Main menu

Background

ဆေးလိပ်၊ အရက်၊ ကွမ်းနှင့်ကျန်းမာရေးကြိုက်နှစ်သက်ရာရွေး

Tue, 04/28/2015 - 20:50 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၅)

ဆေးလိပ်၊ အရက်နှင့် ကွမ်းများကို မြန်မာနိုင်ငံ နေရာအနှံ့ အပြားတွင် ရောင်းချလျက်ရှိပြီး လူအများ သုံးစွဲနေသည်ကို တွေ့ရှိရ ပါသည်။ ရုံးများနှင့် စာသင်ကျောင်းများရှိ လူအများမြင်သာသည့် နေရာများတွင် ဆေးလိပ်ကင်းစင်နယ်မြေ၊ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ၊ ကွမ်းတံတွေးမထွေးရ အစရှိသည့် ဆိုင်းဘုတ်များ ရေးသားထားသော်လည်း ဆင်ခြင်မှုကင်းမဲ့စွာ ဆေးလိပ်နှင့် ကွမ်း များကို သုံးစွဲနေကြပါသည်။ အများစုမှာ ကြိုက်နှစ်သက်၍သုံးစွဲခြင်း၊ အရွယ်ရောက်စ ကျောင်းသားလူငယ် အများစုမှာလည်း  စိတ်ဝင်စား စွာဖြင့်  စမ်းသပ်သုံးစွဲနေခြင်း၊ နယ်မြို့များ၌ အလှူမင်္ဂလာဧည့်ခံပွဲ၊ သာရေးနာရေးပွဲများတွင် ဆေးလိပ်၊ အရက်နှင့် ကွမ်းများဖြင့် ဧည့်ခံ ခြင်းစသည့် အကြောင်းအမျိုးမျိုးဖြင့် သုံးစွဲလျက်ရှိပါသည်။  မသိ နားမလည်သေးသော အရွယ်ရောက်ခါစ ကလေးငယ်များ၊ ကျောင်း သားလူငယ် လူရွယ်များ ဆေးလိပ်၊ ကွမ်းနှင့် အရက်များ စမ်းသပ်သုံးစွဲ နေသည်ကို မြို့၊ ရွာနေရာတိုင်းတွင် ရင်နင့်ဖွယ်ရာ တွေ့မြင်နေရပါ သည်။ အလှူမင်္ဂလာပွဲများတွင် ကွမ်းစား၊ဆေးသောက် ဖိတ်ကြား၍ မိမိတို့ အလှူမင်္ဂလာဧည့်ခံပွဲအတွက် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီး စွာဖြင့် ဆွေးနွေးတိုင်ပင်ကြသည့် ဓလေ့များကို မြင်တွေ့နေရသည်မှာ အမြင်အားဖြင့် ချစ်စရာဓလေ့ဟုထင်မှတ်ရသော်လည်း ဆေးလိပ်၊ အရက်နှင့် ကွမ်းများကို သုံးစွဲခြင်းဖြင့် နောက်ဆက်တွဲ ဖြစ်ပွားတတ် သော အန္တရာယ်များ၊ ပြဿနာများမှာ အလွန်ကြီးမားသောကြောင့် စားသုံးသူများကို များစွာထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ဆေး လိပ်၊ အရက်၊ ကွမ်းတို့၏ ဆိုးကျိုးနှင့် နောက်ဆက်တွဲ ဖြစ်ပွားနိုင်သော ရောဂါအန္တရာယ်များကို စားသုံးသူပြည်သူများသိရှိပြီး ရှောင်ကြဉ် နိုင်စေရန်အတွက် ပညာရှင်များ ရေးသားထားချက်တချို့ကို ထုတ် နုတ်တင်ပြရခြင်းဖြစ်ပါသည်။        
ရှေးဦးစွာ ဆေးလိပ်နှင့် စီးကရက်အကြောင်းကိုဆွေးနွေးရမည် ဆိုပါက ဆေးလိပ်နှင့် စီးကရက်များကို ဆေးရိုး၊ ပြောင်းဖူးဖက်၊ သနပ်ဖက်၊ စက္ကူ၊ ဆေးရွက်ကြီးကို နီကိုတင်းအဆီနှင့်ပေါင်း၍ အခြောက်ခံပြီး ထည့်ထားခြင်းကြောင့် နီကိုတင်းဓာတ် ပါဝင်နေသည့် အတွက် သောက်သုံးသူများကို စွဲလမ်းစေပါသည်။ ဆေးလိပ်ကို စွဲ လမ်းပြီး ရေရှည်သောက်သုံးပါက စီးပွားရေး၊ ကျန်းမာရေး၊ ပတ်ဝန်း ကျင်ထိခိုက်မှုနှင့် နောက်ဆက်တွဲ ရောဂါ အန္တရာယ်များ ဖြစ်ပွားနိုင်ပါ သည်။ ပတ်ဝန်းကျင်ထိခိုက်မှုအနေဖြင့် ဆေးလိပ်ကိုသောက်သုံးပြီး စနစ်တကျ မစွန့်ပစ်ခြင်း၊ ကျောင်းသားလူငယ်များ မိမိ၏ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ရှိ၍ ကြောက်လန့်တကြားနဲ့ စွန့်ပစ်ခြင်းကြောင့် “အမှိုက်ကစ ပြဿဒ်မီးလောင်” ဆောင်ပုဒ်  အတိုင်း မီးလောင်မှု ဖြစ်ပေါ်နိုင်ပြီး ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်များကို ပျက်စီးဆုံးရှုံးစေနိုင်ပါသည်။ အရက်နှင့် ကွမ်းတွင် သုံးစွဲသူများသာ နောက်ဆက်တွဲ ရောဂါအန္တရာယ်များ ရရှိသော် လည်း ဆေးလိပ်တွင် သောက်သုံးသူသာမက ဆေးလိပ်ငွေ့ရှူရှိုက်ရသူ များနှင့် ဆေးလိပ်သောက်သုံးသူများ နေထိုင်သွားလာရာ အဆောက် အအုံ၊ အိပ်ခန်း၊ နေအိမ်များအတွင်းရှိ အဝတ်အထည်၊ အသုံး အဆောင်ပစ္စည်းများတွင် စွဲကျန်ရစ်ခဲ့သော ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်ရသော မိမိနှင့်အတူနေ မိသားစုများတွင်လည်း ဆေးလိပ်နှင့် ဆက်နွယ်သော ရောဂါအန္တရာယ်များ ဖြစ်ပွားနိုင်ပါ သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားများထက် အမျိုးသမီး များ ဆေးလိပ်သောက်သုံးမှု နည်းပါးသော်လည်း ဆေးလိပ်ငွေ့ကို တိုက်ရိုက်ရှူရှိုက်ရသူနှင့် တစ်ဆင့်ခံရှူရှိုက်ရသူများတွင်လည်း ဆေးလိပ်နှင့်ဆက်နွယ်သော ရောဂါများ ဖြစ်ပွားနိုင်သောကြောင့် အမျိုးသားများနှင့် သက်ဆိုင်သော ရောဂါအန္တရာယ်များအပြင် အမျိုးသမီးများနှင့် သက်ဆိုင်သော ရောဂါအန္တရာယ်များလည်း ဖြစ်ပွားသည်ကို လေ့လာတွေ့ရှိရပါသည်။ ဆေးလိပ်မီးခိုးငွေ့များတွင် အဓိကအားဖြင့် အဆုတ်ကင်ဆာဖြစ်စေတတ်သော  ဓါတုပစ္စည်း များနှင့် ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုက်၊ ဘင်ဇင်း၊  အမိုး နီးယားအစရှိသည့် ဓာတ်ပစ္စည်းမျိုးပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး  ၄၅ မျိုးသည် ကင်ဆာရောဂါ ဖြစ်စေနိုင်ပါသည်။ ၎င်းင်းအပြင် အခြား ဖြစ်ပွားတတ်သော ရောဂါအန္တရာယ်များမှာ အဆုတ်ကင်ဆာ အပါ အဝင် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ သွေးတိုးရောဂါ၊ အဆုတ်ပွရင်ကြပ် ရောဂါ၊လေဖြတ်ရောဂါ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သား အိမ်ခေါင်းကင်ဆာ၊ အဆုတ်လေ>ပန်ရောင်ခြင်း၊ လက်နှင့်ခြေထောက် ရှိ သွေးလွှတ်ကြောကြီးများပိတ်၍ ခြေချောင်းလက်ချောင်းများပုပ် ခြင်း၊ ခြေချောင်း လက်ချောင်းများပုပ်၍ ဖြတ်ရပါက လူစဉ်မမီခြင်း၊ အမျိုးသားများနှင့်ဆိုင်သော အခြားရောဂါများအပြင် ကိုယ်ဝန် ဆောင်မိခင်များ သန္ဓေသားပျက်ကျခြင်း၊ လမစေ့ဘဲကလေးမွေးဖွား ခြင်း၊ ပေါင်မပြည့်သည့် ကလေးမွေးဖွားခြင်း၊ မွေးရာပါမှတ်Óဏ်နှင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးကင်းစက လေး ရုတ်တရက်သေဆုံးခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း အစရှိသည့် အမျိုးသမီးများနှင့် ပတ်သက်သောရောဂါများ ဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် စောစီးစွာအိုမင်းရင့်ရော်ခြင်း၊ သွား ဖုံးများ အရောင်ညစ်နွမ်းခြင်း၊ မျက်နှာနှင့်ခန္ဓာကိုယ်တွင် အရေပြား များ ပိုမို တွန့်လာခြင်းများ ဖြစ်သည့်အပြင် ဆေးလိပ်သောက်သူများ တွင် ခံတွင်းအနံ့ဆိုးခြင်းနှင့် သန့်စင်ခန်း အသုံးပြုပြီးပါက အနံ့ အသက်ဆိုးများ ကျန်ရစ်ခြင်းတို့ ဖြစ်ပါသည်။
ဆက်လက်ပြီး အရက်၊ ဘီယာသောက်သုံးခြင်းအကြောင်းကို ဆွေးနွေးရပါက ရောဂါအန္တရာယ်များ ဖြစ်ပွားခြင်း၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေးထိခိုက်ခြင်း၊ မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးမှုများပိုမိုများပြားခြင်း၊ ဆင်ခြင်မှုကင်းမဲ့စွာ ပြုမူခြင်းကြောင့် ရာဇဝတ်မှုများဖြစ်ပေါ်ခြင်း၊ ပတ်ဝန်းကျင်ဆူညံခြင်း နှင့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားပြီး သက်တမ်းစေ့မနေရ ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် သက်တမ်းစေ့မနေရ၍ အရက်ကို ]မအိုဆေး} ဟုသရော်၍ခေါ်ဆိုကြပါသည်။ အရက် တစ်ဂရမ်တွင် အပူစွမ်းအင် ခုနစ်ကယ်လိုရီ ပါရှိပြီး ဖြစ်ပွားတတ်သော ရောဂါများမှာ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ လေဖြတ် ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခံတွင်း နှင့်လည်ချောင်းကင်ဆာဖြစ်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ အရက်ဆိပ် တက်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အတက်ရောဂါများအပြင် စိတ် ကျန်းမာရေးအနေဖြင့် စိတ်ဖိစီးမှုများခြင်း၊ မှတ်Óဏ်အားနည်းခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ဖောက် ပြန်ခြင်း၊ မိမိကိုယ်မိမိသတ်သေရန် ကြိုးစားခြင်းနှင့် သံသယ လွန်ကဲခြင်း တို့ဖြစ်ပါသည်။        
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကွမ်းစားသုံးသူအများဆုံး ဖြစ်ပြီး လူဦးရေသန်း ၃၀ ကျော်သည် ကွမ်းစားသူများ ဖြစ်ပါသည်။ ကွမ်းစားခြင်းကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု များနှင့် နောက်ဆက်တွဲ ရောဂါအန္တရာယ်များ ဖြစ်ပွားနိုင်ပါသည်။ ကွမ်းစားသူများသည် မဆင်မခြင် ကွမ်းတံတွေးထွေးခြင်းကြောင့် မြို့ပြကျက်သရေကို ထိခိုက်စေပြီး ပတ်ဝန်းကျင်ကို ရုပ်ဆိုးအကျည်း တန်စေပါသည်။ ရှေးယခင်က ကွမ်းယာကို ကွမ်းရွက်၊ထုံး၊ ကွမ်းသီး နှင့် ဆေးကိုသာထည့်၍ မိရိုးဖလာအတိုင်း စားသုံးခဲ့ကြသော်လည်း ယနေ့ခေတ် ကွမ်းယာများတွင် ကွမ်းရွက်၊ ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ အုန်းသီး၊ သံပုရာသီး၊ နှပ်ဆေးရည်၊ လေးညှင်း၊ ဖာလာ၊ ဗလရှင်၊ ဂျင် တန်၊ အာမွှေး၊ ဂုံးခါး၊ နိုင်တီးတူး၊ သရီးဖစ်ပတီး၊ ဟန်ဒရက် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ ဆေးအမျိုးမျိုးထည့်၍ စားသုံး ကြပါသည်။ ကွမ်းယာတွင်ထည့်သော ဆေးများမှာ ပြည်တွင်းဖြစ်များနှင့် ပြည်ပမှဝင်ရောက်လာသော ဆေးများဖြစ်ပြီး ဓာတုဆေးများ သုံးစွဲထားသည်ကို တွေ့ရှိရပါ သည်။     
ကွမ်းသီးများကို အဖန်နှင့် အခါးဓါတ်များ လျော့နည်းစေရန် ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် ကန့်ဖြင့်စိမ်ခြင်း၊ ပေါင်းခြင်းများပြုလုပ် ပြီး ရေပြန်ဆေးခြင်း၊ ရေနွေးဖြင့်ဆေးခြင်းများ ပြုလုပ်သော်လည်း ဓာတ်<ကင်းကျန်များပါရှိခြင်း၊ ကွမ်းသီးများ မှိုသတ်ဆေးဖျန်းခြင်း ကြောင့် ဓာတ်<ကင်းကျန်များပါရှိခြင်း၊ကွမ်းသီးကို စနစ်တကျခြောက် သွေ့အောင် ပြုလုပ်ခြင်းမရှိပါက မှိုတက်ပြီး အယ်လ်ဖာတော့ဆင် မှိုဆိပ်ပါရှိခြင်း ၊ ပိုးသတ်ဆေးဖြန်းထားသော ကွမ်းရွက်များကို ဈေးကွက်တွင်ရောင်းချခြင်း၊ သန့်ရှင်းစင်ကြယ်စွာ မဆေးကြောဘဲ စားသုံးခြင်းတို့ကြောင့် ကွမ်းနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွား နိုင်ပါသည်။ ထို့အပြင် ကွမ်းစားနှပ်ဆေးရည်များတွင် သဘာဝမဟုတ် သော အနံ့အသက်များနှင့် အချိုအရသာများ ရောစပ်ထုတ်လုပ်ထား သောကြောင့် ဓါတုဗေဒဒြပ်ပေါင်း အချို့ပါဝင်လျက်ရှိပြီး ၎င်းင်းဒြပ် ပေါင်းစုများသည် လူ့ခန္ဓာကိုယ်အတွင်း ကလီစာအစိတ်အပိုင်းများကို ခြေဖျက်နိုင်သောကြောင့် ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် အစာအိမ်အူလမ်းကြောင်းကင်ဆာများ ဖြစ်ပွားရကြောင်း ကွမ်းစား နှပ်ဆေးရည်ကို ရေရှည်စားသုံးမိခြင်းကြောင့် အစာအိမ်အူလမ်း ကြောင်း ကင်ဆာဖြစ်ပွားပြီး ဆေးကုသမှုခံယူသူများစွာရှိရာ ၃၅ ရာခိုင်နှုန်းသာလျှင် အသက်ရှင်ကျန်းမာပြီး ၆၅ ရာခိုင်နှုန်းမှာ သက် တမ်းစေ့ နေထိုင်ရခြင်းမရှိကြောင်း သုတေသန စာတမ်းများအရ သိရှိရပါသည်။ နှပ်ဆေးရည်ဖော်စပ်ရာတွင် အဓိကမရှိမဖြစ် အခြေခံ ကုန်ကြမ်းမှာ ဆေးရွက်ကြီးဖြစ်ပြီး ၎င်းင်း၏ မူလသဘောသဘာဝမှာ အဆိပ်အတောက်များကို ပြယ်စေနိုင်သော သတ္တိရှိသော်လည်း ဓါတု ဗေဒဒြပ်ပေါင်းများနှင့် ရောစပ်သုံးစွဲခြင်းကြောင့် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်စေခြင်း ဖြစ်ပါသည်။ ကွမ်းစားခြင်းကြောင့် ဖြစ်ပွားတတ်သောရောဂါများမှာ ခံတွင်းကင်ဆာအပါအဝင် အသည်း ရောင်ခြင်း၊ အသည်းအမာရွတ်ထင်ခြင်း၊ အသည်း<ကတ်ဆတ်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အစာအိမ် အနာဖြစ်ခြင်း၊ အစာအိမ်အက် ဆစ် အချဉ်ရည်များစေခြင်း၊ ထုံးဓာတ်မှ ဆီးကျောက်တည်ခြင်းများ ဖြစ်ပွားစေကြောင်း လေ့လာတွေ့ရှိရပါသည်။        
လူအများစုသည် ဆေးလိပ်၊အရက်နှင့် ကွမ်းတို့ကို အတုယူပြီး သုံးစွဲရာမှ တဖြည်းဖြည်းစွဲလမ်းလာပြီး နေ့စဉ် အသုံးမပြုဘဲမနေနိုင် သည် အထိဖြစ်လာပါသည်။ နေ့စဉ်ပုံမှန်သုံးစွဲပါက စီးပွားရေးထိခိုက် ခြင်း၊ ကျန်းမာရေးထိခိုက်လာပါက ဆေးကုသ၍ ငွေကုန်များခြင်း ဆေးကုသခံရသူနှင့် လူနာအားပြုစုရသူတွင် ငွေမရှာနိုင်ဘဲ ဝင်ငွေ လျော့နည်းခြင်း အချိန်ကုန်ခြင်းများဖြစ်သည့် အပြင် မိမိသုံးစွဲသည့် အတွက် သုံးစွဲသူသာမက သုံးစွဲသူ၏မိသားစု လုပ်ဖော်ကိုင်ဖက်များ နှင့် ပတ်ဝန်းကျင်ကိုများစွာ ထိခိုက်နစ်နာစေသည့်အတွက် သုံးစွဲသူ ကိုယ်တိုင် သိရှိပြီး ဆင်ခြင်သင့်ပါသည်။ ဆေးလိပ်၊ အရက်နှင့် ကွမ်း တို့သည် အခြားသော စားသောက်ကုန်ပစ္စည်းများကဲ့သို့ ခန္ဓာကိုယ် အတွက်လို အပ်သော ဗီတာမင်နှင့် သတ္ထုဓာတ်များမပါရှိသော်လည်း လူအများစုမှာ နှစ်သက်စွာ သုံးစွဲကြသည့်အတွက် မလိုလားအပ်သော ရောဂါအန္တရာယ်များသာရရှိခြင်း၊ မိမိ၏ သူငယ်ချင်း၊ အပေါင်း အသင်းများအား ဧည့်ခံပါကလည်း ငွေကုန်များပြီး အကျိုးမရှိခြင်းနှင့် စားသုံးသူများကို ထိခိုက်နစ်နာစေသည့်အတွက် ရှောင်ကြဉ်သင့်ပါ သည်။ထိုကြောင့် ]]ဆေးလိပ်၊ အရက်၊  ကွမ်းနှင့် ကျန်းမာရေး ကြိုက် နှစ်သက်ရာရွေး}} ခေါင်းစဉ်ကလေးမှ မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် အကောင်းဆုံးဖြစ်သည့် ကျန်းမာရေးကိုသာ ရွေးချယ်သင့်ပါသည်။ သို့မှသာ ၎င်းင်းတို့ သုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ဆိုးကျိုးများ၊ ရောဂါအန္တရာယ်များ ကင်းရှင်း၍ သက်တမ်းစေ့နေနိုင်ပြီး မိမိနိုင်ငံ နှင့် မိသားစုအတွက် အကျိုးပြုမည့်သူများ ဖြစ်လာနိုင်ပါသည်။    
                နှင်းနှင်းခိုင် (မုံရွာ)