှိနေလို့ စျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။ ပြည်စျေးကွက်သို့ ပြည်-အောင်လံကြား​ကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ နေ့စဉ် အ၀င်ရှိပြီး ဆီဆန်ကိုမြို့တွင်းရှိဆီစက်သမားများနှင့် လုံးဆန် အဖြူကိုရန်ကုန်၊ မန္တလေး ၀ယ်လက် သမားများကအ၀ယ်ရှိသလိုလုံးဆန် အနီကို မန္တလေး၀ယ်လက်များနှင့် အကြော်ဖိုသမားများကအ၀ယ်ရှိပေမယ့် ယခင်အပတ်ကလိုစျေးငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာဆီဆန် တစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ လုံးဆန် အဖြူတစ်ပိဿာလျှင် ၂၅၀၀ ကျပ် နှင့် လုံးဆန် အနီတစ်ပိဿာလျှင် ၂၈၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)