Main menu

Background

ဗီယက်နမ်တွင် အာရှဆန်ဈေးနှုန်း မြင့်တက်

Mon, 03/21/2022 - 13:45 -- journal_editor

ယူကရိန်း  အကျပ်အတည်းကြောင့် တရုတ်သို့   ကုန်သွယ်မှုလမ်းကြောင်းများ ပြန်ဖွင့်လာမှုနှင့်အတူ ဗီယက်နမ်မှ တင်ပို့သည့်ဆန်ဈေးသည်ယခုမတ်လပထမပတ်အတွင်းမြင့်တက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ ၏ ၅မှတ်ဆန်ကို  ဖေဖော်ဝါရီ လကုန်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀ဝ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းမတိုင်မီ တစ်ပတ်က ကန်ဒေါ်လာ ၃၉၅ မှ ၄၀ဝ ဈေးရှိခဲ့သည်။ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်၍ တရုတ်-ဗီယက်နမ် နယ်နိမိတ်များကို ပြန်ဖွင့် သည့်အတွက် တရုတ်နိုင်ငံကို တင်ပို့မှုတိုး လာမည်ဟု မျှော်လင့်ထားကြောင်းနှင့် ဆက် လက်ဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲသည် ဗီယက်နမ်အပါအဝင် အာရှမှ  ဝယ်ယူသူများ ကို ဆန်ပိုမိုတင်သွင်းရန် လှုံ့ဆော်မှုဖြစ်စေနိုင် ကြောင်း ဟိုချီမင်းမြို့မှ  ကုန်သည်တစ်ဦးကပြောကြားခဲ့သည်။  ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးကလည်း  ယူကရိန်းအခြေ အနေသည် ကုန်စည်ပို့ဆောင်ခ အနည်းငယ် တိုးလာနိုင်သည်ဟု ပြောသည်။ထိုင်းနိုင်ငံ ၏  ၅မှတ်ဆန်ဈေး သည် ဖေဖော်ဝါရီ လကုန်တွင် ကန်ဒေါ်လာ ၄၀ဝ မှ တစ်တန်လျှင် ကန်ဒေါ်လာ ၄၀၃ မှ ၄၀ဝ သို့ အနည်းငယ်တိုးလာကြောင်းနှင့် မတ်လ တွင် အမေရိကန်ဒေါ်လာနှင့် ဘတ်ငွေကြေး အတက်အကျကို သတိပြုမိကြောင်း၊ သို့သော် ရုရှားနှင့် ယူကရိန်းတို့ သည် ၎င်း၏အဓိကကုန်သွယ်ဖက်များထဲတွင် မရှိသော ကြောင့် အကျပ်အတည်းသည် ထိုင်းဆန် တင်ပို့မှုအပေါ် သက်ရောက်မှုမရှိဟု အခြား ကုန်သည်တစ်ဦးက ပြောသည်။ယူကရိန်းစစ်တပ်သည်  ၎င်း၏ ဆိပ်ကမ်းများ တွင် စီးပွားဖြစ် တင်ပို့မှုကို မကြာသေးမီက ရပ်ဆိုင်းခဲ့ရာ ယင်းက ဆန် နှင့်ဆီထွက်သီးနှံများ   တင်ပို့မှုကို    ခြိမ်း ခြောက်ခဲ့ကြောင်း   ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယ၏  ဆန်ဝယ်လိုအား တိုးတက်လာသော်လည်း ရူပီးတန်ဖိုး ကျဆင်းမှုကြောင့် ယင်း၏ ၅မှတ်ပြုတ် ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင်ကန်ဒေါ်လာ ၃၇၀ မှ ၃၇၆ ဒေါ်လာအထိ ကျဆင်းသွားကာ ပြည်ပသို့ ရောင်းချသည့်ကုန်သည်များအတွက် အမြတ်အစွန်း ပိုမိုမြင့်မားစေခဲ့သည်။အိန္ဒိယတွင် ပြောင်းဈေးများ တက်လာသည် နှင့် အမျှ ဆန်ကွဲ ဝယ်လိုအား တိုး တက်လာကြောင်း အချို့ဝယ်လက်များက ပြောင်းကို  အစားထိုးရန်  ရှာဖွေနေကြောင်းAndhra Pradesh, Kakinada  အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အိန္ဒိယ လယ်သမားများသည်   လွန်ခဲ့သည့် နှစ်က ၁၂၄ ဒသမ ၃၇ သန်း ရိတ်သိမ်းခဲ့ပြီး ယခုနှစ်   တန်ချိန် ၁၂၇ ဒသမ ၉၃ သန်းနှင့် စံချိန်တင်ရိတ်သိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။  တစ်ချိန်တည်းတွင် ဘင်္ဂလား ဒေ့ရှ်တွင် အရန်ဆန်များ  ကောင်းမွန်သော် လည်း   ပြည်တွင်းဆန်ဈေး   မြင့်မားနေခဲ့ ကြောင်း တာဝန်ရှိသူများက ပြောသည်။ယူကရိန်းအကျပ်အတည်းကြောင့် ကုန်စည်ပို့ဆောင်မှုနှုန်း အနည်းငယ် မြင့် တက်လာပြီး   စပါးများအတွက် တင်သွင်းမှု ကုန်ကျစရိတ် မြင့်မားနေကြောင်း ကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။       

ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)မြန်မာသံရုံး၊ ကူမင်းမြို့။