Main menu

Background

ဖိလစ်ပိုင်နိုင်ငံတွင် အိတ်ချ်အိုင်ဗွီရောဂါပိုးကူးစက်မှုနှုန်း မြင့်မားလာသဖြင့် စိုးရိမ်ပူပန်မှုမြင့်တက်လာ

Tue, 04/07/2015 - 21:10 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် အိတ်ချ်အိုင်ဗွီရောဂါပိုးကူးစက်မှုနှုန်း ပိုမိုမြင့်မားလာသဖြင့် စိုးရိမ်ပူပန်မှုများပိုမို မြင့်တက်လာကြောင်း UNAIDS ၏အစီရင်ခံစာကို ကိုးကား၍ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အိတ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်မှုနှုန်း  ပိုမိုမြင့်မားလာသည့် နိုင်ငံပေါင်း ကိုးနိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံလည်း ပါဝင်လာကြောင်း၊ဖိလစ်ပိုင်နိုင်ငံသည်အိတ်ချ်အိုင်ဗွီရောဂါပိုးကူးစက်မှုနှုန်းမြင့်မားမှုတွင် ယခင်စစ်တမ်းကောက် ယူခဲ့သည့်နှစ်များကထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်မားလာခဲ့ကြောင်းဖြင့် အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင်တရားဝင်ထုတ် ပြန်သည့်ကိန်းဂဏန်းများအရ ၂၀၀၈ ခုနှစ်က အိတ်ချ်အိုင်ဗွီရောဂါပိုးကူး စက်ခံထားရသူဦးရေမှာ ၂၅၀ သာရှိသော်လည်း ၂၀၁၂ခုနှစ်တွင် ၃၃၃၀အထိတိုးမြင့်လာကြောင်း၊ အဆိုပါအရေ အတွက်များမှာ ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်ဆေးကုသမှုခံယူနေသည့် အရေအတွက်ပင်ဖြစ်ကြောင်း၊ ဆေးကုသမှုခံယူခြင်းမရှိသည့် အိတ်ချ်အိုင်ဗွီရောဂါပိုးကူးစက်ခံထားရသည့် ဝေဒနာသည်များမှာ ယခုအရေအတွက် ထက်ပင် ပိုနေဦးမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အိတ်ချ်အိုင်ဗွီရောဂါပိုးကူးစက်မှုမှာ ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကူးစက် ခြင်း၊ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်ခြင်း၊ သွေးမှတစ်ဆင့်ကူးစက်ခြင်း၊ မွေးခါစကလေးငယ်များအား ကူးစက် ခြင်း စသည့်နည်းလမ်းများဖြင့် ကူးစက်လျက်ရှိကြောင်း သိရသည်။                              

     မယ်သီတာ