Main menu

Background

တွမ်ခရုစ်၏ ရုပ်ရှင်ဇာတ်ကားသစ် သုံးရက်အတွင်း ဝင်ငွေ ဒေါ်လာ ၁၂၄ သန်း ရရှိ

Fri, 06/10/2022 - 11:54 -- journal_editor

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ တွမ်ခရုစ်၏ ရုပ်ရှင်ဇာတ် ကားသစ် Top Gun: Maverick သည် အမေရိကန်ပြည်ထောင်စုတွင် စတင် ပြသနေပြီဖြစ်ရာ  ပထမဆုံး သုံးရက်အတွင်းမှာပင် ဝင်ငွေအမေရိကန်ဒေါ် လာ ၁၂၄ သန်း ရရှိခဲ့ကြောင်း topgun- movie.comတွင် ဖော်ပြထားသည်။ Top Gun: Maverickဇာတ်ကား သည် ၁၉၈၆ ခုနှစ်က ပြသခဲ့သည့်  Top Gun ရုပ်ရှင်၏ နောက်ဆက်တွဲဖြစ်ပြီး တွမ်ခရုစ်က စမ်းသပ်လေသူရဲတစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၁၂၄ သန်းရရှိထားသည့်  Top Gun: Maverick  ဇာတ်ကားသည် ရုံတင်ပြသပြီးချိန် တွင်  အမေရိကန်ဒေါ်လာ ၂၄၈ သန်း ရရှိနိုင်မည်ဟု ထုတ်လုပ်သူ ပါရာမောင့်ကခန့်မှန်း ထားသည်။Top Gun: Maverickဇာတ်ကား ရိုက်ကူးမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျခဲ့သည်။ ထို့ကြောင့်  Top Gun: Maverick  ဇာတ်ကားနှင့် ပတ်သက်ပြီး ထုတ်လုပ်သူများကလည်း ဝင်ငွေဒေါ်လာ သန်း ၂၀ဝ ကျော် ရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။ အသက် (၅၉) နှစ်ရှိပြီဖြစ်သည့် မင်းသား တွမ်ခရုစ် အတွက်လည်း ၎င်း၏ဇာတ်ကားများထဲ၌ ရုံတင်ပြသသည့် ပထမဆုံး ရက်သတ္တပတ် အတွင်း၌ပင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝကျော် ရ  ရှိစေခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။Top Gun: Maverick  ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ်ကပင်ရုံတင်ပြသရန်စီစဉ်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့သည့် ကိုဗစ်(၁၉)ကပ်ရောဂါ ကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရ ခြင်း ဖြစ် ပြီး ယခုနှစ်မေလတွင်မှရုံတင်ပြသနိုင် ခဲ့ခြင်းဖြစ်သည်။ မင်းသားကြီးတွမ်ခရုစ်သရုပ်ဆောင်ထားသည့်  Top Gun: Maverick မှာ စမ်းသပ်လေသူရဲ ဆက်မလုပ်ရမည်ကို စိုးရိမ်သောကြောင့် ရာထူးတိုးခြင်းကို ငြင်း ဆန်ခဲ့သည့် အမေရိ ကန်ရေတပ်လေသူရဲဗိုလ်ကြီးတစ်ဦးအကြောင်းကိုစိတ်ကူးများနှင့်အတူ တကယ့်မြေပြင်တွင်ရှိနေသည့် အမေရိကန် တိုက်လေယာဉ်များ၊ လက်နက်များဖြင့် ပေါင်းစပ်ကာ ရိုက်ကူးထားသည့် အက်ရှင်ဒရာမာ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။Top Gun: Maverick  ဇာတ်ကားကို   Joseph Kosinski က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး အဆိုပါဇာတ်ကားတွင် မင်းသား တွမ်ခရုစ်နှင့်အတူ Val Kilmer, Miles Teller,  Jennifer Connelly,  Jon Hamm နှင့် Charles Parnell တို့က ပါဝင်သရုပ်ဆောင်ထားသည်။   
                                                                 
Ref; topgunmovie.com