Main menu

Background

ဖောရောင်ခြင်း(Ordema)

Thu, 02/19/2015 - 18:49 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

    ခြေလက်များဖောရောင် ခြင်း၊ ခြေလက်သာမက မျက်နှာအစ်ပြီး ရေဖျဉ်း စွဲကာတစ်ကိုယ်လုံး ဖောရောင်နေတတ်တယ်။ ဖောရောင်တာဟာအဖြစ်များတဲ့ လက္ခဏာတစ်ရပ် ဖြစ်နေတတ်တယ်။
သဘာဝ။ လူ့ခန္ဓာကိုယ်မှာရေဟာ ၆၅ ရာခိုင်နှုန်း ပါဝင်တယ်။ ခန္ဓာကိုယ် အတွင်းရှိ သွေးသားပြန်ရည် အဖွဲ့အစည်း (Interstial Fluid) နှင့် ဆဲလ်များ အတွင်း နေရာအနှံ့ ရေပါဝင်တယ်။
ဖောရောင်ခြင်း။ သွေးကြော၊ သားငန်ရည်ကြောနှင့် ဆဲလ်တို့၏ အပြင်ဘက်မှာ သွေးကြောမျှင်တို့၏ နံရံရှိအပေါက်ငယ်ကလေးများဖြတ်ပြီး တစ်ဘက်နှင့် တစ်ဘက် စိမ့်ဝင်နိုင်တယ်။ စိမ့်ဝင်ပျံ့နှံ့နှုန်းဟာ သွေးကြောအတွင်း အပြင်ရှိ ဖိအားအနည်းအများပါတဲ့ ဓာတ်ပစ္စည်းများ၊သွေးကြောနံရံရှိ အပေါက် ငယ်များ အကျဉ်းအကျယ်တို့ အပေါ်မူတည်တယ်။
    ခန္ဓာကိုယ်တွင်း၌ ရေပိုမိုများပြား နေတဲ့အခါ (သို့) အကြောင်းတစ်စုံတစ် ရာကြောင့် သွေးအတွင်းရေများ သွေးကြောပြင်ပကို ပိုမိုစိမ့်ထွက်တဲ့အခါ ခန္ဓာ ကိုယ်အရေပြားအောက် နေရာအနှံ့ အစုအဝေးများ၊ စိမ့်ဝင်ခြင်း၊ ဖောရောင် လာတယ်။ သွေးကြောအတွင်းအပြင်ရှိ ဖိအားအနည်းအများ ပါဝင်တဲ့ ဓာတ် ပစ္စည်းများ သွေးကြော နံရံရှိ အပေါက်ငယ်များရဲ့ အကျဉ်း အကျယ်တို့ပေါ် မူတည်တယ်။ ခန္ဓာကိုယ်တွင်းရေပိုမိုများလာတဲ့ အခါ (သို့) အကြောင်းတစ်စုံ တစ်ရာကြောင့်၊ ရေပိုမိုများလာတဲ့အခါ ခန္ဓာကိုယ်အရေပြားအောက်နေရာ အနှံ့မှာ အဖွဲ့အစည်းအရည်များနဲ့ ပြည့် နှက်နေခြင်းဖြင့် ဖောရောင်ခြင်းဖြစ်စေ တယ်။ ဖောရောင်တဲ့နေရာကို လက်ညှိုးနဲ့ဖိလိုက်ရင် ခွက်ဝင်ပြီး၊ နောက် ခဏကြာ ပြန်ပြည့်လာတယ်။
ခန္ဓာကိုယ်အနှံ့ဖောရောင်ခြင်း။ ခြေလက်များ သာမက မျက်နှာလည်းအစ်၍၊ ရေဖျဉ်းစွဲကာ ကျောဘက်မှာ ဖောရောင်နေတတ်တယ်။ အာဟာရနှင့် ဓာတု ဇီဝနည်းများဖြင့် မျက်စိကို ဖောရောင်စေတဲ့အခါ မျက်စိအမြင်မှုန်ဝါးစေတယ်။ ခြေထောက်မှစပြီး တစ်ကိုယ်လုံး ဖောရောင်မှုက၊ အိပ်ရာထဲလှဲနေရင်  ကျော ဘက်အောက် ဖောရောင်လာတယ်။ ခန္ဓာကိုယ်အနှံ့ ဖောရောင်ခြင်းမှ၊ ကျောက်ကပ်ရောင်ရောဂါမှာ ခန္ဓာကိုယ်အနှံ့ ဖြစ်ပေါ်စေတယ်။
    ဗိုက်ဖောရောင်၍ ရေဖျဉ်းစွဲ လာတယ်။ အာဟာရဓာတ်အလွန် ချို့ရင်၊ ပရိုတိန်းချို့တဲ့ရင်၊ ဖောရောင်တတ်တယ်။ ပရိုတိန်းချို့တဲ့ရင် ခြေခုံနှင့် ခြေကျင်း ဝတ်များ ဖောရောင်တတ် တယ်။ အစားအသောက် စားသောက်မှု နည်းရင် စားသောအစာမှာ အာဟာရဓာတ်များ စုပ်ယူရာမှာ ချွတ်ယွင်းနေလို့ ခန္ဓာကိုယ် မှ အသားဓာတ်ပိုမိုဆုံးရှုံးနေလို့ အသားဓာတ်ချို့တဲ့လာတယ်။ ခြေခုံနှင့်ခြေကျင်း ဝတ်များစ၍ ဖောရောင်တတ်တယ်။ အစားအစာ စားသောက်မှုနည်းလို့၊ စားတဲ့ အစာမှာ အာဟာရ ဓာတ်ချို့တဲ့၍၊ အစာခြေဖျက်ရာနှင့် အာဟာရဓာတ်များ စုပ်ယူရာမှာ ပိုမိုဆုံးရှုံးလေ၊ အာဟာရချို့တဲ့လာလေ့ရှိတယ်။
    ဓာတ်မတည့်၍ဖောရောင်ခြင်းမှာ နှုတ်ခမ်းအလွန်ထူအမ်းနေတယ်။ အချို့ အဆိပ်ဖြစ်တဲ့ ဆေး ကြောင့် ခန္ဓာကိုယ်အနှံ့ ဖောရောင်စေတယ်။ သွေးအား အလွန်နည်းမှုနှင့် ဗီတာမင်ဘီဝမ်းဓာတ်ချို့တဲ့ရင် ဆုံဆို့နာ စို၊ ဆုံဆို့နာခြောက် ဖြစ်ပြီး အချို့ ဖောရောင်တတ်တယ်။
နေရာအလိုက်ဖောရောင်ခြင်း။ လက်မောင်းရင်းမှာ ရင်သားကင်ဆာကြောင့် သားငန်ရည်အကျိတ်များ၊ အဆမတန် ကြီးမားလာတဲ့အခါ ဆင်ခြေထောက် ရောဂါမျိုး ဖောရောင်လာတယ်။ သိုင်းရွိုက်ရောဂါမှာလည်း ဖောရောင်တယ်။
မျက်နှာအန်းခြင်း။ မျက်နှာတစ် နေရာတည်း ဖောရောင်ခြင်း (သို့) မျက်နှာအစ် နေခြင်း၊ ပြင်းထန်စွာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်း၊ ရောဂါပိုးကြောင့် မျက်နှာတစ်ပြင်လုံး ဖောရောင်ခြင်း၊ ဓာတ်မတည့်တဲ့အနာများ ထိတွေ့ခြင်း၊ လည်ပင်းအကျိတ်အဖုများက သွေးပြန်ကြောများ ဖိနှိပ်ထားသလိုဖြစ်ခြင်း၊ စတီးရွိုက်ဆေးကြောင့် ရောင်ခြင်းဖြစ်တယ်။
ကုသရန်။ ဖောရောင်ရင် လက်ညှိုးနဲ့ အရိုးများ ဖိကြည့်ပါက ချိုင့်သွားလျှင် နီးစပ်ရာ ဆရာဝန်နှင့်ပြသပါ။ အာဟာရချို့တဲ့ခြင်းကုသရမယ်။ လျင်မြန်ထိ ရောက်တဲ့ ဆေးကုသမှုခံယူရမယ်။ အငန်ဓာတ်လျော့စားရမယ်။ ရေလျှော့ရ မယ်။ ဖောရောင်ခြင်းမဖြစ်ဖို့၊  နေ့စဉ်ကိုယ်လက်အားကစား (အပြေး၊ လမ်း လျှောက်၊ စက်ဘီးစီး) လုပ်သင့်ပါတယ်။

            ဒေါက်တာလွင်သန့်