Main menu

Background

တိကျစွာတိုင်းတာမှုအက်ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဋ္ဌာန်းချက်များအား အိန္ဒိယအစိုးရ ဖြေလျှော့မည်

Fri, 05/27/2022 - 10:40 -- journal_editor

အိန္ဒိယနိုင်ငံ၌ မလိုလားအပ်သောစွက်ဖက်အရေးယူမှုများကိုဖယ်ရှားခြင်းဖြင့် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုများလွယ်ကူမှုရှိစေရန်အတွက် ၂၀ဝ၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောတိကျစွာတိုင်းတာမှု အက်ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန်ပြဋ္ဌာန်းချက်များအား ဖြေလျှော့နိုင်ရေးအမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကို အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနကမေ ၉ရက်တွင်ကျင်းပရာတိကျစွာတိုင်းတာမှုလုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူများ၊ ပြည်နယ် အစိုးရ အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။အဆိုပါဆွေးနွေးပွဲ၌ရာဇဝတ်ကြောင်းအရ အရေးယူရမည့်ဥပဒေပြဋ္ဌာန်းချက်များအားဖြေလျှော့မှုပြုရာ၌ သဘောတရားထက်လက်တွေ့ကျစွာ ချဉ် းကပ်လုပ်ဆောင်ရန်လိုကြောင်း၊စားသုံးသူများ၏အကျိုးစီးပွားနှင့်  စီးပွားရေးလုပ်ငန်းများအတွက်လွန်ကဲသည့် အခက်အခဲများမဖြစ်ပေါ်စေရေး ဥပဒေပြဋ္ဌာန်းချက်များအားရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်မှုတို့အကြား ညီညွတ်မျှတမှုရှိမည့်အစပြုလုပ်ဆောင်မှုများကို ကူညီပံ့ပိုးပေးရန် ပြည်နယ်များသို့ တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းငယ်များအတွက် အလေးပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် မတရားမှုနှင့် တွေ့ကြုံရခြင်းမရှိစေရန်မှာ အစိုးရဌာနများ၏တာဝန်ဖြစ်သကဲ့သို့တစ်ချိန်တည်းမှာပင်လုပ်ငန်းရှင်များ၏စီးပွား ရေးလုပ်ငန်းများ အေးချမ်းစွာလုပ်ကိုင်နိုင်စေရန်အတွက် တာဝန်ရှိသည်ကိုလည်းနားလည်ထားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မရိုးဖြောင့်သောသဘောဖြင့်လုပ်ကိုင်မှုနှင့်ရိုးသားဖြောင့်မတ်စွာလုပ်ဆောင်မှုတို့ကို ခွဲခြားနိုင်ရေး ဦးတည်ချက်ထားရှိရန်ဖြစ်ကြောင်း၊ဥပမာအားဖြင့် အလေးချိန်နှင့်အချင်အတွယ်တိုင်းတာသည့်ကိရိယာများစံကိုက်ညှိခြင်း(calibration)ကို  မမှန်မကန်ပြုလုပ်ထားပါကတင်းကြပ်စွာအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်းစသည်ဖြင့်အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့်စားသုံးသူရေးရာ၊စားနပ်ရိက္ခာနှင့်ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနတို့၏ ပြည်ထောင် စုဝန်ကြီးMr. Piyush Goyal ကအမှာစကားပြောကြားခဲ့သည်။ဝန်ကြီးMr. Piyush Goyal၏ ပြောဆိုမှုအရတိကျစွာတိုင်းတာမှု ဥပဒေပါ ပြဋ္ဌာန်းချက်အချို့အပေါ် ပထမအကြိမ်ဖောက်ဖျက်ကျူးလွန်မှုများ၏ ၉၇ ရာခိုင်နှုန်းခန့်ကို    ပြည်နယ်အစိုးရများကစာရင်းရေးသွင်းဖော်ပြမှုရှိသော်လည်းတူညီသည့်ဥပဒေပုဒ်မအားဒုတိယအကြိမ်ကျူးလွန်မှုကိုဖော်ပြအရေးယူဆောင်ရွက်မှုမှနည်းပါးကြောင်းသိရှိရသည်။သို့ဖြစ်ရာထိုကဲ့သို့ဒုတိယအကြိမ်ပြစ်မှုကျူးလွန်ခြင်းများမရှိကြောင်း အစီရင်ခံတင်ပြမှုများနှင့်ပတ်သက်၍ ပြည်နယ်များ၌ မည်သို့ဆောင်ရွက်ထားသည်မှာမေးခွန်းထုတ်စရာဖြစ် ကြောင်းနှင့် ပြည်နယ်အစိုးရများအနေဖြင့်ရာဇဝတ်ကြောင်းအရ အရေးယူရန်ပြဋ္ဌာန်းချက်များအားဖြေလျှော့ခြင်းအားဆန့်ကျင် ကန့်ကွက်သည့်သဘောရှိသည်ကို ကိန်းဂဏန်းအချက်အလက်မားက ဖော်ပြလျက်ရှိကြောင်းဖြင့် ၎င်းကပြောကြားသည်။ အိန္ဒိယအစိုးရသည်စီးပွားရေးလုပ်ငန်းများအပေါ်ဝန်ထုပ်ဝန်ပိုးလျှော့ချရေး၊ ရင်းနှီးမြှုပ်နှံသူများအကြားယုံကြည်မှုကို လှုံ့ဆော်နိုင်ရေး၊စီးပွားရေးတိုးတက်မှုနှင့်စားသုံးသူများ၏အကျိုးစီးပွားအကာအကွယ်ပေးရေးတို့ကို ရှေးရှုလျက်၂၀ဝ၉ခုနှစ်တိကျစွာတိုင်းတာမှုအက်ဥပဒေပါရာဇဝတ်ကြောင်းအရ အရေးယူရန်ပြဋ္ဌာန်း ချက်များအားဖြေလျှော့ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။
နေအေးလွင်(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။