Main menu

Background

ဆီးချိုထိန်းနိုင်သော ဆေးဖက်ဝင်သစ်သီးဝလံများ

Wed, 03/11/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ဆီးချိုရောဂါဆိုတာ သွေးထဲရှိသကြားဓါတ်ပါဝင်မှုကို ထိန်း ကျောင်းပေးနိုင်မယ့်အင်ဆူလင် လုံလောက်အောင်ထုတ်မပေးနိုင်တော့ ခြင်း၊  အင်ဆူလင်အပေါ်တုံ့ပြန်နိုင်စွမ်းမရှိတော့တဲ့အတွက် ဇီဝကမ္မ ဖြစ်ပျက်မှုများ စနစ်တကျမရှိစေခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါ တယ်။ ဆီးချိုရောဂါပျောက်အောင် ကုသနိုင်တဲ့နည်းမရှိသေးပါ၊ နာတာရှည်ရောဂါမျိုးဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူဦးရေ ၃၈၂ သန်းကျော် ဟာ ဆီးချိုဝေဒနာခံစားနေကြရပါတယ်။ ဆီးချိုရောဂါမှာ ွှ Type 1 နဲ့ 2ဆိုပြီး   နှစ်မျိုးရှိပါတယ်။   Type  1  ဆိုတာကတော့ ခန္ဓာကိုယ်မှ အင်ဆူလင်ထုတ်ပေးနိုင်စွမ်းမရှိတဲ့ အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် ထဲရှိသွေးချိုကို ထိန်းကျောင်းနိုင်ဖို့ အင်ဆူလင်ထိုးခြင်းအပေါ် လုံး၀ မှီခိုအားထားရလျက်ရှိပါတယ်။ သူတို့ရဲ့ သက်တမ်းကုန်ဆုံးတဲ့ထိ အင်ဆူလင်ထိုးခြင်းဖြင့် အသက်ရှင်အောင် ရပ်တည်နေရပါတယ်။
ဆီးချိုရောဂါရဲ့ လက္ခဏာတွေကတော့ မကြာခဏ ဓဆီးသွား ခြင်းဓ သို့မဟုတ် ဓရေငတ်ခြင်းဓ ဓဆာလောင်ခြင်း ဓ တို့ပဲဖြစ်ပါတယ်။
  Type  2 အမျိုးအစားဆီးချိုရောဂါကတော့  Type  1 နဲ့ကွာခြား ပါတယ်။   Type  2 ဆိုတာခန္ဓာကိုယ်ထဲရှိ ဂလူးကို့စ်ဓာတ်ကို ထိန်း ကျောင်းပေးရန်အတွက် အင်ဆူလင်လုံလောက်အောင် ထုတ်ပေး  နိုင်မှုမရှိခြင်း သို့မဟုတ်  ဆဲလ်တွေဟာ အင်ဆူလင်အပေါ် တုံ့ပြန်မှုမ  ရှိခြင်းတို့ဘဲဖြစ်ပြီး ဒီအခြေအနေဟာ အင်ဆူလင်ကို ခံနိုင်ရည်ရှိတဲ့ အဆင့်လို့ ဆိုကြပါတယ်။ ွှ  Type  1 နဲ့မတူဘဲ ွှ  Type  2 ကိုထိန်း ကျောင်းရလွယ်ကူပါတယ်။ ွှပစန ၁ အမျိုးအစားဟာဖြစ်ခဲပြီး ၁၀ ရာခိုင်နှုန်းမှာသာ တွေ့ရလေ့ရှိပါတယ်။    Type  2 အမျိုးအစား ဆီးချိုဖြစ်ပွားလျှင်  ခန္ဓာကိုယ်အလေးချိန်ကို ထိန်းခြင်း၊ ဟန်ချက်ညီ သောအစားအစာကို စားသုံးခြင်း၊ သွေးချိုကို မှန်မှန် ဖောက်စစ်ဆေး ခြင်းတို့ကိုလုပ်ခြင်းအားဖြင့် ဆီးချိုဝေဒနာဖြစ်ပွားသော်လည်းသက် တမ်းစေ့အောင်နေထိုင် သွားနိုင်မှာဖြစ်ပါတယ်။
ဆီးချိုရောဂါကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ဆေးဖက်ဝင်သစ်သီးအချို့ကို စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းကျောင်း၍ရနိုင်ပါတယ်။
တမာပင်ဟာ ရှေးအကျဆုံံးဆေးဖက်ဝင်ဆေးအဖြစ်အသုံးပြု တဲ့ အပင်များအနက်တစ်ပင်ဖြစ်ပါတယ်။ တမာကို မိရိုးဖလာရှေးရိုး အတိုင်း တမာသက်သက်ကို ဖြစ်စေ၊ အခြားဆီးချိုမဖြစ်စေနိုင်တဲ့ အရာများနဲ့  ရောနှော၍ ဖြစ်စေဆီးချိုကာကွယ်ရန်သုံးစွဲခဲ့ကြပါတယ်။ တမာမှာ အနာပျောက်စေနိုင်သော၊ ငှက်ဖျားတိုက်ဖျက်ပေးနိုင်သော၊ မှိုမတက်စေနိုင်သော၊ ဘက်တီးရီးယားများ မဖြစ်စေနိုင်သော၊ အချို  ဓါတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်သော၊ ဝမ်းမီးတောက်လောက်ခြင်းကို တားဆီးနိုင်သော၊ အဖုအကျိတ်များကို ချေဖျက်ပေးနိုင်သော အာနိ သင်များစွာ ပိုင်ဆိုင်ပါတယ်။ တမာက ခန္ဓာကိုယ်ရဲ့ အချိုဓါတ်တက် ခြင်းကို ကာကွယ်ပေးနိုင်စွမ်းတိုးတက်စေပါတယ်။
Mulberry ကို အသားအရေဖြူစင်တောက်ပစိုပြေစေတဲ့ အလှ ကုန်ပစ္စည်းများ ထုတ်လုပ်ရာမှာ အသုံးပြုရန်အတွက် ထင်ရှားခြင်း သာမက ဆီးချိုရောဂါအတွက် မိရိုးဖလာတိုင်းရင်းဆေးများဖော်စပ် ရာမှာလည်း အသုံးပြုကြပါတယ်။Mulberry  ဟာ သွေးထဲမှာရှိတဲ့ အချိုဓာတ်ကို ထိန်းပေးရာမှာ  အထောက်အကူဖြစ်စေပါတယ်။ သုတေသနလေ့လာမှုတစ်ခုမှာတော့Mulberry  အရွက်များကို ၁၅ ရက်ကြာစားသုံးပေးခြင်းအားဖြင့် သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို ၃၈ ရာခိုင်နှုန်းခန့်ထိ လျှော့ချပေးနိုင်တယ်လို့ ဖော်ထုတ်ရရှိထားပါ တယ်။
အခြားလေ့လာမှုတစ်ခုမှာတော့Mulberry ဟာLipids များ မူမမှန်ဖြစ်နေတာကို တည့်မတ်ပေးပြီး ဆီးချိုရောဂါဝေဒနာ မခံစားရ စေရန် ထိန်းပေးနိုင်တယ်လို့  ဖော်ထုတ်ထားပါတယ်။ ဆီးချိုရောဂါ  ကြောင့် အတွင်းတိမ်ဖြစ်ပွားမှုကိုလည်း နှောင့်နှေးစေနိုင်စွမ်းရှိတယ် လို့ သိရပါတယ်။
ကြက်ဟင်းခါးသီးကိုတော့ ဆီးချိုရောဂါကုသမှုအတွက် အများဆုံးအသုံးပြုတဲ့ အထောက်အထား များစွာလည်း ရှိနေပါတယ်။ ကြက်ဟင်းခါးသီးဟာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ထုတ်လွှတ်ရန် အတ ွက် လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ သရက်ရွက် f(Pancreas) ရှိ ဘီတာ ဆဲလ်များရဲ့ လုပ်ငန်းများလုပ်ဆောင်ရန် ကူညီပေးတဲ့အပြင် သရက် ရွက်မပျက်စီးစေရန်လည်း အကာအကွယ်ပေးနိုင်ပါတယ်။ ကြက် ဟင်းခါးသီးမှာ ပိုတက်ဆီယမ်ဂလိုက်ကိုဆိုဒ်၊ အယ်ကယ်ကလွိုဒ်စ်၊ ပရိုတင်းMAP ၃၀ ၊    ဂလိုင်ကိုပရိုတင်းနဲ့ Oleic အက်စစ်တို့ ပေါကြွယ်ဝပါတယ်။ ကြက်ဟင်းခါးသီးမှာ ဗိုက်တာမင် A နဲ့ C နှစ်မျိုး လုံးပေါကြွယ်ဝတဲ့အတွက် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကိုလည်း နှေးကွေးစေနိုင်စွမ်းရှိပါတယ်။
Fenugreekအစေ့များကတော့ ွှType  2 ဆီးချိုရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဆေးကုသမှုဆိုင်ရာသုတေသနပြုချက်များအရFenugreekု  ဟာ နှစ်လအတွင်းမှာ သွေးထဲကအချိုဓါတ်များ လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ထဲမှာ အချိုဓါတ် လွန်ကဲခြင်းကို လျှော့ချရန် ထိရောက်တဲ့ ီDiosgenin ဒြပ်ပေါင်းင်္ကFenugreekု မှာပါဝင်တယ်လို့ သိရပါတယ်။                   
      ရှင်ပါဂူ