Main menu

Background

တရုတ်နိုင်ငံ ချုံချင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေး ချိတ်ဆက်မှုလမ်းကြောင်းအသစ်တစ်ခု စတင်

Thu, 06/09/2022 - 12:46 -- journal_editor

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိချုံချင်းမြို့မှ ကွန်တိန်နာအလုံး၆၀တင်ဆောင်ထားသောကုန်စည်ပို့ဆောင်ရေးရထားအသစ်တစ်စင်းကိုမေ၂၃ရက်ကစတင်ပြေးဆွဲခဲ့ပြီးတရုတ်နိုင်ငံမှကုန်ပစ္စည်းများကိုလမ်းကြောင်း အသစ်မှ မြန်မာ နိုင်ငံသို့ ပို့ဆောင်ပေးရန်ဖြစ်သည်။စက်ပစ္စည်းများ၊အီလက်ထရွန်နစ်ဆက်စပ်ပစ္စည်းများနှင့်အခြားအရာများပါဝင်သော ကုန်စည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အနောက်တောင်ဘက် လင်ချန်းမြို့သို့ ဦးစွာရောက် ရှိပြီး ယင်းမှ တစ်ဆင့် မြန်မာနိုင်ငံမြောက်ဘက်မန္တလေးမြို့သို့ ကုန်းလမ်းဖြင့်ပို့ဆောင်မည်ဖြစ်သည်။ယင်းသည်new Sino-Burmese route (Chongqing-Lingchang-Myanmar) တရုတ်-မြန်မာလမ်းကြောင်း(ချုံချင်း-လင်ချန်း-မြန်မာ) လမ်း ကြောင်းကိုကိုယ်စားပြုသောအပြည်ပြည်ဆိုင်ရာကုန်းလမ်း-ပင်လယ်လမ်းကုန်သွယ်ရေးစင်္ကြံသစ်မူဘောင်New International land Sea Trade Corridor ILSTC Framework မုအောက်ရှိကုန်သွယ်ရေးနှင့်ပို့ဆောင်ရေး လမ်းကြောင်း ဖြစ်ကြောင်းယင်းကိုတရုတ်နိုင်ငံအနောက်ဘက်ဒေသများနှင့်စင်ကာပူနိုင်ငံတို့မှပူးတွဲတည်ဆောက်ခြင်းဖြစ်ကြောင်းသိရှိရသည်။အဆိုပါချုံချင်း-မန္တလေးကုန်စည်ပို့ဆောင်ရေးကိုအသုံးပြုခြင်းအားဖြင့်ကုန်စည်ပို့ဆောင်ချိန်ရက်ပေါင်း ၂၀ လျှော့ချနိုင်မည်ဖြစ်ပြီး ပို့ဆောင်နေကျလမ်းကြောင်းနှင့်နှိုင်းယှဉ်ပါကကုန်ကျစရိတ၂၀ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ကြောင်းကုန်စည်များ၁၅ရက်အတွင်းမန္တလေးသို့ရောက်ရှိရန်မျှော်လင့်ထားကြောင်းနှင့်ယင်းမှတစ်ဆင့်တောင် အာရှ၊  အရှေ့အလယ်ပိုင်းနှင့်ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ပေကျင်း။