Main menu

Background

ထိုင်းတွင် အော်ဂဲနစ်ဆန်စိုက်ပျိုးရေး ပြန်လည်မြှင့်တင်ရန် ညွှန်ကြားထား

Fri, 05/27/2022 - 10:33 -- journal_editor

လယ်သမားများ၏ဝင်ငွေကို မြှင့်တင်ရန်နှင့်လယ်ယာကဏ္ဍရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် အော်ဂဲနစ်ဆန်များအရှိန်မြှင့်တင် ဆောင် ရွက်သွားရန် တာဝန်ရှိဌာနဆိုင်ရာများအားထိုင်းနိုင်ငံ အစိုးရကညွှန်ကြားထားကြောင်းသိရှိရ သည်။ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်Boonyarit Kalayanamit ၏ အဆိုအရ ဧပြီ ၂၇ ရက်တွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကျင်းပဆောင်ရွက်ခဲ့သည့် အမျိုးသား ဆန်စပါးမူဝါဒကောင်စီ အစည်းအဝေးတွင်ဆက်စပ်ဌာနဆိုင်ရာများအနေဖြင့် အော်ဂဲနစ်ထုတ်ကုန်ဈေးနှုန်းမြှင့်တင်ရေးစီမံကိန်းဒုတိယ အဆင့် (၂၀၂၂-၂၀၂၅)တွင်လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားကြရန် ညွှန်ကြားခဲ့ကြောင်းသိရှိ ရသည်။ဝန်ကြီးချုပ်ရာယွတ်ချန်အိုချာက လယ်သမားများ၏ဝင်ငွေနှင့်လူနေမှုအဆင့် မြှင့်တင်ရန်အတွက် သုတေသန၊စိုက်ပျိုးမွေးမြူရေးနှင့် ဆန် စပါးဆိုင်ရာ နည်းပညာလုပ်ငန်းများက  ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာများအားတာဝန်ပေးအပ်ခဲ့ကြောင်း၊ အစိုးရအနေဖြင့်ရေရှည်တွင်ဈေးနှုန်းအာမခံချက်အတွက် ၎င်း၏ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ ချသင့်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရသည်။အမျိုးသား ဆန်စပါးမူဝါဒကောင်စီအဖွဲ့ဝင်ဖြစ်ပြီး လယ်သမားများ၏  ကိုယ်စားလှယ်ဖြစ်သူSuthepKhongmakက အစိုးရ၏ မြှင့်တင်ရေးမူဝါဒ ပြတ်တောက်မှုသည် အော်ဂဲနစ်ဆန်   စိုက်ပျိုးမှု အတွက် အဓိက အတားအဆီးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းကအစိုးရအနေဖြင့်အော်ဂဲနစ်ဆန်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပထမအဆင့် (၂၀၁၇-၂၀၂၁)အတွက်အော်ဂဲနစ်ဆန်စိုက်ပျိုးသည့် လယ်သမားများအား ထောက်ပံ့ရန် ဘတ်ငွေတစ်ဘီလီယံအား အစိုးရက ထုတ်မပေးသေး ကြောင်း ပြောကြာ းခဲ့သည်။အဆိုပါပထမအဆင့်မှာ လယ်သမားများအား သုံးနှစ်အတွင်း လယ်ယာမြေတစ်သန်းရိုင်တွင် အော်ဂဲနစ်ဆန် စိုက်ပျိုးလာစေရန်အတွက်အားပေးမြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊အစိုးရအနေဖြင့် လယ်သမားများအား  အော်ဂဲနစ်ဆန်စိုက်ပျိုးရေးအဆင်ပြေစေရန်အတွက် ပထမနှစ်တွင်မြေတစ်ရိုင်လျှင် ဘတ်၂၀ဝ၀ထောက်ပံ့ရန်၊ ဒုတိယနှစ်တွင်မြေတစ်ရိုင်လျှင်ဘတ်၂၀ဝ၀ထောက်ပံ့ရန်၊တတိယနှစ်တွင် မြေတစ်ရိုင်လျှင်ဘတ် ၄၀ဝ၀ထောက်ပံ့ရန်ကတိပြုထားခဲ့ကြောင်း သိရှိရသည်။အမျိုးသားဆန်စပါးမူဝါဒကောင်စီအနေဖြင့်ယခုနှစ်အတွင်းအော်ဂဲနစ်ဆန်စိုက်ပျိုးရေးအတွက်ထောက်ပံ့ငွေဘတ်၁၄၆သန်းအားအတည်ပြုပေးခဲ့ကြောင်း၊ ဈေးကွက်ရရှိရေးနှင့်အရည်အသွေးစံချိန်စံညွှန်းတိုးတက်ရေးအတွက်တောင် သူလယ်သမားများအား အကူအညီပေးရန်အစိုးရ ဌာနဆိုင်ရာများအားညွှန်ကြားထားကြောင်း သိရှိရသည်။
လွင်မျိုးဇော်(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဗန်ကောက်မြို့။