Main menu

Background

အိမ်ရှင် မလေးရှားအသင်းကိုအနိုင်ရပါမှ မြန်မာအသင်း မာဒေးကားချန်ပီယံဖြစ်နိုင်မည်

Mon, 09/30/2013 - 11:57 -- ydnar

မလေးရှားနိုင်ငံ၏လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်မာဒေးကားဘော  လုံးပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွမ်တမ် မြို့တွင်ကျင်းပလျက်ရှိရာ မြန်မာယူ-၂၃ အသင်းသည် စက်တင်ဘာလ ၁၁ရက် နေ့က စင်ကာပူအသင်းကို ၂ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဗိုလ်လုပွဲ သို့ တက်ရောက်သွားခဲ့သည်။

မြန်မာအသင်းသည် ဗိုလ်လုပွဲတွင် အိမ်ရှင်မလေးရှားအသင်းကို အနိုင်ရပါ မှ မာဒေးကားချန်ပီယံအဖြစ် မှတ်တမ်း ရေးထိုးနိုင်မည်ဖြစ်သည်။မြန်မာအသင်း သည် အဆိုပါမာဒေးကားဖလားပွဲ၏ပွဲ ဦးထွက်တွင် အိမ်ရှင်မလေးရှားအသင်း ကို နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ဗိုလ်လုပွဲ မှာ မြန်မာအသင်းအတွက် ရှုံးကြွေးဆပ် ရမည့်ပွဲဖြစ်သလို မလေးရှားအသင်းအ တွက်လည်း ဂုဏ်သိက္ခာပိုင်းအရ အနိုင် ကစားရမည့်ပွဲလည်းဖြစ်နေသည်။
အဆိုပါပြိုင်ပွဲတွင် ထိုင်းအောလ် စတားအသင်းသည် မလေးရှားအသင်း ကို သုံးဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သဖြင့် မြန်မာ အသင်း ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိရန် အခွင့်အရေးကောင်းတစ်ခုရရှိခဲ့ ခြင်းဖြစ်သည်။
မလေးရှားအသင်းသည် မြန်မာ အသင်းကို ၂-၁၊စင်ကာပူအသင်းကို  ၁-ဝဖြင့် အနိုင်ရရှိခဲ့ပြီး ထိုင်းအသင်းကို ၃-ဝဖြင့်အနိုင်ရရှိခဲ့ပြီးအုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထိုင်းအသင်းမှာမူ မြန်မာအသင်း နှင့် တစ်ဂိုးစီသရေကျခဲ့ပြီး စင်ကာပူ အသင်းကို ၁-ဝဖြင့်အနိုင်ရရှိခဲ့ကာ မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် မြန်မာအသင်းနှင့်ရမှတ်တူ ဂိုးကွာခြား ချက်ဖြင့် ဗိုလ်လုပွဲနှင့်ဝေးကွာခဲ့ရခြင်း ဖြစ်သည်။ ထိုင်းအသင်းသည်မလေးရှား နှင့်ပွဲတွင် သရေကျလျှင်ပင် ဗိုလ်လုပွဲ တက်ရောက်ခွင့်ရရှိမည်ဖြစ်သော်လည်း အားကစားစိတ်ဓာတ်ပီသစွာယှဉ်ပြိုင်ခဲ့ သည့်မလေးရှားအသင်း၏ကစားပုံကြောင့် မြန်မာအသင်းအတွက် ဗိုလ်လုပွဲတက် ရောက်ရန် အခွင့်အရေးကောင်းကိုဆုပ်  ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပွဲရလဒ်များ
မလေးရှား    ၂    -    ၁    မြန်မာ
ထိုင်း          ၁     -     ၁     မြန်မာ
မလေးရှား    ၁     -    ၀     စင်ကာပူ
ထိုင်း          ၁     -    ဝ    စင်ကာပူ
စင်ကာပူ     ၀     -    ၂    မြန်မာ
မလေးရှား   ၃     -     ၀     ထိုင်း

ဗိုလ်လုပွဲ
မလေးရှား - မြန်မာ

တတိယနေရာလုပွဲ
ထိုင်း - စင်ကာပူ