Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်အဆွဲသွက်၊ ငုံနီငုံရွှေကို ရန်ကုန်အဝယ် ပုံမှန်ရှိ

Thu, 03/12/2015 - 19:51 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို တရုတ် ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး အဆွဲသွက်လာ တာကြောင့် ဈေးကွက်မှာ နေ့စဉ်လိုလို အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။   အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၆၅၃ ကျပ် (တစ်တန် ကို ၁၀၁၂၂၈၀ ကျပ်)ဈေးဖြင့် တစ်ရက် ကို အိတ် ၁၅၀၀ ခန့် ဖြစ်ခဲ့ ကြောင်းသိရပါတယ်။  ပဲတီစိမ်းကြီးကို တရုတ်အဆွဲတောက်လျောက်ရှိပေမယ့် ရောင်းသူကုန်သည်တွေ ထံမှာတော့ ပစ္စည်းလက်ကျန်နည်းနေကြောင်း သိရပါတယ်။ ပဲစင်းငုံနီနှင့် ပဲစင်းငုံရွှေဘိုစကို ရန်ကုန်ဝယ်လက်က ဝယ်လိုအား ပြန်လိုက်လာတာကြောင့် ယခင်တစ်ပတ်နဲ့  နှိုင်းယှဉ်ပါက ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၄၅၀ ကျပ် (တစ်တန်ကို ၈၈၇၉၆၅ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။