Main menu

Background

ဘရာဇီးထံမှ ပြောင်းတန်ချိန် ငါးသန်းဝယ်ယူရန် အီရန်သဘောတူညီ

Fri, 03/04/2022 - 14:08 -- journal_editor

ဘရာဇီးနိုင်ငံမှ ပြောင်းစေ့တန် ချိန် ငါးသန်းဝယ်ယူရန် အီရန်နိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ပြီး အပြန်အလှန် အားဖြင့် ဘရာဇီးနိုင်ငံကလည်း အီရန် ဓာတ်မြေသြဇာများကို ပြန်လည်ဝယ်ယူ တင်သွင်းသွားမည်ဖြစ်ကြောင်း ဘရာဇီး စိုက်ပျိုးရေးဝန်ကြီး၏  အီရန်ခရီးစဉ် အတွင်းတွင် အီရန် စိုက်ပျိုးရေးဒုတိယ အတွင်းဝန် ဦးဆောင်သည့် ဓာတ်မြေ သြဇာထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေး နွေးပွဲအပြီးတွင် အဆိုပါသဘောတူညီ ချက်အား   ထုတ်ပြန်နိုင်ခဲ့ကြောင်း ြအေသ ွမသျသ ပြည်နယ်၏ ပဲပုပ်စေ့နှင့် ပြောင်း    စိုက်ပျိုး   ထုတ်လုပ်သူများ အသင်း  (ဗစမသျသြေ-ြွှ)    ဥက္ကဋ္ဌ င်္နမညညေိသ ဃေိသမန က  ပြောကြားခဲ့ သည်။
ဘရာဇီးနိုင်ငံနှင့်    အီရန်နိုင်ငံ အကြား ကုန်ပေးကုန်ယူစနစ်ဖြင့် ဘရာဇီး ပြောင်းစေ့နှင့် အီရန် ဓာတ်မြေသြဇာ တို့ကို   တိုက်ရိုက်လဲလှယ်နိုင်မှုသည် ကုန်သွယ်မှုတွင်     ဘရာဇီးအစိုးရ၏ ဗျူရိုကရေစီ လုပ်ငန်းစဉ်များအား ဖြေ လျှော့ပေးမှုတစ်ရပ်အဖြစ်   ရှုမြင်ရ ကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူနှင့်  ဓာတ်မြေသြဇာ ထုတ်လုပ်သူတို့ အချင်း ချင်း ကုန်ပစ္စည်းတိုက်ရိုက်လဲလှယ်နိုင် မှုကြောင့် နှစ်ဦးနှစ်ဖက်တွင် ပိုမိုအကျိုး ဖြစ်ထွန်းစေကြောင်း ဝန်ကြီး  ွှနမနျေ ဃမငျအငညေ ၏  အီရန်နိုင်ငံခရီးစဉ်တွင် သက်ဆိုင်ရာဌာနများမှ  ညွှန်ကြားရေး မှူးများ လိုက်ပါသွားခဲ့ပြီး ဘရာဇီးစိုက် ပျိုးထုတ်လုပ်သူများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများကို အောင် မြင်စွာ     ဖြေရှင်းနိုင်ခဲ့သည့်အပြင် ဘရာဇီး-အီရန် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးလုပ်ငန်းများကို ဆွေးနွေးနိုင် ခဲ့ကြောင်း အသင်းဥက္ကဋ္ဌ  င်္နမညညေိသ ဃေိသမန က ပြောကြားခဲ့သည်။
သတင်းရင်းမြစ်-ခညေေူမကမေူ.ခသာ.ဘမ
ထွန်းအောင်ဇော၊် စီးပွားရေးသံမှူး
မြန်မာသံရုံး ၊ ဘရာဇီး။