Main menu

Background

ဂျုံနှင့်စားအုန်းဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့်  ထိပ်တန်းကုမ္ပဏီများ အခက်ကြုံ

Fri, 05/27/2022 - 10:43 -- journal_editor

ရုရှား-ယူကရိန်းပဋိပက္ခ၏သက်ရောက်မှုနှင့် အင်ဒိုနီးရှားနိုင်ငံ၏ကမ္ဘာသို့ စားအုန်းဆီတင်ပို့ရန် ကန့်သတ်မှု၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့စားအုန်းဆီနှင့်ဂျုံဈေးများ မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏  ခေါက်ဆွခြောက်ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီများဖြစ်ကြသော Nongshim နှင့် Ottogi  ကုမ္ပဏီတို့သည် အခက်ကြုံတွေ့လျက်ရှိကြသည်။အဆိုပါကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ စားသောက်ကုန်ဈေးနှုန်းများတိုးမြှင့်ရန်အတွက်ကိုမူ အထူးသတိပြု ဆောင်ရွက်နေကြောင်း၊ကုန်ဈေးနှုန်းများ ကြီးမြင့်လာသဖြင့် ဈေးတက်သင့်သော်လည်းခေါက်ဆွဲခြောက်သည် တောင်ကိုရီးယားနိုင်ငံ၌လူသုံးများသည့် စားသောက်ကုန်ဖြစ်၍ဈေးတက်ရေးကိုမူ အထူးသတိထားရကြောင်း၊သို့ဖြစ်၍ ကုမ္ပဏီများ၏လုပ်ငန်းလည်ပတ်မှုတွင်အမြတ်ငွေတန်ဖိုးကျဆင်းလာသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ Nongshim  သည် ၎င်း၏ အသင့်စားခေါက်ဆွဲများ၏ဈေးနှုန်းကို  ယခင်နှစ် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် နောက်တစ်လအကြာတွင် Ottogi က  ၁၁ ဒသမ ၉ ရာခိုင်နှုန်း  တိုးမြှင့်ခဲ့ဖူးသည်။ ၎င်းသည်Nongshim ၏ ခုနစ်နှစ်အတွင်း ပထမဆုံး ဈေးနှုန်းတက်ခဲ့ခြင်းဖြစ်ပြီး ဥအအသါငအနေဖြင့် ၁၃နှစ်အတွင်း ပထမဆုံးအကြိမ်ဈေးတက်ခဲ့ခြင်းဖြစ်သည်။ Korea Rural Economic Institute ၏စာရင်းများအရ Chicago Mercantile Exchange ၌ ၂၀၂၁ ခုနှစ်တွင် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၉၀ ရှိခဲ့သော ဂျုံဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၈၀ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မေလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ သို့ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊  စားအုန်းဆီဈေးနှုန်းအနေဖြင့် ၂၀၂၁ခုနှစ် မေ ၁ရက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မတ် ၁ ရက်တွင် တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၁၉၃၉ ဒေါ်လာအထိသို့ မြင့်တက်လာခဲ့ကြောင်း၊ ထို့နောက် ၂၀၂၂ ခုနှစ် မေ ၁ ရက်တွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၇၇၆ ဒေါ်လာသို့ပြန်လည်ကျဆင်းခဲ့ကြောင်းလေ့လာတွေ့ရှိရသည်။Nongshimကုမ္ပဏီအနေဖြင့်လက်ရှိတွင်စားအုန်းဆီနှင့်ဂျုံနှစ်မျိုးစလုံးအတွက်လုံလောက်သောကုန်သိုလှောင်မှုရှိသေးကြောင်း၊သို့ရာတွင်မကြာမီခြောက်လအတွင်း ကုန်ကြမ်း ပြတ်လတ်မှု ဖြစ်ပေါ် နိုင်ကြောင်း၊ ခေါက်ဆွဲခြောက်အားလတ်တလော ရေတိုကာလ တွင် ဈေးနှုန်းမတက်ဘဲဆက်လက်ရောင်းချပေးသွားမည်ဖြစ်သော်လည်း မမျှော်လင့်ထားသော သက်ရောက်မှုများ ဖြစ်ပေါ်လာ နိုင်သည့်အတွက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စားအုန်းဆီနှင့် ဂျုံပြတ်လပ်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းNongshim ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။  
ဝင်းပပသူ(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ဆိုလ်းမြို့။