Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးစွာ၊ နှမ်းမျိုးစုံဈေးအနည်းငယ်ကျလာ

Fri, 07/25/2014 - 08:28 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံထဲမှ ပဲစင်းငုံနီတစ်မျိုးထဲ သာ ရန်ကုန်အဆွဲသွက်တာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေ ဖြင့် ရန်ကုန်-မန္တလေး ဝယ်လက်နှင့် ဒေသတွင်းဆီစက်တွေက ဝယ် လိုအားပြန်လျော့သွား တာကြောင့်ယခင်ရက်သတ္တပတ်နှင့်နှိုင်း ယှဉ်ပါက  ဈေးအနည်းငယ်ကျ လာကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် နှမ်းနီတစ်ပိဿာ ၂၇၅၅ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၁၅၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၇၅၅ ကျပ်ဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။