Main menu

Background

ဂျပန်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာ၍ နိုင်ငံ့စီးပွားရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့

Thu, 03/17/2022 - 15:27 -- journal_editor

ရုရှားနှင့်ယူကရိန်း စစ်ရေးပြဿနာ တင်းမာ ချိန်မှစ၍ သွင်းကုန်အပေါ်  အဓိကအားထားနေရ သည့် ဂျပန်နိုင်ငံအနေဖြင့်   ပြည်တွင်းစီးပွားရေး အပေါ် သက်ရောက်လာနိုင်မှုကို   စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင်  ရုရှားနှင့် ယူကရိန်း အကြား စစ်ပွဲဖြစ်ပွားမှုကြောင့်  ရေနံစိမ်းနှင့်ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ခန့်မှန်းကြသည်။ရုရှား-ယူကရိန်းပြဿနာသည်    တိုကျို စတော့ရှယ်ယာဈေးကွက်အပေါ်  မသေချာ မရေ ရာမှုများ ဖြစ်ပေါ်စေပြီး လတ်တလောရှိခဲ့သည့် နစ်ကေး ရှယ်ယာအညွှန်းကိန်း၂၇၀ဝ၀၏ အောက်သို့ကျဆင်းကာ ၂၆၀ဝ၀ခန့်တွင်  ရပ်တည်နေနိုင် ကြောင်း  စတော့ရှယ်ယာဆောင်ရွက်သူများက ခန့်မှန်းထားသည်။ အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များက ရုရှားအား  တုံ့ပြန်သောအားဖြင့် ဓာတ်ငွေ့၊ ရေနံနှင့်အခြားစွမ်းအင်  ထောက်ပံ့မှုများကို ဖြတ် တောက်ရန် တွန်းအားပေးသည့် ပိတ်ဆို့အရေးယူမှု များ ချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အနောက်အုပ်စုနိုင်ငံများနှင့် ရုရှားတို့အကြား သဘောထားတင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသမှအနာဂတ်ရေနံစိမ်းဈေးနှုန်းများသည် တစ်ကီလိုလီတာလျှင်ယန်း ၆၂၉၂၀ အမေရိကန်ဒေါ်လာ၅၅၀ခန့်အ ထိတိုကျို ကုန်စည်ဈေးကွက်၌   ဖေဖော်ဝါရီလဝက်ခန့်တွင် စတင် မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နောက် ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီနှင့် လောင်စာ ဆီဈေးနှုန်းများ   သိသိသာသာ   မြင့် တက်မှုမှ ကာကွယ်ရန် ကြိုးပမ်းမှုအဖြစ်   ဂျပန်ဝန်ကြီးချုပ်Fumio Kishida  ဦးဆောင်သည့် အစိုးရအဖွဲ့သည် ရေနံကဏ္ဍဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်ကိုပြီးခဲ့သည့် ဇန်နဝါရီလအတွင်း   ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခဲ့သည်။သို့သော် လည်း ဂျပန်နိုင်ငံမှ ရေနံအသင်း အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲ၏ သက်ရောက်မှု ကြောင့် ရေနံစိမ်းဈေးနှုန်းများထပ်မံမြင့်တက်လာမည်ကိုစိုးရိမ်နေပြီး အစိုးရအား ရေနံကဏ္ဍဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်များကို ထပ်မံဆောင်ရွက် ပေးရန် တောင်းဆိုခဲ့သည်။ဂျပန်အနေဖြင့် ရုရှားနိုင်ငံမှ ရေနံစိမ်းများကို ၄ ရာခိုင်နှုန်းခန့်သာတင်သွင်းလျက်ရှိသည်။ထို့ပြင် ယူကရိန်းနိုင်ငံသည် ဂျုံနှင့်ပြောင်း  အပါအဝင် ကောက်ပဲသီးနှံများကို ထိပ်တန်းထုတ်လုပ်တင်ပို့ နေသည့်နိုင်ငံ ဖြစ်ပြီး     ရုရှား-ယူကရိန်းစစ်ပွဲ၏အကျိုးဆက်ကြောင့်  ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပံ့ပိုးမှုကွင်းဆက်တွင်   အဟန့်အတား များအဖြစ် သက်ရောက်စေနိုင်သည်ဟု စီးပွားရေး သုတေသီများက  သုံးသပ်ကြသည်။  ဂျပန်နိုင်ငံ အနေဖြင့်    ရေနံစိမ်းနှင့်ဂျုံ    တင်သွင်းမှုအပေါ် အဓိက မှီခိုနေရသည့်အတွက် အဆိုပါကုန်ပစ္စည်း များ ဈေးတက်လာခြင်းသည်   ဂျပန်ကုမ္ပဏီများ အပေါ် တိုက်ရိုက်ထိခိုက်မည့် သက်ရောက်မှုများ ရှိလာမည်ဟု သုတေသီNorihiro Fujito က ပြော ကြားခဲ့သည်။ဂျပန်နိုင်ငံ၌ Cup Noodle နှင့် အခြား ခေါက်ဆွဲ ခြောက်ထုတ်ကုန်များ  ထုတ်လုပ်သည့် Nissin  Food  Products  Co.သည် လာမည့်  ဇွန် ၁ရက်မှစ၍ ၎င်းထုတ်ကုန်များ၏ဈေးနှုန်းကို ယန်း၁၈၀ခန့် တိုးမြှင့်မည်ဖြစ်ကြောင်း ယခုလအစော ပိုင်းတွင် ကြေညာခဲ့သည်။