Main menu

Background

စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် Drone များအား တွင်ကျယ်စွာအသုံးပြုရန် ဆန္ဒရှိနေကြကြောင်း သုတေသနစစ်တမ်းတွင်ဖော်ပြ

Tue, 03/29/2022 - 15:29 -- journal_editor

စိုက်ပျိုးရေးလုပ်ငန်းသုံး Drone နည်းပညာနှင့်ပတ်သက်၍ သုတေသနပြုစစ်တမ်းDrone Industry Situation ၂၀၂၂ ကိုပြုလုပ်ခဲ့ ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ၅၄ ရာခိုင်နှုန်းသည် ၎င်းတို့၏လုပ်ငန်းတွင်Drone များအား တွင်ကျယ်စွာအသုံးပြုရန်အတွက် ရင်းနှီးမြှုပ်နှံရန်ဆန္ဒရှိကြကြောင်း အမေရိကန်ကုမ္ပဏီ DroneDeploy ၏ သုတေသန တွေ့ရှိချက်များအား ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။နိုင်ငံပေါင်း ၄၀ကျော်ရှိ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ နှင့်ဆောက်လုပ်ရေးကဏ္ဍတို့အပါအဝင်စီးပွားရေးကဏ္ဍပေါင်း၂၀တို့၌ လုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းရှင်၇၆၆ ဦးတို့အားကုမ္ပဏီကသုတေသနပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ၃၃ ရာခိုင်နှုန်းသည် ၎င်းတို့၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ဓာတ်မြေသြဇာကြဲပက်ခြင်းနှင့် မြေနမူနာများရယူခြင်းတို့ဆောင်ရွက်ရာ၌sensorနည်းပညာများကို စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း၊ စွမ်းအင်ကုမ္ပဏီများတွင် ီမသညန နည်းပညာ အားတွင်ကျယ်စွာ အသုံးပြုနေသကဲ့သို့ ဒီဂျစ်တယ်စိုက်ပျိုးရေးလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်းတွင် ီမသညန နည်းပညာများ အသုံးပြုလျက်ရှိပြီး ၂၁ ရာခိုင်နှုန်းတွင် Drone  နည်းပညာများ အသုံးပြု၍ စိုက်ပျိုးမြေ အစိုဓာတ် စစ်ဆေးခြင်း၊ အပင်ဖျက်ပိုးမွှားများကာကွယ်ခြင်းနှင့်သီးနှံစိုက်ခင်း အခြေအနေ စောင့်ကြည့်လေ့လာခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ကုမ္ပဏီ၏ သတင်းတွင် ဖော်ပြထားသည်။Drone  နည်းပညာအား ထိရောက်စွာ အသုံးချနိုင်သဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်ကုန်သက်သာခြင်း၊ လူလုပ်အားများ လျှော့ချနိုင်ခြင်းနှင့် အချက်အလက်များ လွယ်ကူစွာ ကောက်ယူနိုင် ခြင်း စသည့် အကျိုးကျေးဇူးများအပြင် သီးနှံအထွက်နှုန်းများလည်း သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ အခြားလုပ်ငန်းများထက် စိုက်ပျိုး ရေးလုပ်ငန်းတွင် Automation နည်းပညာသည် အလွန်အရေးပါ ကြောင်းတို့ကို လုပ်ငန်းရှင်များ၏ ၅၇ ရာခိုင်နှုန်းက ဖြေကြားခဲ့ ကြောင်း သတင်းတွင် ဖော်ပြထားသည်။ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် လူလုပ်မှတ်Óဏ်တုနည်းပညာ အသုံးပြုသည့်စက်ရုပ်များသည် အလွန်အရေးပါလျက် ရှိကြောင်း၊ ထို့ကြောင့် လာမည့်နှစ်အနည်းငယ်တွင် Drone နည်းပညာ အသုံးပြုမှု သည် စိုက်ခင်းမြေပုံထုတ်ခြင်းများ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်း များ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာရန်ယုံကြည်လျက်ရှိကြောင်းကို စိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ ၅၄ရာခိုင်နှုန်းကဖြေကြားခဲ့ကြောင်း ကုမ္ပဏီ၏ သုတေသနတွေ့ရှိ ချက် သတင်းထုတ်ပြန်ရာတွင် ဖော်ပြ ထားသည်။

သတင်းရင်းမြစ် - canalrural.com.br

ထွန်းအောင်ဇော်၊(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊(ဘရာဇီး)