Main menu

Background

ပွဲဦးထွက်ပရိုပွဲကို ၈၈ စက္ကန့်နှင့်ပွဲသိမ်းပြီးနောက် စက်တင်ဘာ၌ ဒုတိယပွဲ ကမ်းဘဲလ်ထိုးမည်

Wed, 07/24/2013 - 12:28 -- ydnar

၂၀၁၂လန်ဒန်အိုလံပစ် ဘင် တန်ဝိတ်တန်းရွှေတံဆိပ်ဆုရှင် ဗြိတိန် လက်ဝှေ့သမားလုခ်ကမ်းဘဲလ်သည် ပွဲဦးထွက်ဆုကြေးစားပွဲကို ၈၈စက္ကန့် နှင့် ပွဲသိမ်းနိုင်ခဲ့ပြီးနောက် လာမည့် စက်တင်ဘာလအတွင်းဒုတိယမြောက် ပွဲ ထိုးသတ်မည်ဟုသိရသည်။

အ သက်၂၅နှစ်ရှိ ကမ်းဘဲလ်သည် ဇူလိုင် လ ၁၄ရက်နေ့က ဟူးလ် စီးတီးရှိ ခရာဗန်ပါ့ခ်၌ ၎င်း ၏ပထမဆုံးပရိုပွဲကို ထိုးသတ်ခဲ့ရာ တစ်နိုင်ငံ တည်းသား အင်ဒီဟာ ရစ်အား ပထမအချီ ၁မိ နစ် ၂၈စက္ကန့်မှာပင် ဒိုင် ပွဲရပ်ဖြင့်   အနိုင်ရရှိခဲ့ သည်။ ထို့အတွက် စိတ် ဓာတ်တက်ကြွနေသော ကမ်းဘဲလ်က ဒုတိယ မြောက်ပွဲကို လာမည့် စက်တင်ဘာ၇ရက်နေ့ တွင် ဂလက်စကိုမြို့၌ ထိုးသတ်ရန်စီစဉ်နေ ခြင်းဖြစ်သည်။
အဆိုပါနေ့တွင် WBO လိုက်ဝိတ်ပွဲ စဉ်အဖြစ် လက်ရှိချန်ပီယံစကော့တ လန်လက်ဝှေ့သမားရစ်ကီဘန်းနှင့် စိန် ခေါ်သူ မက္ကဆီကိုလက်ဝှေ့သမား ရေမွန်ဒိုဘယ်လ်ထရန်တို့ ထိုးသတ်မည် ဖြစ်ပြီး ကမ်းဘဲလ်က ရှေ့ထွက်ပွဲအဖြစ် ထိုးသတ်ရမည်ဖြစ်သည်။