Main menu

Background

မူဆယ်မှာ တရုတ်နှစ်သစ်ကူးအပြီး ပြောင်းအဝင်လျော့

Thu, 03/12/2015 - 19:50 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်  ပြောင်းအဝင်ပမာဏ လျော့ကျသွားတယ်။ အဓိကအကြောင်းက တရုတ်နှစ်သစ်ကူး အပြီး ကုန်သည်များဈေးကွက်သို့   လာရောက်မှုနည်းတာရယ်၊ တရုတ်ဘက်မှာလည်း ပြောင်းတွေကို အဖမ်းအဆီးတချို့ရှိတာ ရယ်ကြောင့် နယ်စုံမှ ပြောင်းကားတွေ  အဝင်ကျဲသွားတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဒီ တစ်ပတ်အဖွင့်ဈေးကတော့ ပြောင်း ၅၀ ကီလို  တစ်အိတ်ကို ၉၂ ယွမ်ဖြင့် ဈေးဖွင့်အရောင်း ရှိခဲ့ကြောင်း သိရပါတယ်။