Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်

Fri, 07/25/2014 - 08:30 -- ydnar

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်လို အားပါများ လာတာကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ် (တစ်တန်ကို ၆၃၃၈၂၀ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်း အဝယ် အနေဖြင့် တစ်ပိဿာကို ၇၁၀ ကျပ်(တစ်တန်ကို ၄၃၄၇၉၀ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။