Main menu

Background

Taiyo Life Insurance က မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံ လုပ်ငန်းများ ဆောင်ရွက်ပေးမည်

Fri, 03/06/2015 - 21:39 -- journal_editor

အတွဲ(၁၅)အမှတ်(၉)

ဂျပန်နိုင်ငံTaiyo Life Insurance အာမခံကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံလုပ်ငန်းများကို ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
Taiyo Life Insurance ကပေးမည့်  အာမခံလုပ်ငန်းများတွင် နာမကျန်း ဖြစ်မှု သို့မဟုတ် ဒဏ်ရာရရှိမှုကြောင့် ဆေးရုံတက်ရောက်ရာတွင် ကုန်ကျ သည့် ဆေးကုသမှုစရိတ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ  ဂျပန်အာမခံကုမ္ပဏီသည်  ပရီမီယံအာမခံကြေးတွက်ချက်မှုအပါ အဝင် အာမခံပုံစံရေးဆွဲမှုများကိုပါ လုပ်ဆောင်ပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် အာမခံစနစ်မရှိသဖြင့်  ပြည်သူများမှာ ကျန်းမာရေးနှင့်ပတ်သက်သည့်ကုန်ကျစရိတ်များကို မိမိကိုယ်တိုင် ကျခံဆောင်ရွက်နေရကြောင်း Nikkei သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ယင်းဂျပန်အာမခံကုမ္ပဏီကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေး ဆိုင်ရာ  အာမခံလုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းဝန်ဆောင်မှုများကို မြန်မာ့အာမခံလုပ်ငန်း တစ်ခုတည်းကသာ လုပ်ကိုင်ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ပုဂ္ဂလိကအာမခံလုပ်ငန်းများကို လုပ်ပိုင်ခွင့်များပေးအပ်ခဲ့သည်။  လက်ရှိတွင် အာမခံကုမ္ပဏီ ၁၀ ခုက မော်တော်ယာဉ်အာမခံလုပ်ငန်းများနှင့်ပတ်သက်၍ ဝန် ဆောင်မှုများပေးလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားအာမခံကုမ္ပဏီများအား အာမခံများ ရောင်းချ ခွင့်မပြုသေးသော်လည်း ယခုနှစ်ဆန်းပိုင်းတွင် အစိုးရက အထူးစီးပွားရေးဇုန်များ တွင် ၎င်းင်းတို့အား အာမခံများ ရောင်းချခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဂျပန် Taiyo Life Insurance ကုမ္ပဏီသည် ၂၀၁၂ခုနှစ်အတွင်းက မြန်မာ နိုင်ငံသို့ ဝင်ရောက်လာခဲ့သည့် ပြည်ပအသက်အာမခံလုပ်ငန်းတစ်ခုဖြစ်ပြီး ပြည် တွင်းရှိသတင်းအချက်အလက်များကို စုဆောင်းကာ အာမခံလိုင်စင်လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
မယ်သီတာ