Main menu

Background

ပြည်ကြက်သွန်နီလက်ကားစျေးနှုန်းများကျဆင်း

Wed, 10/28/2020 - 15:20 -- journal_editor

ယခုအောက်တိုဘာလ နောက်ဆုံးပတ်၌ ပြည်ပွဲရုံစျေးကွက်တွင် ကြက်သွန်နီလက်ကားစျေးနှုန်းများ တစ်ပိဿာလျှင် ပျမ်းမျှကျပ် ၁၀၀/၁၅၀ခန့် ကျဆင်းသွားကြောင်းသိရပါသည်။ ၀င်ရောက်မှုအနေနဲ့ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီ ပိဿာ(၃၀) ၀င်အိတ် ၂၅၀ ခန့်ကို ရက်ခြား၀င်ရောက်မှုရှိနေပြီး အရောင်းအ၀ယ်မှာ ၀င်ရောက်မှုရဲ့ ထက်၀က်နီးပါးခန့် အရောင်းအ၀ယ်မဖြစ်သည့်အတွက် ပစ္စည်းလက်ကျန်များ နေသဖြင့် စျေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး)ကျပ် ၁၀၀၀/၉၀၀-၈၅၀/၈၀၀-၇၅၀ နှုန်းတို့ရှိပြီး လက်လီစျေး အသေး များတွင်ကျပ် ၁၃၀၀/၁၂၀၀/၁၁၀၀-၁၀၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်း၀ယ်လျက်ရှိနေကြောင်း သိရပါသည်။

၀င်းလဲ့ဝါ (ပြည်)