Main menu

Background

တရုတ်တွင် ကိုဗစ်ကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ ကုန်ထုတ်လုပ်မှုများ ထိခိုက်

Mon, 05/16/2022 - 09:54 -- journal_editor

လတ်တလောကာလ  တရုတ်နိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုများ မြင့်တက်ခြင်းကို ထိန်းချုပ်နိုင်ရေးအတွက်  မြို့တော်ပေကျင်း၌ ဘူတာရုံများနှင့် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်း အများအပြားကို မေ ၄ရက်မှ စတင်ကာ ယာယီပိတ်ထားကြောင်း သိရသည်။ကိုဗစ်(၁၉)ကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့ကို  တစ်လကျော်ကြာ လော့ခ်ဒေါင်းချထားမှု မျိုးကို ရှောင်လွှဲနိုင်ရေးအတွက် မြို့တော်ပေကျင်း တွင် အများပြည်သူ  သယ်ယူပို့ဆောင်ရေးများကို ယာယီပိတ်ထားလိုင်ခြင်းဖြစ်ကြောင်း သိရသည်။မေ ၄ ရက်မှစတင်ပြီး  ပေကျင်းမြို့တော်ရှိ မြေအောက်ရထားဘူတာ ၄၀ ကျော်နှင့် ဘတ်စ် ကား သယ်ယူပို့ဆောင်ရေးလမ်း   ကြောင်း ၁၅၈ ခု ကို ပိတ်ပင်ထားကြောင်း ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများ၏  ပြောပြချက်အရ  သိရကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။တရုတ်နိုင်ငံတွင်   လော့ခ်ဒေါင်းချထားမှု၊ မြေအောက်ရထားဘူတာများ   ပိတ်ထားမှုနှင့် ဘတ်စ်ကား  သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပိတ်ထားမှုနှင့်အတူ  တခြားကန့်သတ်မှုများ ကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ၏ ကုန်ထုတ် လုပ်မှုများကို   ထိခိုက်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ရှန်ဟိုင်းတွင်  တစ်လကျော်ကြာ လော့ခ် ဒေါင်းချ ပိတ်ဆို့ခြင်းများ အဆုံးမသတ်နိုင်သေးဘဲ ဖြေလျှော့မှုကအနည်းငယ်သာ ရှိနေသေးကာCovid Zeroမူဝါဒက လူ့အသက်ပေါင်းများစွာကို တတ်နိုင်စွမ်းသမျှ ကယ်တင်ရန်ရည်ရွယ်ထား ကြောင်း တရုတ်နိုင်ငံအာဏာပိုင်များက ပြောဆို ထားသည်။သို့သော် အဆိုပါ Covid Zero မူဝါဒသည် ပြည်တွင်းစားသုံးမှုနှင့်  စက်ရုံထွက်ကုန်များကို များစွာ   ထိခိုက်စေပြီး  Apple? Gucci-parent Kering   နှင့်Taco Bell-owner Yum China ညေ ကဲ့သို့ သော နိုင်ငံတကာ  အမှတ်တံဆိပ်များအတွက်  အဓိကကျသော ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် များကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ဝင်ငွေ များကိုလည်း နည်းပါးသွားစေသည်။Capital Economics  ၏ လေ့လာသုံးသပ်ချက်များအရ ၂၀၂၂ ခုနှစ် တိုးတက်မှုခန့်မှန်းချက် ကို ၄ ဒသမ ၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး တရုတ်၏ တရားဝင် ရည်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်းထက်ပင် လျော့နည်းခဲ့သည်။ ကိုဗစ်(၁၉)ကြောင့် နိုင်ငံတကာ ကုန်သွယ် မှုများသည် အနှောင့်အယှက်များဖြင့် ကြုံတွေ့နေ ရပြီး Royal Bank of Canada  ၏ လေ့လာမှုအရ ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာသင်္ဘောရေယာဉ်စု ၏  ငါးပုံတစ်ပုံသည်   ဆိပ်ကမ်းအသီးသီးတွင် ယာဉ်ကြောပိတ်မိနေခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ 
Ref; Xinhua