Main menu

Background

အရက်စွဲခြင်း ဒေါက်တာလွင်သန့်

Tue, 04/07/2015 - 20:15 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

အရက်စွဲခြင်းဟာ ယနေ့မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ သက်ဆိုင်တဲ့ ''ရောဂါ" ဖြစ်တယ်။ အရက်စသောက်တဲ့  အရွယ်ငယ်လေ အရက်စွဲ ဖို့များလေဖြစ်တယ်။ အရက်ပိုမိုသောက်ဖို့  မျိုးရိုးနဲ့ပတ်ဝန်းကျင်အကြောင်းအရာများကလွှမ်းမိုးတယ်။ အရက်အလွန်အကျွံသောက်ရင်  ခန္ဓာကိုယ်ကျန်းမာရေး သာမက၊ စိတ် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ လူမှုရေး၊ စီးပွားရေးပြဿနာများ ဖြစ်စေတယ်။ အိမ်ထောင်ပြိုကွဲစေတယ်။
သင့်တင်တဲ့ပမာဏရှိတဲ့   အရက်   (ဥပမာ ဝီစကီနှစ်ပက်၊ ဝိုင်တစ်ခွက်)ဟာ ကျန်းမာရေးနဲ့ကိုက်ညီပေးမယ့် အရက်စွဲသွားရင် ကျန်းမာရေးထိခိုက်စေတယ်။ ဟော်မုန်း၊ ကင်ဆာများဖြစ်စေမှု၊  မေ့တတ်လာမှု၊ အသက်ကြီး၊ အရွယ်ရင့်ခြင်း၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာထိဖြစ်စေတယ်။
ခန္ဓာကိုယ်ဆိုးကျိုးများ။ အသည်းရောင်ခြင်း၊ အသည်းအမာရွတ်တင်ခြင်း၊ အသည်း ခြောက်ခြင်း၊ ကျွတ်ဆတ်ခြင်း၊ အသည်းကင်ဆာဖြစ် ပြီး၊ သွေးတိုးရောဂါ၊ လေဖြတ် ရောဂါ၊ နှလုံးကြီးခြင်းနဲ့ နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အစာအိမ်အနာ ရောဂါများဖြစ်ခြင်း၊ ပန်ကရိယရောင် ခြင်း၊ ဦးနှောက်နှင့်အာရုံကြောအားနည်း ခြင်း၊ ခံတွင်းနှင့်လည်ချောင်းကင်ဆာဖြစ် ခြင်း၊ အရက်ဆိပ်တက်ခြင်း၊ ဦးခေါင်း ထိခိုက်မှု များခြင်း၊ အသက်ဆုံးရှုံးခြင်း၊ တက်ခြင်း၊ ပြန်လည်မနိုးသောရောဂါ (Coma) ဖြစ် ခြင်းတို့ဖြစ်စေတယ်။
စိတ်ကျန်းမာရေး။ အရက်စွဲရောဂါမှ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ မှတ်Óဏ် အားနည်းခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ အရက်ကြောင့် စိတ်ရောဂါဖြစ်ခြင်း တို့ဖြစ်နိုင်တယ်။
လူမှုရေးဆိုးကျိုးများ။  အိမ်ထောင်ရေးပြဿနာများ၊ လူမှုရေးပြဿနာများ၊ ငွေရေး ကြေးရေး၊ စီးပွားရေးပြဿနာများ၊ မကြံရွယ်ဘဲ လိင်ဆက်ဆံမိခြင်း၊  ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု နဲ့လုပ်ငန်းခွင် အန္တရာယ်ပိုများစေတယ်။
ဓာတ်စာ။ ဓာတ်စာအနေနဲ့ သစ်သီးနှင့်  ဟင်းသီးဟင်းရွက် များများစားရမယ်။ တရုတ်နံနံ၊ စမုန်နက်၊ အသည်း အတွင်းအဆိပ်အတောက်များ ပျော်ဝင်တဲ့  အမျှင် ဓာတ်ပါတဲ့ အစားအစာများ စားသောက်သင့်တယ်။ မြူစွမ်၊ ဆန်ပြုတ်၊ ကြက်ပေါင်း ရည် စားသင့်တယ်။ နေ့စဉ်ရေရှစ်ခွက်သောက် ရှစ် နာရီ အိပ်သင့်တယ်။ သံလွင်ဆီ၊ နေကြာစေ့ ဆီသုံးရမယ်။ သစ်ကြားစေ့၊ မြေပဲဆားလှော်စားရမယ်။
နေ့စဉ်ဗီတာမင်နှင့်သတ္တုဓာတ်ပါတဲ့ အားဆေးတွေစားရမယ်။   နေ့စဉ် ဗီတာမင်စီ ဘီအုပ်စုဗီတာမင်နဲ့ဆီလီ နီယမ် (၅၀၀) မီလီဂရမ် ဗီတာမင်များ အမိုင်နိုအက်စစ်တို့စားပေးရမယ်။ အရက်ဖြတ်ပါ။
ဆောင်ရန်။  အရက်မသောက်တဲ့ အချိန် ရေများများသောက်ရမယ်။ လေယာဉ်ပေါ် မှာ အရက်မသောက်သင့်ဘူး။ အသက်ဆုံးရှုံးတဲ့ထိ ရေဓာတ်ဆုံးရှုံးနိုင်တယ်။ ကော်ဖီ မတိုက်ရပါ။ အရက်နာကျစဉ် သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ ဒိန်ချဉ်သောက် ပြီး၊ အိပ်ရေး၀၀အိပ်ရမယ်။ ရေ ငါးဖန်ခွက် သောက်သင့်တယ်။ ဟိုမီယိုပက်တီ အသက်ရှူ လေ့ကျင့်ခန်း ကုသနိုင်တယ်။ အန်ခြင်း၊ ကြို့ထိုးခြင်းကအန္တရာယ်ရှိလို့ ဆရာဝန်နဲ့ပြရ မယ်။
အရက်သောက်သူများက အရက်ကိုစမ်းသောက်ရာမှ စွဲလမ်းသွားတယ်။ မစွဲ လမ်းအောင် ဘီယာကအစ ရှောင်သင့်တယ်။ အရက်စွဲသွားရင် ဆရာဝန်နဲ့ စနစ် တကျ ကုသဖို့လိုတယ်။ သူငယ်ချင်းအပေါင်းအသင်း၊ အရက်သမားလောက ကနေ ရှောင်ဖယ်ပြီးနေတတ်ရမယ်။ အရက်ဖြတ်ရန် ခက်ခဲလွန်းပါက ဆေးရုံတက်ဖြတ် သင့်တယ်။ ရွာသာကြီး  စိတ်ကျန်းမာရေးဆေးရုံက ပြန်လည်ထူထောင်ရေးအထိ လုပ်ပေးနိုင်တယ်။ အရက်ကြောင့်  ထင်ယောင်ထင်မှားဖြစ်ကာ အိမ်ထောင်ဖက်ကို သံသယရှိတတ်လွန်းလို့ အရက်သမားများ အိမ်ထောင်ပြိုကွဲတတ်ကြတယ်။ စနစ် တကျ ကုသမှုခံပြီး ပြန်လည်ထူထောင်သွားသင့်ပါတယ်။