Main menu

Background

နှမ်းနီစျေးပြန်မြင့်လာတဲ့ ပြည်နှမ်းစျေးကွက်

Wed, 10/28/2020 - 15:20 -- journal_editor

ပြည်စျေးကွက်သို့ ယခုအပတ်၌ မြန်အောင်၊ မိုးညိုနှင့် နတ်တလင်းဘက်မှ ရက်ခြားအ၀င်ရှိပြီး တစ်ပတ်လျှင် အိတ် (၇၀၀-၈၀၀)ခန့် အ၀င်ရှိတာတွေ့ရပါတယ်။  မန္တလေး၀ယ်လက်များက စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိပြီး နှမ်းနီကို မြို့တွင်း ဆီစက်သမားများကအ၀ယ်ရှိလို့  အရောင်းအ၀ယ်မှာ ပုံမှန်ဖြစ်လျှက် ရှိပါတယ်။  ယခုအပတ် နှမ်းစျေးများမှာ နှမ်းနီ (၃)တင်း၀င်တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ် ဖြင့် ယခင်အပတ် ကထက် စျေးမြင့်လာပြီး၊  နှမ်းနက် (၃)တင်း၀င်တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း၀င် တစ်အိတ်လျှင် ၁၉၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက်စျေးလျော့လာတာတွေ့ရပါတယ်။ နှမ်းအရောင်း အ၀ယ် ကတော့ ပြည်စျေးကွက်တွင် နေ့စဉ်အရောင်းအ၀ယ်ဖြစ်တာတွေ့ရပါတယ်။

ဝေဝေမင်း(ပြည်)