Main menu

Background

ဘရာဇီးနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တိုးမြှင့်သတ်မှတ်

Thu, 04/28/2022 - 15:53 -- journal_editor

ပြည်တွင်းကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိနေဖြင့် ၂၀၂၂ ခုနှစ်တွင်   ဘရာဇီးနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းအား ၁၁ ကြိမ်မြောက် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း    ငွေကြေးဈေးကွက်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၂၀၂၂ ခုနှစ်၏ စားသုံးသူ  ဆနှုန်းကိန်း (Broad Consumer Price Index - IPCA)အား ၆ ဒသမ ၈၆ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ဘရာဇီးဗဟိုဘဏ်က မတ် ၂၈ ရက်တွင်  သတင်းထုတ်ပြန်ခဲ့သည်။ စားသုံးသူဆနှုန်းကိန်းအား မတ်လ ပထမပတ်တွင် ၅ ဒသမ ၆ ရာခိုင် နှုန်းဖြစ်ပေါ်ရန် ခန့်မှန်းခဲ့ပြီး ယခင်တစ်ပတ်အတွင်းတွင် ၆ ဒသမ ၅၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ခန့်မှန်းခဲ့သည်။စားသုံးသူဆနှုန်းကိန်း တွက်ချက်ရန်အတွက်  လိုအပ်သော စီးပွားရေးဆိုင်ရာ အချက်အလက်ညွှန်းကိန်းများကို ဈေးကွက်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်မှ ရယူခဲ့ကြောင်း၊ ညွှန်းကိန်းများအရ ၂၀၂၃ ခုနှစ်တွင်   ငွေကြေးဖောင်းပွမှုနှုန်း  ပိုမိုမြင့်တက်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ငွေကြေးဖောင်းပွမှုနှုန်းအား ယခင်အပတ်က    ၃ ဒသမ ၇၅ ရာခိုင်နှုန်းအား  ခန့်မှန်းခဲ့ပြီး ယခုအပတ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းထားကြောင်း၊  ဘရာဇီးနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်း အား ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၅၁ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၃ဒသမ၂ ရာခိုင်နှုန်း အသီးသီးတို့အား ၂၀၂၂ ခုနှစ် မတ်လ ပထမ အပတ်တွင် ခန့်မှန်းထားကြောင်း သတင်း၌ ဖော်ပြထားသည်။ဘရာဇီးနိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် ပြည်တွင်းအသားတင် ထုတ်ကုန်(GDP)တိုးတက်မှုနှုန်းအား သုည ဒသမ ၅ ရာခိုင်နှုန်း ပိုမို တိုးတက်ရန် ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၁ဒသမ၃ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ရန် ခန့်မှန်းထားကြောင်းသတင်း တွင် ဖော်ပြထားသည်။ အစိုးရ၏ အခြေခံ ဘဏ်တိုးနှုန်း(Selic)  သတ် မှတ်ချက်အား ၁၃ ရာခိုင်နှုန်းအထိ   တိုးမြှင့်နိုင်ကြောင်း၊ မတ်လ ၁၆ ရက်နေ့တွင်  အစိုးရငွေကြေးမူဝါဒကော်မတီ (Monetary Policy Committee-Copom)က အစိုးရဘဏ်များ၏ အခြေခံ  ဘဏ်တိုးနှုန်း အား ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းမှ ၁၁ ဒသမ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဘဏ်တိုးနှုန်း ကြိုတင်ခန့်မှန်း ရာတွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ချိန်၌  ၉ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းသို့  ပြန်လည်လျှော့ချနိုင်ကြောင်း  ခန့်မှန်းထား သည်။  နိုင်ငံခြားငွေ   ရောင်းဝယ်ရေးဈေးကွက်တွင်   အမေရိကန် ဒေါ်လာဈေးနှုန်းသည်  နေ့စဉ်ကျဆင်းလျက်ရှိနေပြီး  ယခင်အပတ်က တစ်ဒေါ်လာလျှင် ၅ ဒသမ ၃၀ ဟဲရာရှိခဲ့ရာမှ ယခုအပတ်တွင် ၅ ဒသမ ၂၅ ဟဲရာ အောက်သို့   ကျဆင်းလျက်ရှိကြောင်း၊ နိုင်ငံခြားငွေ ဈေးကွက် ကြိုတင်ခန့်မှန်းရာတွင် အမေရိကန် ၁ ဒေါ်လာတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၂၂ ဟဲရာနှင့် ၂၀၂၄ ခုနှစ်တွင် ၅ဒသမ၂၀ ဟဲရာတို့ဖြစ်ပေါ်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထွန်းအောင်ဇော်(စီးပွားရေးသံမှူး)
မြန်မာသံရုံး(ဘရာဇီး)