Main menu

Background

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကျင်းပ

Wed, 01/05/2022 - 12:58 -- journal_editor

   အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန် သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းဆွေး‌နွေးမှုများကို မကြာမီစတင်တော့မည်ဖြစ်၍ အာဆီယံသာမကမိမိနိုင်ငံ၏အကျိုးစီးပွားအတွက်ကိုပါ ရလဒ်ကောင်း များရရှိအောင်စနစ်တကျ ကြိုတင် ပြင်ဆင်ဆောင်  ရွက်ကြရန်နှင့် ဘာသာရပ်အလိုက် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူများ ရွေးချယ်တာဝန်ပေးအပ်ရာ တွင် နိုင်ငံတကာသဘောတူညီချက်များ၊ မိမိနိုင်ငံ ၏ဥပဒေများကိုကျေညက်ပိုင်နိုင် ကျွမ်းကျင်သူများ ကိုသာ တာဝန် ပေးအပ်ရန်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးကဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်သည့်အာဆီယံ-ကနေဒါ လွတ်လပ် သော ကုန်သွယ်မှုသဘောတူစာချုပ်  ညှိနှိုင်း ရေး အတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်အတွင်း စတင်မည့် အာဆီယံ-ကနေဒါ  လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ဆွေးနွေးညှိနှိုင်း ရာတွင် မြန်မာနိုင်ငံက တက်တကြွ်ကြွက ပါဝင် ဆွေးနွေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် ယခုအစည်းအဝေးကိုကျင်းပရခြင်းဖြစ်ကြောင်း၊ကနေဒါနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်၍ ယခုချုပ်ဆိုမည့် ကဏ္ဍစုံလွှမ်းခြုံသော လွတ်လပ်သောကုန် သွယ်မှုဒေသ  သဘော တူစာချုပ် (အက်ဖ်တီအေ)သည် အာဆီယံနှင့်ချုပ်ဆိုသည့် အက်ဖ်တီအေ စာချုပ်များအနက် အရည်အသွေးမြင့် စာချုပ်တစ်ခု  ဖြစ်ရန် မျှော်လင့်ထားကြောင်း၊  နိုင်ငံတကာဆွေး နွေးသည့်လုပ်ငန်းစဉ်ဖြစ်၍ စာချုပ်တွင်ညှိနှိုင်းဆွေးနွေး သူများ ကို တာဝန်ပေးအပ်ရာ၌ ဘာသာရပ် ကျွမ်းကျင်မှုအပြင်  သင့်လျော်သည့်  ရာထူးရှိသူ များကို တာဝန်ပေးရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၏ ပို့ကုန်များ ဈေးကွက်ရရှိရေး ၊  အရည်အသွေးမြင့်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု များ ရရှိရေးတို့ကို ဦးစားပေး  ညှိနှိုင်းဆွေးနွေးရန်  လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့ မထိခိုက်စေရေးအတွက် လိုအပ်သလို ကာကွယ် နိုင်မည့် အစီအမံများကိုလည်း နိုင်ငံ၏ တည်ဆဲ ဥပဒေ၊ မိမိနိုင်ငံက သဘောတူလက်မှတ်ရေးထိုး ထားသည့် နိုင်ငံတကာ သဘောတူစာချုပ်များနှင့် အညီ ရပ်တည်ဆွေးနွေးရန်လိုအပ်ကြောင်း မှာကြား ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စေ့စပ် ညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ် နှစ်ဆန်းတွင် စတင်ပြီးနှစ်နှစ်တာကာလအတွင်း အပြီးသတ်ညှိနှိုင်းရန် လျာ ထားသည့်အတွက် ဆွေးနွေးစဉ်ကာလတစ်လျှောက် လုံးမူဝါဒခံယူရန် ကိစ္စရပ်များ၊ ပေါင်း စပ် ညှိနှိုင်းပေး ရန် လိုအပ်ချက်များ၊ နည်းပညာ အထောက်အပံ့ လိုအပ်ချက်များအတွက်  အချိန်နှင့်တစ်ပြေးညီ တင်ပြရန်  လိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေ ဖြင့်  လိုအပ်သည်များကို  ဦးဆောင်ညှိနှိုင်း  ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ပြောကြားခဲ့ သည်။
ဆက်လက်၍    မြန်မာနိုင်ငံ၏   အာဆီယံ အဆင့်မြင့်  စီးပွားရေးအရာရှိ၊   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်  ဒေါက်တာဝါဝါမောင်က အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု  သဘောတူစာချုပ်အတွက် ညှိနှိုင်းထားရှိသည့် ကိုးကားစာတမ်း တွင်ပါဝင်သည့်နယ်ပယ်များကို လည်းကောင်း၊ ယင်းစာတမ်းနှင့်စပ်လျဉ်း၍  နှစ်ဖက်သဘောတူညီ မှုရရှိရန် ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေများကို လည်းကောင်း၊   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာ မျိုးညွန့်က  အာဆီယံ-ကနေဒါ  လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမ ည့်ကိစ္စများနှင့် ၂၀၂၂  ခုနှစ်အတွင်း စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်မည့်လုပ် ငန်းများ၏ အစီအစဉ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက  မြန်မာနိုင်ငံ ကိုယ်စား ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာ သည့် ဘာသာရပ်ဆိုင်ရာဌာနများက မိမိတို့ဘာသာ ရပ်အလိုက် အာဆီယံ-ကနေဒါ  လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုနှင့် စပ်လျဉ်း၍  ပြင်ဆင်ထားမှု အခြေ အနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းမည့် အစီ အစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးနှင့် ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်တို့က  ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ကနေဒါနိုင်ငံသည် ၁၉၇၇ ခုနှစ်တွင် အာဆီယံ ၏ ဆွေးနွေးဖက်နိုင်ငံတစ်ခုအဖြစ် စတင်ဆောင် ရွက်ခဲ့ပြီး အာဆီယံ-ကနေဒါ လွတ်လပ်သောကုန် သွယ်မှုဒေသ ထူထောင်နိုင်ရန်အတွက် လေ့လာမှု များကို ၂၀၁၆ ခုနှစ်မှစ၍ စတင် ညှိနှိုင်း ဆွေးနွေးခဲ့ရာ  ၂၀၂၁ ခုနစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီး များအစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ် လပ်သော ကုန်သွယ်ရေးစာချုပ် တရားဝင်ညှိနှိုင်း ဆွေးနွေးမှုစတင်ရန် ကြေညာခဲ့သည်။  ကနေဒါ သည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများထဲတွင် အဋ္ဌမမြောက်အဆင့်ရှိပြီး  အာဆီယံမှာ  ဆဋ္ဌမ အဆင့်တွင် ရှိသည်။
အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိပြီး ကနေဒါမှာ အာဆီယံ၏ ၁၅ နိုင်ငံမြောက် အကြီး ဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် တွင်  အာဆီယံ-ကနေဒါ  ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရှိခဲ့ကြောင်း  သိရသည်။ ကနေဒါနိုင်ငံမှ အာဆီယံနိုင်ငံများသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံရှိ၍ အာဆီယံ၏ ကနေဒါနိုင်ငံတွင် သွားရောက် ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ဒသမ၂ ဘီလီယံ ရှိကြောင်း လေ့လာသိရှိရသည်။
ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ကုန်သွယ်ဖက်နိုင်ငံများထဲတွင် အဆင့်(၂၆)တွင် ရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်ရှိ သည်။ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ လက် ရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၅၈ သန်း ရှိပြီး  မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများ အနက် အဆင့် ၁၆ တွင်ရှိသည်။
အာဆီယံနှင့် အရှေ့အာရှ စီးပွားရေး သုတေ သနအဖွဲ့နှင့်  ကနေဒါ  ကမ္ဘာ့ရေးရာအဖွဲ့တို့၏ လေ့လာသုံးသပ်ချက်အရ လည်းကောင်း၊ နိုင်ငံ တကာ စီးပွားရေး ကျွမ်းကျင်သူများ၏ သုံးသပ်မှု များအရလည်းကောင်း အာဆီယံ-ကနေဒါ လွတ် လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ချုပ်ဆို နိုင်ခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ များအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ  များတွင် ပိုမိုအကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ် ဖြစ်လာမှာဖြစ်ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ အာဆီယံ-ကနေဒါ လွတ် လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်တွင်ပါဝင် မည့် နယ်ပယ်များနှင့် သက်ဆိုင်သည့်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်  တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ သည်။
DICA