Main menu

Background

ပြည်ပပို့ကုန် ပုသိမ်ထီးဈေးကွက်

Thu, 05/26/2022 - 16:39 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင်တစ်ခုအပါအဝင်ဖြစ်သော ပုသိမ်ထီးဈေးကွက်မှာ ပြည်တွင်း/ပြည်ပဈေးကွက်ရှိပြီး ပြည်တွင်းဈေးကွက်မှာ ငွေဆောင်၊ချောင်းသာ၊ငပလီကမ်းခြေသုံး ထီးများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ၊ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိဟိုတယ်များတွင်လည်း အလှဆင်ထီးများ အသုံးပြုလျက်ရှိကြောင်းသိရသည်။ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရ ကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ ပြည်တွင်းဒေသထွက်ကုန် များကို အသုံးပြု၍ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှဝယ်ယူသည့်ကုန်ကြမ်းပစ္စည်းများမပါဝင်ဘဲမြန်မာအနုပညာကို ဖော်ထုတ်ထားသည့်ဆေးဆိုးခြင်း၊ပန်းချီရေးဆွဲခြင်းစသည်တို့ဖြင့်အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထား သောကြောင့် ပြည်ပနိုင်ငံသားများHand Made လက်မှုအနုပညာတစ်ခုအနေဖြင့် လူကြိုက်များကြောင်း ပုသိမ်ထီး ပြုလုပ်ရာတွင် ရဟန်းဆောင်းထီး ၊သီလရှငဆောင်းထီး၊ အလှဆောင်းထီး၊မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ဟိုတယ်အလှဆင်ထီး၊ကမ်းခြေသုံးထီးအမျိုးမျိုးပြုလုပ်ရောင်းချလျက်ရှိပြီးယခုလက်ရှိအချိန်ရှင်ပြု၊နားသများတွင် အသုံးပြုရန်၁၄လက်မ အလှဆောင်းဖဲထီးများကို မန္တလေး၊နေပြည်တော်၊ရန်ကုန်၊ပုဂံ၊ညောင်ဦးမြို့ များ မှ မှာယူလျက်ရှိကြောင်း ပုသိမ်မြို့ ရွှေစာထီးလုပ်ငန်းမှသိရသည်။

ဧရာမြေ(ပသ)